နိုင်ငံကူးလက်မှတ် လျှောက်ထားကြေး တိုးမြှင့်မယ်လို့ ကြေညာ

သြဂုတ်၂၉ ၊ ၂၀၂၄
Ms(VOM)
လာမယ့် စက်တင်ဘာလ ၁ ရက်ကစလို့ နိုင်ငံကူးလက်မှတ် စာအုပ်လျှောက်ထားကြေး တိုးမြှင့်မယ်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး က ယနေ့ သြဂုတ်လ၂၉ရက် မှာ စတင်ကြေညာလာပါတယ်။
နိုင်ငံကူးလက်မှတ် (Passport)လျှောက်ထားကြေးများကို မူလက စာအုပ်ဖိုးငွေ ၃၅၀၀၀ကျပ် ကောက်ခံနေရာကနေစက်တင်ဘာ လ ၁ရက် ကစလို့ ငွေကျပ် ၅၀၀၀ နှုန်းထပ်မံတိုးမြှင့်ကာ ငွေကျပ်၄၀၀၀၀နှုန်း ကို စာအုပ်ဖိုးပြောင်းလဲကောက်ခံမယ်လို့ဆိုပါတယ်။
လက်ရှိထုတ်ပြန် လိုက်တဲ့နိုင်ငံကူးလက်မှတ် (Passport) စာအုပ်ကြေးတိုးမြှင့်ကောက်ခံမှုဟာ ပထမဆုံး စာအုပ်လုပ်မယ့် သူသာမာန်နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအတွက် နှုန်းထားဖြစ်ပြီး လက်မှတ်ပျောက်ဆုံး ပျက်စီးမှုတွေအတွက် လျှောက်ထားသူတွေအတွက်ကတော့ စက်တင်ဘာ ၁ရက်မှာ အသစ်ပြင်ဆင်လိုက်တဲ့ စာအုပ်ဖိုးငွေ ၄၀၀၀၀ကျပ်နဲ့ ပျောက်ဆုံးပျက်စီးမှု အတွက်ဒဏ်ကြေးငွေ ၆၅၀၀၀ကျပ် စုစုပေါင်း ငွေကျပ် ၁၀၅၀၀၀ကျပ် ကျသင့်မယ်လို့သိရပါတယ်။
” ပတ်စ်ပို့ ကြေးတိုးလိုက်တာက ဘာလို့လဲဆိုတာတော့ ကျွန်တော်လည်း ပြောမရဘူးလေ။ ရုံးကတိုးတော့လည်းတိုးတယ်ပေါ့။ စာအုပ်ကြေးတိုးလိုက်လို့ ဖြစ်လာနိုင်မယ့်အကျိုးဆက်ကတော့ အချို့ပွဲစားနဲ့ ပတ်စ်ပို့လုပ်သူတွေ အတွက်တော့ ငွေကုန်ကြေးကျ ပိုလာမယ်ပေါ့။ ၅၀၀၀ကျပ်တိုးတာ ဆိုပေမယ့် အချို့ပွဲစားတွေရဲ့ ပါးစပ်စကားအရ သူတို့ဘယ်လောက်တိုးတောင်းမလဲ တော့မသိနိုင်ဘူးပေါ့။ အဓိကတော့ ပတ်စ်ပို့လုပ်အလိမ်မမိရင် ပိုကောင်းတာပေါ့”လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတယောက် ကပြောပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအနေနဲ့ အွန်လိုင်းမှ booking စနစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်ပြုတာကို ၂၀၂၂ခုနှစ် မတ်လ မှာစတင်ခွင့်ပြုပေးတာ ဖြစ်ပြီး လက်ရှိမှာ သြဂုတ်လ ကုန်ပိုင်းအထိ ဘိုကင်ရယူထားပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေ များပြားနေတယ်လို့သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW