ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲရလဒ် အတိုက်အခံတွေ ဆန္ဒပြ

 

ကရာကတ်စ်၊ ဩဂုတ်-၁၈-၂၀၂၄
မျိုးဆက်(VOM)

ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ နီကိုးလပ်မာဒူရိုသာ အနိုင်ရရှိခဲ့တဲ့အပေါ် အတိုက်အခံတွေက စုဝေးဆန္ဒပြခဲ့ကြပါတယ်။

အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒိုဟာ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပြီး မကြောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြည်သူ့အသံ ၊ ပြည်သူ့န္ဒထက် အရေးကြီးတာ ဘာမှမရှိဘူးလို့ ပုန်ကန်သူအဖြစ် စွပ်စွဲခံရတာကြောင့် ပုန်းအောင်းနေခဲ့ရတဲ့ မစ္စတာမာချာဒိုကဆိုပါတယ်။ ဆန္ဒပြသူအများစုကတော့ ရွေးကောက်ပွဲမှာ အတိုက်အခံတွေ အနိုင်ရတယ်ဆိုတဲ့ မဲရလဒ်မှတ်တမ်းတွေကို ကိုင်ဆောင်ဝှေ့ယမ်းနေကြပါတယ်။

သမ္မတ မာဒူရိုအနေနဲ့ အရှုဲံးရလဒ်ကို လက်ခံပြီး အာဏာကို ငြိမ်းချမ်းစွာလွှဲပြောင်းပေးမယ်လို့ မျှော်လင့်တယ်လို့ ဆန္ဒပြ ကျောင်းသားတယောက်က ပြောပါတယ်။ ထောက်ခံသူတွေကလည်း တန်ပြန်ဆန္ဒပြမှုတွေ ပြုလုပ်နေတာကြောင့် ရဲနဲ့ စစ်တပ်ကို ဖြန့်ကြက်ချထားပါတယ်။

သမ္မတရွေးကောက်ပွဲမှာ မာဒူရိုက တတိယမြောက် သမ္မတသက်တမ်းခြောက်နှစ် ထပ်မံအနိုင်ရရှိကြောင်း ဗင်နီဇွဲလားအစိုးရ လွှမ်းမိုးထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ ပြိုင်ဘက်သမ္မတလောင်း အက်မန်ဒိုဂွန်ဇာလက်ဇ်သာ အနိုင်ရရှိခဲ့ကြောင်း အတိုက်အခံတွေက အခိုင်အမာပြောဆိုထားပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ဗင်နီဇွဲလား #မာဒူရို #ရွေးကောက်ပွဲ #အတိုက်အခံ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW