ဘဏ်ချေးငွေ ယူသူတွေနဲ့ အရစ်ကျ ပစ္စည်းဝယ်ထားသူတွေ ထပ်ဆောင်းအတိုးပေးရမယ့်အပေါ် ဝေဖန်နေ

သြဂုတ် ၂၉ ၊၂၀၂၄Ms(VOM)ဗဟိုဘဏ်က လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး ဘဏ်တွေရဲ့အတိုးနှုန်းကို တိုးမြှင့်လိုက်ဖို့ ကြေညာထားတဲ့အတွက် ဘဏ်ချေးငွေ ယူထားသူတွေ၊ ဘဏ်အရစ်ကျစနစ်နဲ့ပစ္စည်း ဝယ်ယူထားသူတွေ အနေနဲ့ ထပ်ဆောင်းအတိုး ပိုမိုပေးရမှာဖြစ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ဘဏ်အပ်ငွေ ၊ ချေးငွေ အတိုးနှုန်းတွေ အပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယခင်အတိုးနှုန်း ၇ ရာခိုင်နှုန်းအစား ၉ရ ရာခိုင်နှုန်း ကနေ ၁၅ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်လိုက်တာကိုသြဂုတ်လ ၁၄. ရက်က ကြေညာခဲ့ကာ စက်တင်ဘာ ၁ ရက်မှာ ပြောင်းလဲလိုက်တဲ့ အတိုးနှုန်း အတိုင်းကောက်ခံမယ်လို့အသိပေးထားပါတယ်။ဘဏ်ချေးငွေ နဲ့ အရစ်ကျချေးငွေတွေနဲ့ပတ်သက်ပြီးထပ်တိုးနှုန်းဟာ လာမယ့်စက်တင်ဘာလက စကာ ယခင်အတိုးထက်၂ရာခိုင်နှုန်း တိုးထပ်တိုးပေးဆောင်ရမယ့်အပေါ် ဒီဝန်ဆောင်မှု ရယူထားသူတွေအတွက် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။” အရစ်ကျနဲ့ကားဝယ်ထားတာ လေးနှစ်ကို တလမှာ သုံးသိန်းကျော်နဲ့သွင်းနေတာ ၁၀ လလောက်ပဲ ကျန်တော့ကာမှ အခုအတိုးထပ်တက်လို့…

Read More

အိန္ဒိယရေဘေး သုံးရက်အတွင်း ၂၈ ယောက်သေပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်မှာလည်း ရေကြီးနေ

ဒေလီ၊ ဩဂုတ်-၂၉-၂၀၂၄ ရတီ(VOM) အိန္ဒိယနို်ငငံ ဂူဂျာရက်ပြည်နယ်မှာ မုတ်သုံမိုးရွားသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သုံးရက်အတွင်း လူ ၂၈ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ သေဆုံးသူတွေဟာ ရေနစ်တာနဲ့ သစ်ပင်ပိတာမျိုးတွေကြောင့် အများဆုံး သေဆုံးခဲ့တာပါ။ နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းပြည်နယ်မှာ ဒီနေ့လည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မြစ်ချောင်းတွေရေလျှံလာလို့ လူသုံးသောင်းကျော်လည်း ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသတွင်း သတင်းဌာနအချို့ကတော့ သေဆုံးသူ ၃၅ ယောက်ထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ရေဘေးအတွင်း ပိတ်မိနေသူ ၁၈၅၆ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စစ်တပ်ကို ဖြန့်ကြက်ထားပါတယ်။ ဗာဒိုဒါရာမြို့ဟာ ရေဘေးဒဏ်အဆိုးရွားဆုံးခံရတဲ့ မြို့ဖြစ်ပါတယ်။ ရေးဘေးကြောင့် ကျေးရွာပေါင်း ၁၀၀၀ ကျော်မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်မှာလည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ရေကြီးပြီး မြေပြိုမှုတွေကြောင့်…

Read More

ညောင်လေးပင်ခရိုင်အတွင်း ရေကြီးမှုကြောင့် လယ်ဧက ခြောက်သောင်းကျော် ရေနစ်မြုပ်နေ

ဩဂုတ် ၂၉ – ၂၀၂၄ SS (VOM) ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ရေကြီးမှုကြောင့် လယ်ဧက ခြောက်သောင်းကျော် ရေနစ်မြုပ်နေတယ်လို့ ဒေသခံ ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ အခု ၂၀၂၄ ခုနှစ်၊ ဇူလိုင် – ဩဂုတ်လ အကူးအပြောင်း ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရေချိန်များပြားကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာမှာ ညောင်လေးပင်ခရိုင်လည်း ပါဝင်ခဲ့ပြီး လက်ရှိအချိန်အထိ တချို့သောနေရာတွေမှာ ရေပြန်လည်ကျဆင်းမှု မရှိသေးဘူးလို့ သိရပါတယ်။ “ဒီမှာက ရေဘေးကို ရက်ရှည်ရင်ဆိုင်နေရတဲ့ ပုံစံမျိုးဖြစ်နေတာ။ ဒီ ညောင်လေးပင်ခရိုင်မှာက ဒေသခံအများစုက လယ်ယာ စိုက်ပျိုးရေး လုပ်တဲ့သူတွေများတယ်။ စာရင်းတွေအရ ‌လယ်ဧက ပိုင်ဆိုင်တဲ့သူက ရှစ်ထောင်ကျော်ရှိတယ်။ သူတို့ရဲ့ လယ်ဧက က စုစုပေါင်းက ခြောက်သောင်း တထောင့်ခုနစ်ရာဝန်းကျင် ရှိတယ်။ အဲဒီ လယ်တွေအကုန်လုံး ရေမြုပ်ကုန်တာ” လို့ ကူညီပေးနေသူတွေက…

Read More

နိုင်ငံကူးလက်မှတ် လျှောက်ထားကြေး တိုးမြှင့်မယ်လို့ ကြေညာ

သြဂုတ်၂၉ ၊ ၂၀၂၄ Ms(VOM) လာမယ့် စက်တင်ဘာလ ၁ ရက်ကစလို့ နိုင်ငံကူးလက်မှတ် စာအုပ်လျှောက်ထားကြေး တိုးမြှင့်မယ်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး က ယနေ့ သြဂုတ်လ၂၉ရက် မှာ စတင်ကြေညာလာပါတယ်။ နိုင်ငံကူးလက်မှတ် (Passport)လျှောက်ထားကြေးများကို မူလက စာအုပ်ဖိုးငွေ ၃၅၀၀၀ကျပ် ကောက်ခံနေရာကနေစက်တင်ဘာ လ ၁ရက် ကစလို့ ငွေကျပ် ၅၀၀၀ နှုန်းထပ်မံတိုးမြှင့်ကာ ငွေကျပ်၄၀၀၀၀နှုန်း ကို စာအုပ်ဖိုးပြောင်းလဲကောက်ခံမယ်လို့ဆိုပါတယ်။ လက်ရှိထုတ်ပြန် လိုက်တဲ့နိုင်ငံကူးလက်မှတ် (Passport) စာအုပ်ကြေးတိုးမြှင့်ကောက်ခံမှုဟာ ပထမဆုံး စာအုပ်လုပ်မယ့် သူသာမာန်နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအတွက် နှုန်းထားဖြစ်ပြီး လက်မှတ်ပျောက်ဆုံး ပျက်စီးမှုတွေအတွက် လျှောက်ထားသူတွေအတွက်ကတော့ စက်တင်ဘာ ၁ရက်မှာ အသစ်ပြင်ဆင်လိုက်တဲ့ စာအုပ်ဖိုးငွေ ၄၀၀၀၀ကျပ်နဲ့ ပျောက်ဆုံးပျက်စီးမှု အတွက်ဒဏ်ကြေးငွေ ၆၅၀၀၀ကျပ် စုစုပေါင်း ငွေကျပ် ၁၀၅၀၀၀ကျပ် ကျသင့်မယ်လို့သိရပါတယ်။ ” ပတ်စ်ပို့ ကြေးတိုးလိုက်တာက ဘာလို့လဲဆိုတာတော့…

Read More

ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင် လာမယ့်သီတင်းပတ်မှာ ထိပ်သီးဆွေးနွေးဖို့ရှိ

ဝါရှင်တန် ၊ ဩဂုတ်-၂၉-၂၀၂၄မျိုးဆက်(VOM)အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့ဟာ လာမယ့်သီတင်းပတ်မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက အတည်ပြု ပြောဆိုပါတယ်။အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တို့က ပေကျင်းမှာ ဆွေးနွေးပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးမယ့် အစီအစဉ်ကို အိမ်ဖြူတော်က ထုတ်ပြန်လာတာပါ။ဒါဟာ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့အကြား ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် ဆွေးနွေးဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား ပွင့်လင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းဖို့ ဆက်လက်ကြိုးပမ်းအားထုတ်မှုတွေကို ကြိုဆိုတယ်လို့ ဂျိတ်ဆူလီဗန်နဲ့ ဝမ်ယီတို့က ဆွေးနွေးပွဲတွေအပြီးမှာ ပူးတွဲထုတ်ပြန်ထားပါတယ်။နှစ်နိုင်ငံ စစ်တပ်အကြား ထိပ်တန်းပဂ္ဂိုဟ်တွေ အပြန်အလှန်ဆွေးနွေးမှုတွေ အပါအဝင် ပုံမှန်စစ်ဘက်ဆက်ဆံရေး ထားရှိရန်ကိုလည်း သဘောတူခဲ့ကြပါတယ်။ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ အရေးကြီးကြောင်း ဂျိတ်ဆူလီဗန်က ဝမ်ယီကို ပြောဆိုခဲ့ပါတယ်။ဒါအပြင် တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေအပေါ်…

Read More

ရန်ကုန်မှာ စားအုန်းဆီ ထုတ်ယူခွင့်စာအုပ်တွေကို လာမယ့်လဆန်းပိုင်းမှ စတင်ထုတ်ပေးသွားဖို့ရှိနေ

သြဂုတ် ၂၉ – ၂၀၂၄ KG(VOM) စားအုန်းဆီထုတ်ယူခွင့်စာအုပ်တွေကို လာမယ့်စက်တင်ဘာလဆန်းပိုင်းမှ စတင်ထုတ်ပေးသွားဖို့ရှိနေတယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူများထံမှ သိရပါတယ်။ “အခုကသင်္ဃန်းကျွန်းမြို့နယ်ရယ် မြောက်ဒဂုံမြို့နယ်ပေါ့၊စာအုပ်ကအခုတော့မရသေးဘူး၊မြောက်ဒဂုံမြို့နယ်အတွက်လကုန်ရင်ရပြီလို့ကြားတယ်။မြို့နယ်/ရပ်ကွက်အချို့မှာတော့ စပြီးထုတ်ပေးနေပြီလို့ သိရတယ်။ ဆီစာအုပ်ကအိမ်ထောင်စုသန်းခေါင်စာရင်းရှိတဲ့သူကိုတစ်အုပ်ရမယ်။ ဧည့်စာရင်းရှိတဲ့သူကိုတအုပ်အဲဒီလိုလုပ်ပေးမှာပါ။ ပေးဖို့အစီအစဥ်ကတော့အခုအထိဘာမှအသေးစိတ်မသိရသေးဘူး။မြန်မာနိုင်ငံဆီကုန်သည်များအသင်းကဒေသဆိုင်ရာမြို့နယ်ကိုယ်စားလှယ်တွေရှိတယ်လေ။ အဲဒီ ဒီမြို့နယ်ကကိုယ်စားလှယ်တွေနဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်သွားဖို့ရှိပါတယ်”လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ယခုထုတ်ဝေပေးမယ့် ဆီစာအုပ်မှာပါရှိတဲ့ စည်းကမ်းချက်တွေကတော့ ဆီစာအုပ်တွေကိုတဆင့်ရောင်းချခြင်း၊ပေါင်နှံခြင်းတွေကို(လုံးဝ)မပြုလုပ်ရဘဲ အိမ်ထောင်စုတစုလျှင်ဆီစာအုပ်တစ်အုပ်သာပိုင်ဆိုင်ခွင့်ရှိပြီး ဆီထုတ်ယူရန်သတ်မှတ်ထားသောရက်အတိုင်းထုတ်ယူဖို့နဲ့ပျက်စီးပျောက်ဆုံးပါကရပ်ကွက်အုပ်ချုပ်ရေးမှူးထံချက်ချင်းအကြောင်းကြားရမည်ဖြစ်ကာ အသက် (၁၀)နှစ်အောက်ကလေးငယ်များကိုတော့ လာရောက် ဝယ်ယူခွင့်မပြုဘူးလို့ ဖော်ပြထားပါတယ်။ “အပြင်စျေးကွက်မှာစားဆီတပိဿာကို ၂၃၀၀၀ လောက်အထိစျေးပေါက်ပါတယ်။မနေ့က ကျွန်တော်ကိုယ်တိုင် ၅၀ သားသွားဝယ်တာနှစ်သောင်းစျေး၀ယ်ခဲ့ ရပါတယ်။အဲဒါတောင်လျှို့ ဝှက်ပြီးရောင်းတာ ရင်းနှီးခင်မင်မှရောင်းပေးတာပါ။အခုကဘယ်လိုဖြစ်လဲဆို တော့ဆီခွဲတမ်းရကိုယ်စားလှယ်ကြီးတွေကလည်း စားအုန်းဆီကိုအနည်းငယ်သာ အရောင်းပြတယ်။ အပြင်ကိုမှောင်ခိုလမ်းကြောင်းနဲ့ထုတ်တယ်။ အဓိကလုပ်ရမှာကအရင်လိုစျေးကွက်အတွင်းမှာပေါများစွာဝယ်ယူရရှိနိုင်အောင်လုပ်ပေးရမှာပါ”လို့ ပြည်သူတယောက်က သူရဲ့အမြင်ကို ပြောပြပါတယ်။ ဒါအပြင် စာအုပ်ပိုင်ရှင်မှ ဆီထုတ်ယူဖို့ မအားပါက ကိုယ်စားလှယ်လွဲစာနဲ့ ထုတ်ယူနိုင်သလို စာအုပ်ကုန်တဲ့ အခါအသစ်ထပ်မံထုတ်ပေးမှာဖြစ်ပြီး ရပ်ကွက်ပြောင်းရွှေ့ပါက…

Read More

တယ်လီဂရမ်စီအီးအို ပြင်သစ်မှာ တရားဝင်စစ်ဆေးခံနေရပြီး နိုင်ငံကနေထွက်ခွာခွင့် တားမြစ်ခံထားရ

ပါရီ၊ ဩဂုတ်-၂၉-၂၀၂၄မျိုးဆက်(VOM)တယ်လီဂရမ်တည်ထောင်သူနဲ့ စီအီးအိုဖြစ်သူ ပါဗယ်ဒူရော့ဗ်ကို ပြင်သစ်အာဏာပိုင်တွေက တရားဝင်စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီး နိုင်ငံတွင်းကနေထွက်ခွာခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။မစ္စတာဒူရော့ဗ်ဟာ ပြီးခဲ့သည့် စနေနေ့က ပါရီမြို့မြောက်ဘက် လေဆိပ်တခုကို ရောက်ရှိချိန်မှာ တယ်လီဂရမ် အက်ပလီကေးရှင်းနဲ့ပတ်သက်တဲ့ ပြစ်မှုတွေအတွက် ဖမ်း၀ရမ်းနဲ့ ပထမဆုံး ဖမ်းဆီးခံခဲ့ရပါ။တယ်လီဂရမ် အက်ပလီကေးရှင်းနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစိတ်တပိုင်းအဖြစ် ပါဗယ်ဒူရော့ဗ်ကို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပြင်သစ်အစိုးရရှေ့နေတွေက ဆိုပါတယ်။အသက် ၃၉ နှစ်အရွယ် မစ္စတာဒူရော့ဗ်ကို လက်ရှိမှာ ဖမ်းဆီးချုပ်နှောင်ထားတာမရှိပေမယ့်လည်း တရားစီရင်ရေးစနစ်ရဲ့ ကန့်သတ်ချက်တွေအောက်မှာထားရှိကာ အာမခံကြေးအဖြစ် ယူရိုငါးသန်း ပေးဆောင်ရမှာဖြစ်တယ်လို့ ရှေ့နေတွေကပြောပါတယ်။ပြင်သစ်နိုင်ငံသားလည်းဖြစ် ရုရှားနွယ်ဖွား သန်းကြွယ်သူဌေး မစ္စတာဒူရော့ဗ်ဟာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအတွက် တပတ်ကိုနှစ်ကြိမ် လာရောက်စစ်ဆေးခံရမှာဖြစ်ပြီး ဒီအတောအတွင်း သူဟာ ပြင်သစ်ကနေ ဘယ်ကိုမှ သွားခွင့်မရှိပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စတဒူရော့ဗ်က လက်ရှိချိန်ထိ လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး ။ ဒါပေမယ့်လည်း သူ့ရဲ့ရှေ့နေဖြစ်သူကတော့…

Read More

လှည်းတန်းအနီး ဗဟိုလမ်းဂုံးတံတားမှာ ယာဥ်တိုက်မှုဖြစ်လို့ နှစ်ယောက်သေ၊ သုံးယောက်ဒဏ်ရာရ

ဩဂုတ် ၂၉ – ၂၀၂၄GG(VOM)ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်း၊ လှည်းတန်းအနီး ဂုံးတံတားမှာ ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေကာ သုံးယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။ဖြစ်စဥ်က ဩဂုတ်လ ၂၈ ရက်နေ့ည ၁၁ နာရီလောက်မှာ အိမ်စီးကားအဖြူရောင်တစီးဟာ အရှိန်များပြီး ဂုံတံတားနံရံကိုဝင်တိုက်မိကာ နှစ်ယောက်ကနေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့သလိုဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။” ကားက Honda Fitအဖြူရောင် ပါ။ကျွန်တော်တို့ရောက်တော့ ကား အနောက်ခန်းမှာပါတဲ့လူ သုံးယောက်ထဲက တစ်ယောက်က ဇောက်ထိုးဖြစ်ပြီး သေနေပြီ ။ရှေ့ခေါင်းခန်းဒရိုင်ဘာဘေးက တစ်ယောက်ကလည်း ဆွဲထုတ်တော့ သေနေပြီ။ ကျန်သုံးယောက်ကလည်း သွေးတွေတအားထွက်နေတာတွေ့ရတယ်။ တံတားပေါ်မဟုတ်ဘူး။တံတားအောက် နံရံကိုတိုက်တာ။အသက်ရှင်တဲ့သူသုံးယောက်ကအရက်မူးနေကြတာ ။” လို့ ၃ ရပ်ကွက်နေထိုင်သူတယောက်က ပြောပါတယ်။ယာဥ်တိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေက အမျိုးသားတွေချည်းဖြစ်ပြီး အားလုံးကို လူမှုကူညီရေး အသင်းတွေက ညတွင်းချင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ဩဂုတ်လ ၁၃ ရက်နေ့ကလည်း အလုံမြို့နယ် ၊အောက်ကြည့်မြင်တိုင်လမ်း၊…

Read More

This Day in History

Voice of Myanmar ဒုတိယကမ္ဘာစစ်အတွင်းက နာဂါဆာကီမြို့ကို ကြဲချခဲ့သော အမေရိကန်၏ Fat Man ဗုံးကို ပုံစံတူနီးပါး ပြုလုပ်ထားသည့် ဆိုဗီယက်ယူနီယံ၏ ပထမဆုံး အနုမြူဗုံးကို ၁၉၄၉ ခုနှစ် ဩဂုတ် ၂၉ ရက်တွင် စမ်းသပ်ခဲ့ပြီးနောက် ဆိုဗီယက် ယူနီယံသည် ကမ္ဘာ့ဒုတိယ နျူကလီးယားအင်အားကြီး ဖြစ်လာခဲ့သည်။

Read More

ဗန်းမော် ၇ မိုင်အနီး နဲ့ နောင်ချို တောင်ခမ်းဘက် တိုက်ပွဲ ပြင်းထန်နေ

ဩဂုတ် ၂၉ ၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော် နဲ့ မိုးမောက်ကြား အခုရက်ပိုင်းမှာ တန်ပြန် စစ်ကြောင်းထိုးလာတဲ့ နစက တပ်ဖွဲ့ နဲ့ KIA ပူးပေါင်း တပ်ဖွဲ့ တို့ အကြား တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “ဗန်းမော် ၇ မိုင် မရောက်ခင်မှာ တိုက်ပွဲ ပြင်းထန်နေတာ။ တအား ပစ်တယ်။ စစ်တပ်ဘက်က သူတို့ ဆုတ်ခွာထားခဲ့တဲ့ ဒီ ၄၃၇ ဘက်ကို စစ်ကြောင်း ပြန်ထိုးလာတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ နှစ်ဖက် အထိအခိုက်တွေ များတယ်လို့ ကြားပြီး ဒေသခံပြည်သူတွေလည်း ရက်ပေါင်းများစွာ စစ်ဘေး ရှောင်ရတာကြောင့် တိုက်ပွဲ မဖြစ်စေချင်တော့ဘူး လို့ သူက…

Read More
VOM News

FREE
VIEW