ဒီပဲယင်းနဲ့ အင်းတော်တိုက်ပွဲ ဘာတွေ ဆက်ဖြစ်နေလဲ

 

ဩဂုတ် ၁၈၊ ၂၀၂၄
Shy V (VOM)

စစ်ကိုင်းတိုင်းဒေသကြီးက ဒီပဲယင်းမြို့နယ် တခုလုံးကို သြဂုတ်လ ၁၈ ရက်နေ့က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ပြန်လည် ဆုတ်ခွာထားကာ အင်းတော်ဘက်မှာလည်း တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဒီပဲယင်း ပြန်ဆုတ်ထားရတယ် လို့ သိရတယ်။ သိမ်းဖို့ထက် ထိန်းထားနိုင်ဖို့က ပိုခက်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

နစက ဘက်က အင်အား ထပ်ဖြည့် လာတာတွေ၊ လေကြောင်းကနေ ပစ်ကူပေးနေတာတွေကြောင့် ဆုတ်ခွာထားရတယ်လို့ သိရကြောင်းသူက ပြောပါတယ်။

ဒီပဲယင်းမြို့ကို သြဂုတ် ၁၈ ရက်နေ့မနက်အစောပိုင်း ၁ နာရီခွဲဝန်းကျင်မှာ ကျန်ရှိနေတဲ့ ရွှေစာလီဘုရားကုန်း နဲ့ ဇွဲစားသောက်ဆိုင် ၃ ထပ်တိုက်က နစက တပ်စခန်း တွေကို တိုက်ခိုက်ခဲ့ကြောင်း သိရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

၁၇ ရက်နေ့ မနက်ပိုင်းက မြို့နယ်ရဲစခန်းနဲ့ ထွေအုပ်ရုံးကို သိမ်းလိုက်တဲ့နောက် လေကြောင်းနဲ့ ပစ်ကူ ပေးနေ ပေမယ့် မြို့ကိသိမ်းလိုက်ကြတာလို့ ဆိုပါတယ်။

တိုက်ပွဲ အတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီ ပျူစောထီး၊ Non CDM ဝန်ထမ်း ၄၁ ယောက် နဲ့ မိသားစုဝင် အယောက် ၈၀ အလံဖြူထောင်ကြောင်း သိရတယ်လို့ ဆိုပါတယ်။

နစက တပ်ဖွဲ့ နဲ့ နီးစပ် သူ တယောက်ကတော့ ဒီပဲယင်းကို ခုခံရင်း ဆုတ်ခွာနေရင်း ဖြစ်ပေမယ့် စစ်ကူရောက်လာလို့ မြို့ထဲမှာပဲ တခြမ်းစီ နေရာယူပြီး ချနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ဒီပဲယင်း ရဲစခန်းနဲ့ထွေအုပ် ကျတာမှန်ပါတယ်။ ဒီပဲယင်း တမြို့လုံး မကျသေးပါဘူး။” လို့ သူက ပြောပါတယ်။

ဒီပဲယင်းကို ဩဂုတ် လ ၁၆ ရက်နေ့ကစ တော်လှန်ရေး တပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း တော်လှန် ရေး တပ်ဖွဲ့ တွေ ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း အင်းဝော်ဘက်မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး မန္တလေး – မြစ်ကြီးနား လမ်းကိုပါ ဩဂုတ်လ ၁၆ ရက်နေ့ကစ သွားလာခွင့် ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အင်းတော်မှာ တိုက်ပွဲ ဖြစ်နေတာ ဟုတ်တယ်။ လမ်းတွေလည်း သွားလာခွင့် ပိတ်ထားတယ်။ အင်းဝော် ကွင်းလမ်းလည်း မရတော့ဘူး။ မဲဇာ ကနေ စပိတ်တာ နန့်မကျိုင်း အထိ။ ဖားကန့်ဘက်လည်း သွားလို့ ရတဲ့ လမ်း တွေ အကုန် ပိတ်ထားတယ်။ မနေ့ကလည်း လေယာဉ်တွေ အသေးနဲ့ သုံးခါ၊ အကြီးနဲ့ သုံးခါ ခါ လာကြဲတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။

အင်းတော် ဘက်မှာတော့ လက်ရှိ ဖုန်းလိုင်းတွေ ပြတ်ဝောက်နေပြီး ကားလမ်းတလျှောက် ကုန်တင်ကားတွေ အများအပြားနဲ့ ခရီးသွားကားတွေ တချို့ ပိတ်မိနေပြီး ဆက်သွယ်လို့ အဆက်အသွယ် မရ စိတ်ပူနေရကြောင်း ယာဉ်မောင်း မိသားစု ဝင် တယောက်က ပြောပါတယ်။

ဒေသခံတွေ အကုန်လုံး နီးပါး ရှောင်ထားပြီ ဖြစ်ပြီး ဖုန်းလိုင်းတွေ ပြတ်တောက်တနတာကြောင့် လေယာဉ်ဗုံးတွေ ဘယ်နေရာတွေကျတယ် ဆိုတာနဲ့ လူ အထိအခိုက် အပျက်အစီးတွေ ကိုတော့ ဘာမှ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒါအပြင် ဒီနေ့မှာပဲ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းက နစကရဲ့ တန်းမြှင့် လေ့ကျင့်ရေးကျောင်း အမှတ် ၁၃ ကို MDY PDF/TNLA ပူးပေါင်း တပ်ဖွဲ့က သိမ်းပိုက်ထားကြောင်းလည်း သတင်းထွက်ပေါ်နေနေပေမယ့် VOM အနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။

ဒီပဲယင်းမြို့ကို မသိမ်းနိုင်ခင် အခုနှစ်ဆန်း လောက်ကတည်းက မြို့ရဲ့ တချို့အပိုင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက နေရာယူ ထိန်းချုပ်ထားတာ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Photo Crd#

#voiceofmyanmar #VOM #ဒီပဲယင်းမြို့သိမ်း #အင်းတော် #တိုက်ပွဲပြင်းထန် #သပိတ်ကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW