စေတုတ္တရာက ရပ်ကျေးအုပ်ချုပ်ရေးမှူး အသတ်ခံရပြီး သမီးနှစ်ယောက် ဖမ်းဆီးခံရ

ဩဂုတ် ၂၆ – ၂၀၂၄GG (VOM)မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ထဲက သက်လယ်ကျေးရွာ အုပ်ချုပ်ရေးမှူး သူရဲ့နေအိမ်မှာ အသတ်ခံခဲ့ရတဲ့အပြင် သမီးဖြစ်သူနှစ်ယောက်ကိုပါ လက်နက်ကိုင်တွေကဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဖြစ်စဥ်က ဩဂုတ်လ ၂၅ ရက်နေ့ ၊ ညပိုင်း ၈ နာရီခွဲလောက်မှာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းရွှေကို သူရဲ့ နေအိမ်မှာပဲ လာရောက်ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်တယ်လို့သိရပါတယ်။” သက်လယ်ရွာဆိုတာက စေတုတ္တရာနဲ့ ပဒါန်းလမ်းပေါ်မှာရှိတာ။အုပ်ကြီးသတ်ပြီး သမီးတွေဖမ်းသွားတယ်ဆိုတာ ခုမနက်မှသိရတာ။စစ်ဆေးတာတွေတော့ရှိနေတယ်။အုပ်ကြီးမှာတော့ကျည် ငါးချက်ထိတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။လက်ရှိမှာ အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ကိုတော့ စေတုတ္တရာ အစိုးရဆေးရုံကိုပို့ဆောင်ထားပြီး ဖမ်းခံလိုက်ရတဲ့ သမီးနှစ်ယောက် သတင်းအချက်အလက်လည်း မရသေးဘူးလိူ့သိရပါတယ်။စေတုတ္တရာမြို့နယ်ထဲကကျေးရွာတွေမှာ ပစ်ခတ်မှုတွေရှိနေပြီး စစ်ရှောင်နေရသူတွေလည်းရှိနေပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း မကွေးတိုင်း ချောက်မြို့နယ် ၊လေးပင်ကုန်းရွာ အုပ်ချုပ်ရေးမှူးရဲ့ အဖေဖြစ်သူ ဦးသန့်ရှင်းလည်း အသတ်ခံခဲ့ရပါတယ်။ဩဂုတ်လ ၂၀ ရက်နေ့ကလည်း မကွေးတိုင်း ၊အောင်လံမြို့နယ်က အင်တောသာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်လှကြည်ဆိုသူသေနတ်နဲ့ပစ်သတ်ခံခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။Photo:CJ

Read More

သပိတ်ကျင်းမြို့ကို ဒေသတွင်းလက်နက်ကိုင်တပ်တွေ ထိန်းချုပ်

ဩဂုတ် ၂၆ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို မနေ့ ဩဂုတ် ၂၅ ရက်နေ့မှာ ဒေသခံ လက်နက်ကိုင်တပ်တွေ တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပြီး တိုက်ပွဲအတွင်း စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံနဲ့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ လက်ရှိမှာ တိုက်ပွဲတွေကြောင့် သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာအများအပြားမှ ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို အဲဒီ မြို့နယ်အတွင်းမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေက စစ်ရှောင်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “အဓိက က ဆန်လိုအပ်တာပါ။ စစ်ရှောင်တွေက များလာတော့ ဆန်က အတော်လေးကို မလောက်မငှ ဖြစ်နေပြီ။ အရေးပေါ်အခြေအနေနဲ့ လိုအပ်တာကတော့ ဆန်၊ စားနပ်ရိက္ခာပေါ့။ ဆေးဝါးတွေလည်း လိုအပ်တယ်။ ဒီဘက်ကလူတွေက စစ်ရှောင်တယ်ဆိုတာကို အတွေ့အကြုံလည်း မရှိကြသေးတော့ အတော်လေးကို…

Read More

နောင်ချိုဘက်တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး သီပေါမှာ လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးမှုတွေရှိ

ဩဂုတ် ၂၆၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်း အနီးဘက်လက်ရှိထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ “မနေ့က သြဂုတ်လ ၂၅ ရက်ေန့ မနက်ထိ လက်နက်ကြီး တွေဝုန်း၊ ဒိုင်းပါပဲ။ လက်နက်သံတွေ ကြားနေရတယ်။ တောင်ရှည်ရွာ အောက်ဖက် နားရှိုးရွာဘက်မှာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် လ ၂၁ ရက်နေ့ကစ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ အထိ နေ့တိုင်း တိုက်ပွဲ ဖြစ်နေပြီး တိုက်ပွဲနဲ့ နီးတဲ့ ဒေသခံတွေက ဘေးလွတ်ကာ ရှောင်တိမ်းကြရပြီး အရင်နေ့ကလည်း နားရှိုး ရွာမှာ လက်နက်ကြီး ကျရောက်ထိမှန်လို့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားတာ ရှိတယ်လို့ သူကပြောပါတယ်။ သီပေါမြို့မှာလည်း…

Read More

အသေခံဒရုန်း အမျိုးအစားသစ်တွေ မြောက်ကိုရီးယား စမ်းသပ်

ပြုံးယမ်း၊ ဩဂုတ်-၂၆-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အသေခံမောင်းသူမဲ့ ဒရုန်းတွေရဲ့ စွမ်းဆောင်ရည် စမ်းသပ်မှုကို ကြီးကြပ်စစ်ဆေး ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ အသေခံဒရုန်းတွေဟာ တင့်ကားအပါအဝင် အခြားပစ်မှတ်တွေကို တိကျစွာ ပစ်ခတ်ဖျက်ဆီးနို်ငခဲ့ပြီး မောင်းသူမဲ့ယာဉ်တွေအတွက် ဉာဏ်ရည်တုနည်းပညာတွေ တီထွင်ကြဖို့ကိုလည်း မြောက်ကိုရီးယား သုတေသီများကို ကင်ဂျုံအန်က တိုက်တွန်းခဲ့ပါတယ်။ ကင်ဂျုံအန်သည် မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီရဲ့ ဒရုန်းအင်စတီကျုကို သွားရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အသေခံဒရုန်းတွေဟာ မတူညီတဲ့ ကြိုတင်သတ်မှတ်လမ်းကြောင်းတွေတလျှောက်ပျံသန်းပစ်ခတ်ခဲ့ကာ စမ်းသပ်မှုအောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ ရေအောက် အသေခံဒရုန်းတွေ၊ ဗျူဟာမြောက်ထောက်လှမ်းခြင်းနဲ့ ဘက်စုံသုံးတိုက်ခိုက်ရေး ဒရုန်းတွေ၊ အသေခံဒရုန်းတွေကို နည်းဗျူဟာမြောက်တပ်ရင်းတွေနဲ့ အထူးစစ်ဆင်ရေးတွေမှာ အသုံးပြုရေးအတွက် ပိုမိုထုတ်လုပ်ကြဖို့ ကင်ဂျုံအန်က ညွှန်ကြားခဲ့ပါတယ်။ ခဲယမ်းမီးကျောက်တွေ တပါတည်းပါဝင်တဲ့ အသေခံဒရုန်းတွေကို ယူကရိန်းမှာတင်မက အရှေ့အလယ်ပိုင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကတော့ ဒရုန်းအမျိုးအစား လေးမျိုးထက်မနည်း ထုတ်ဖော်ပြထားပြီး တချို့ဒရုန်းတွေကတော့ ပန်ကာနဲ့…

Read More

ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၂၀ သေပြီး ငါးသန်းကျော် ရေဘေးသင့်

ဒါကာ၊ ဩဂုတ်-၂၆-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုးနဲ့ မြစ်ရေကြီးမြင့်တို့မှုကြောင့် ရေကြီးရေလျှံမှုတွေတွေကြောင့် လူ ၂၀ သေဆုံးပြီး ၅ ဒသမ ၂ သန်းကျော် ရေဘေးသင့်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ရေဘေးကြောင့် ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားရပြီး စားနပ်ရိက္ခာ၊ ရေသန့် ၊ ဆေးဝါးနဲ့ အဝတ်အစားတွေ အပါအဝင် အရေးပေါ်အကူညီတွေ လိုအပ်နေပြီး အထူးသဖြင့် ခရိုင်အများအပြားမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကူညီကယ်ဆယ်ရေးတွေ အခက်အခဲဖြစ်နေပါတယ်။ ရေဘေး ကူညီကယ်ဆယ်ရေးအတွက် အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပုံမှန်အခြေအနေ လျင်မြန်စွာရောက်ရှိရေးအတွက် အစိုးရအနေနဲ့ လိုအပ်တဲ့အစီအမံတွေအားလုံးကို ချမှတ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအကြီးအကဲ ယူနွတ်က ပြောပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံက ရေလှောင်တမံတွေ ဖွင့်ချလိုက်တာကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ရတာလို့ ဘင်္ဂလာဒေ့ရှ်ပြည်သူတွေက စွပ်စွဲထားပေမယ့် အိန္ဒိယဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။ အနာဂတ်ရေကြီးရေလျှံ…

Read More

This Day In History

Voice of Myanmarအမေရိကန်တွင် အမျိုးသမီးများအား မဲပေးခွင့်ပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉ ကြိမ်မြောက်ပြင်ဆင်ချက်ကို ၁၉၂၀ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် အခြေခံဥပဒေ၏ အစိတ်အပိုင်းအဖြစ် ထည့်သွင်းခဲ့သည်။

Read More

အရေးယူပေမယ့် ပြည်တွင်းမှာဆက်ရှိနေတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှုများ

သြဂုတ် ၂၆ – ၂၀၂၄ KG(VOM) လူမှုကွန်ရက်ကိုကျယ်ပြန့်စွာ အသုံးပြုပြီးအကောင့်တုများစွာဖြင့် ငွေကြေးလိမ်လည်ရယူကြတဲ့ အွန်လိုင်းငွေလိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ ပြည်တွင်းမှာ များစွာကျန်ရှိနေသေးပြီး ပုံစံမျိုးစုံနဲ့ လိမ်လည်မှုတွေ ဆက်ရှိနေတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ပြောပါတယ်။ အွန်လိုင်းငွေလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းလုပ်ဆောင်သူတွေဟာ နည်းလမ်းပေါင်းစုံဖြင့် လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့ဘွတ်စ်၊တယ်လီဂရမ်၊Viber နဲ့ WhatsApp တွေကိုအသုံးပြုပြီး တဖက်လူကိုယုံကြည်အောင် ပြောဆိုမက်လုံးပေးကာငွေကြေးတွေကိုလိမ်လည်ရယူနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ “သူတို့ကအကောင့်မျိုးစုံနဲ့လာအပ်ကြတာ၊အ ကောင့်တွေကိုပြုလုပ်ထားတဲ့ပုံစံကလည်း အတု၊အစစ်ခွဲဖို့ခက်ပါတယ်။သူတို့ကဖေ့ဘွတ်စ်အသုံးပြုနေတဲ့သူတွေကို အဓိကပစ်မှတ်ထားတယ်၊အကောင့်လိုက်အပ်တယ်။ပြီးရင်သူတို့က Messenger ကိုအသုံးပြုပြီးစာအရင်ပို့လာတယ်။Hi,မင်္ဂလာပါပေါ့၊ပြီးတော့ သူတို့ဘယ်သူပါ၊ဘယ်မှာနေတာပါဆိုပြီးမိတ်ဆက်တယ်၊တဖက်လူရဲ့ယုံကြည်မှုနဲ့ရင်းနှီးမှုရအောင်အရင်လုပ်ပြီးမှတဖက်လူကသူတို့စည်းဝိုင်းထဲရောက်ပြီ၊ပိုင်ပြီဆိုတော့မှ သူတို့ရဲ့လုပ်ငန်းစဥ်ကိုစတော့တာပါပဲ။ စလိမ်တော့တာပေါ့၊ကျွန်တော်တုန်းကဆိုစတော့ရှယ်ယာကစားဖို့ စပြီးဆွယ်တယ်။ ဘယ်လိုကစားရမလဲဆိုတာကိုလည်းသူတို့ကပြောပြတယ်၊ သင်ပေးတယ်။အစပိုင်းမှာတော့အမြတ်အစွန်းတွေကိုသူတို့ကပေးတယ်၊လွဲပေးနေတယ်။နောက်ပိုင်းငွေကြေးအရင်းအနှီးတွေများများထည့်ပြီးကစားဖို့ပြောတဲ့အခါမှာကျွန်တော်ကလည်းသူတို့ကိုမသင်္ကာလို့ငါဆက်မကစားတော့ဘူးဆိုပြီးရပ်လိုက်တာပါ။ဒါတောင်ကျွန်တော်ငွေနှစ်သိန်းလောက်သူတို့ဆီပါသွားပါတယ်”လို့ လိမ်လည်ခံလိုက်ရသူ ရန်ကုန်သားတယောက်က ပြောပါတယ်။ ကျားဖြန့်ဆိုတဲ့ ငွေကြေးလိမ်လည်ရယူသူတွေဟာ များသောအားဖြင့် မိန်းကလေးငယ်ငယ်ချောချော တွေအဖြစ် လူမှုကွန်ရက်များပေါ်မှာ ဟန်ဆောင်ထားကြပြီး လူတန်းစားအလွှာမရွေးပစ်မှတ်ထားလိမ်လည်ကြတယ်လို့ ဆိုပါတယ်။ ဒါအပြင် သူတို့ရဲ့ ကျားဖြန့်ဂိုဏ်းတွေအတွက်အလုပ်နေရာအတွက် လူရှာဖွေရာမှာလည်း လစာများစွာပေး အပ်မယ်လို့ မက်လုံးပေးကာရှာဖွေကြတယ်လို့ ကျားဖြန့်လုပ်ငန်းတွေမှာအလုပ်လျှောက်ထားဘူးသူတယောက်က…

Read More
VOM News

FREE
VIEW