အသေခံဒရုန်း အမျိုးအစားသစ်တွေ မြောက်ကိုရီးယား စမ်းသပ်

ပြုံးယမ်း၊ ဩဂုတ်-၂၆-၂၀၂၄
မျိုးဆက်(VOM)
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အသေခံမောင်းသူမဲ့ ဒရုန်းတွေရဲ့ စွမ်းဆောင်ရည် စမ်းသပ်မှုကို ကြီးကြပ်စစ်ဆေး ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။
အသေခံဒရုန်းတွေဟာ တင့်ကားအပါအဝင် အခြားပစ်မှတ်တွေကို တိကျစွာ ပစ်ခတ်ဖျက်ဆီးနို်ငခဲ့ပြီး မောင်းသူမဲ့ယာဉ်တွေအတွက် ဉာဏ်ရည်တုနည်းပညာတွေ တီထွင်ကြဖို့ကိုလည်း မြောက်ကိုရီးယား သုတေသီများကို ကင်ဂျုံအန်က တိုက်တွန်းခဲ့ပါတယ်။
ကင်ဂျုံအန်သည် မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီရဲ့ ဒရုန်းအင်စတီကျုကို သွားရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အသေခံဒရုန်းတွေဟာ မတူညီတဲ့ ကြိုတင်သတ်မှတ်လမ်းကြောင်းတွေတလျှောက်ပျံသန်းပစ်ခတ်ခဲ့ကာ စမ်းသပ်မှုအောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
ရေအောက် အသေခံဒရုန်းတွေ၊ ဗျူဟာမြောက်ထောက်လှမ်းခြင်းနဲ့ ဘက်စုံသုံးတိုက်ခိုက်ရေး ဒရုန်းတွေ၊ အသေခံဒရုန်းတွေကို နည်းဗျူဟာမြောက်တပ်ရင်းတွေနဲ့ အထူးစစ်ဆင်ရေးတွေမှာ အသုံးပြုရေးအတွက် ပိုမိုထုတ်လုပ်ကြဖို့ ကင်ဂျုံအန်က ညွှန်ကြားခဲ့ပါတယ်။
ခဲယမ်းမီးကျောက်တွေ တပါတည်းပါဝင်တဲ့ အသေခံဒရုန်းတွေကို ယူကရိန်းမှာတင်မက အရှေ့အလယ်ပိုင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကတော့ ဒရုန်းအမျိုးအစား လေးမျိုးထက်မနည်း ထုတ်ဖော်ပြထားပြီး တချို့ဒရုန်းတွေကတော့ ပန်ကာနဲ့ မပျံသန်းခင် ဒုံးပျံအင်ဂျင်အငယ်စားအကူအညီနဲ့ လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။
Ref:CNA
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW