စားအုန်းဆီ ပြင်ပဈေး ဆက်လက်မြင့်တက်နေပြီး ဝယ်ယူရ ပိုမိုခက်ခဲလာ

  ဩဂုတ်-၁၆-၂၀၂၄ Ms(VOM) စားအုန်းဆီ ပြင်ပဈေး ဆက်လက် မြင့်တက်လာပြီး ဝယ်ယူရခက်ခဲလာသလို ဝက်ဆီနဲ့ ပြန်ကြော်ဆီတွေကိုပါစားဆီဈေးကွက်မှာ အရောင်းအဝယ်လုပ်သူတွေရှိလာနေကြောင်း သိရပါတယ်။ ယခုတပတ် သြဂုတ်၁၂ရက် ကနေ ၁၈ရက်အထိ သတ်မှတ်လိုက်တဲ့ စားအုန်းဆီလက်ကားရည်ညွှန်းဈေး မှာ တပိဿာကို ၅၉၄၅ကျပ် ဖြစ်ပြီး ရည်ညွှန်းဈေးထက် ၂ရာခိုင်နှုန်းခန့်သာပိုတဲ့ တပိဿာကို ၆၀၀၀ကျပ် ဝန်းကျင်ဈေးနဲ့ ရောင်းချခွင့်ပြုတာကြောင့် ဆီကုန်သည်တွေအနေနဲ့ အရောင်းယာယီရပ်နားတာ ၊ အရောင်းပိတ်တာတွေလည်းရှိနေတယ်လို့သိရပါတယ်။ ” တရက်မှ ၅၀သား ရတဲ့ တိုကင်ကတ်နဲ့ဆီတိုးတာက အခုရက်ပိုင်းသိပ်မရတော့ဘူး ။ အရင်က တရက်ခြားတိုးလို့ရတယ်။ ဒီရက်ပိုင်း တန်းစီစနစ်နဲ့ရောင်းပေးတာနည်းလာတယ်”လို့ မြောက်ဒဂုံမြို့နယ်က ဆီတန်းစီသူတယောက်ကပြောပါတယ်။ စားဆီဈေးကွက်မှာ ဈေးတန်းအမြင့်ဆုံး ပဲဆီ နဲ့ ဆီထွက်သီးနှံ နှမ်း ၊ နေကြာဆီတွေက တပိဿာ၂၀၀၀၀ကျပ်နဲ့အထက်ဈေးရှိနေသလို အများစားသုံးမှုများတဲ့ စားအုန်းဆီက ပြီးခဲ့တဲ့ ၃ရက်ခန့်အတွင်း တပိဿာကို ငွေကျပ်…

Read More

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စစ်ရေး ဆက်လက်တင်းမာနေ

  ဩဂုတ် ၁၆၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ နစကတပ်တွေနဲ့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ရေးဆက်လက်တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လမောင် နစက ကာကင်း တပ်စခန်းနဲ့ တောမှော် နစက ကာကင်း တပ်စခန်း ဩဂုတ် ၁၅ ရက်နေ့ သိမ်းခံရပြီး လိုင်ဇာဘက်လည်း လေကြောင်းဗုံးကြဲခံရ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဖားကန့်ဘက်က ရှေ့တန်း ကာကင်း စခန်းကြီး ဖြစ်တဲ့ လမောင် တပ်စခန်းကို မနေ့က မနက် ၉ နာရီ လောက်က KIA နဲ့ ပူးပေါင်း အဖွဲ့တွေ သိမ်းလိုက်ကြပြီလို့ ကြားတယ်။ တောမှော် စခန်းကိုပါ ညနေ ၄ နာရီ လောက်က သိမ်းလိုက်ကြတယ်။”…

Read More

စက်သုံးဆီ အခက်အခဲကြောင့် လူမှုကူညီရေးအသင်းအချို့ အရေးပေါ်လူနာပို့ဆောင်မှုတွေ ရပ်နား

  သြဂုတ် ၁၆ – ၂၀၂၄ KG (VOM) စက်သုံးဆီဝယ်ယူမရလို့ လူမှုကူညီရေးပရဟိတအသင်းများအနေနဲ့ အရေးပေါ်လူနာလမ်းကြောင်းပို့ဆောင်ဖို့ အခက်တွေ့နေရပြီး အချို့သောလူမှုရေးအသင်းတွေအနေနဲ့ ဆီမရှိလို့ ကားတွေကိုရပ်နားထားရတယ်လို့ ရန်ကုန်မြို့ အခြေစိုက်လူမှုကူညီရေးအသင်းများထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေကစလို့ ရန်ကုန်မြို့ အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စက်သုံးဆီပြတ်လပ်ပြီးဝယ်ယူရခက်ခဲတဲ့ကိစ္စရပ်တွေရှိလာသလို စက်သုံးဆီအခက်အခဲကြောင့်ဆီဆိုင်တွေမှာ ဆီရရှိဖို့အတွက်တန်းစီစောင့်ဆိုင်းနေရတဲ့ကားတန်းရှည်ကြီးတွေကိုလည်းနေ့စဥ်တွေ့ မြင်နေရတယ်လို့ ဆိုပါတယ်။ “စက်သုံးဆီကဝယ်မရဘူးပေါ့။အခုဘယ်လိုလေးအခက်အခဲဖြစ်နေလဲဆိုတော့အားလုံးကတန်းစီစနစ်ပဲ၊ဆီဝယ်မရဘူး။လူနာမပါရင်တန်းစီပဲလေသူတို့ကလူနာပါရင်တော့ရောင်းပေးတယ်။လူနာမပါရင်တော့တန်းစီပေါ့။မီးလောင်ပြင်တို့ အရေးပေါ်လမ်းကြောင်းတွေသွားတဲ့အခါမှာဆီမရှိရင်တော့မထွက်ရဘူးပေါ့နော်၊ဒါပဲပေါ့။အပြင်မှောင်ခိုစျေးကွက်တွေမှာလည်းဆီကဝယ်လို့မရပါဘူး” လို့ လူမှုကူညီရေးသမားတယောက်က ပြောပါတယ်။ နစက သတင်းထုတ်ပြန်ရေးဘက်ကတော့ ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေတွေနဲ့ ပြည်ပမှဝင်ရောက်လာမယ့် ဆီတင်သင်္ဘောတွေရဲ့ အခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိဘူးလို့ဆိုထားပြီး စုပြုံတန်းစီဝယ်ယူနေကြတဲ့ အရောင်းဆိုင်တွေအပြင် တန်းစီဝယ်ယူမှုနည်းပါးလျက်ရှိတဲ့ အခြားအရောင်းဆိုင်တွေမှာလည်း သွားရောက်ဝယ်ယူပြီး ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်းအသိပေးနှိုးဆော်ထားပါတယ်။ “တို့အသင်းတွေကဘယ်လိုဖြစ်လဲဆိုတော့ ကားတွေရပ်ထားကြရတာပေါ့။ သက်ဆိုင်ရာကနေလူမှုကူညီရေးပရဟိတအသင်းတွေအတွက်သီးသန့်စက်သုံးဆီစီစဥ်ပေးတာမျိုးတော့မရှိသေးပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ အမြဲတမ်းရုန်းကန်လှုပ်ရှားနေရတာပါ။ဆီမရရင်တော့လမ်းကြောင်းမထွက်ရဘူးပေါ့။ကိုယ့်ဘာသာကိုယ်ပဲအဆင်ပြေသလိုရုန်းကန်ပြီးကူညီရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးနေရပါတယ်”လို့ ရန်ကုန်မြို့ အခြေစိုက်ပရဟိတသမားတဦးက VOM ကို ပြောပါတယ်။ ဒါ့အပြင် ပုံမှန်ကာလများထက်စက်သုံးဆီပိုမိုဝယ်ယူ နေမှုတွေရှိနေတဲ့အတွက် နေပြည်တော် အပါအဝင်…

Read More

ထိန်းချုပ်ထားတဲ့ ရုရှားပိုင်နက်ထဲမှာ ယူကရိန်းက စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးဖွင့်

  ကိဗ်ယက်၊ ဩဂုတ်-၁၆-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းစစ်တပ်ဟာ ရုရှားနိုင်ငံထဲကို အံ့အားသင့်ဖွယ် ဝင်ရောက်တို်ကခိုက်ပြီးနောက် ကာ့ခ်ဒေသမှာ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတခု ဖွင့်လိုက်တယ်လို့ ယူကရိန်းစစ်တပ် ထိပ်တန်းတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီရုံးဟာ ရုရှားနိုင်ငံထဲက ယူကရိန်းထိန်းချုပ်ထားတဲ့ ဒေသတွေမှာ တရားဥပေဒစိုးမိုးဖို့နဲ့ ဒေသခံတွေရဲ့ လက်ငင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယူကရိန်းစစ်တပ် ဗိုလ်ချုပ်ကြီး အိုလက်ခ်ဆန်ဒါဆိုင်စကီးက ပြောပါတယ်။ ဒီအခြေအနေမှာ ဒေသတွင်းရှိ ပြည်သူတွေကိုကာကွယ်ဖို့ တပ်ကူတွေစေလွှတ်ထားကြောင်း ရုရှားစစ်တပ်က ပြောပါတယ်။ ယူကရိန်းကလည်း သူ့ရဲ့ မနေ့ကသူ့ရဲ့ စစ်ဆင်ရေးမှာ တိုးတက်မှုတွေရှိခဲ့တယ်လို့ အခိုင်အမာဆိုပါတယ်။ လက်ရှိချိန်ထိ ရုရှားမြို့ရွာ ၈၂ ခုအပါအဝင် ရုရှားနယ်မြေ ၁၁၅၀ စတုရန်းကီလိုမီတာကို ထိန်းချုပ်ထားကာ ကာ့ခ်ဒေသတွင်း ၃၅ ကီလိုမီတာထိ ချဉ်းနင်းဝင်ရောက်နိုင်ခဲ့ပြီလို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ဒါဟာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှားနိုင်ငံထဲကို ယူကရိန်းတပ်တွေ အနက်ရှိုင်းဆုံး ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုလည်းဖြစ်ပြီး ၁၀…

Read More

နောင်ချိုလမ်းပိုင်းက သကြားစက်ကွင်းလမ်း ဖျက်ဆီးခံရလို့ လားရှိုးကနေ ပြင်ဦးလွင် သွားမယ့်ကားတွေ ဖြတ်မရတော့

  ဩဂုတ် ၁၆၊ ၂၀၂၄ Shy V (VOM) ပြင်ဦးလွင် – နောင်ချိုလမ်းပိုင်းက အင်းဝိုင်း သကြားစက် ကွင်းလမ်း ဒီရက်ပိုင်းမှာ မြေတူး ဖြတ်တောက်ဖျက်ဆီးခံထားရကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ “သကြားစက် လမ်းထိပ်မှာ မြေတူး လိုက်ပြီး သွားလို့ မရတော့ဘူး။ ဟိုတနေ့က တောဘက်က အဖွဲ့တွေ ဖြတ်လိုက်တယ်။ နစကဘက်ကလည်း ဝင်လာတယ်လေ ဟိုနေ့က လည်း။ TNLA တွေ ရှိတဲ့ ဘက် လက်နက်ကြီး နဲ့ လာထုသွားတယ်။ အဲဒါကြောင့် တောဘက်က အဖွဲ့တွေ လမ်းဖြတ်လိုက်တာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လားရှိုးဘက်က နေပြင်ဦးလွင် ဘက် ဆင်းမယ့်ကားတွေ ဖြတ်လို့ မရတော့ဘူးလို့ သူက ပြောပါတယ်။ “လတ်တလော အရေးကြီး ပြင်ဦးလွင်…

Read More
VOM News

FREE
VIEW