နောင်ချို တောင်ခမ်းအနီး နားရှိုးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျလို့ နေအိမ်တွေ ထိခိုက်

ဩဂုတ် ၂၁၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ တောင်ရှည် ကျေးရွာအုပ်စု၊ တောင်ခမ်းအနီး နားရှိုးရွာမှာ TNLA ပူးပေါင်း တပ်ဖွဲ့တွေနဲ့ နစက တပ်ဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်နေပြီး နားရှိုးမှာ လက်နက်ကြီးကျလို့ နေအိမ်တွေ ထိခိုက်ပျက်စီး သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နောင်ချို နားရှိုးရွာမှာ ဒီမနက်က ပစ်ခတ်နေတာ။ တောင်ခမ်းနဲ့နီးတယ်။ လူတော့မသိသေးဘူး။ အိမ်တွေတော့ ထိသွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ တိုက်ပွဲက ဒီ မနက်မှ ပိုပြင်းထန်လာပြီး နားရှိုးရွာထဲ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာလို့သူက ပြောပါတယ်။ မဲပုတ်၊ နောင်ဇင်၊ နောင်ချိုလေး ရွာတွေဘက်က ဒေသခံတွေက ဉာဏ်တောရွာဘက် ထွက်ပြေး တိမ်းရှောင်နေကြရပြီး မက်လွတ်ရွာခံတွေလည်း တိုက်ပွဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။…

Read More

ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့်သူရွေးပွဲ အာဏာရပါတီက စက်တင်ဘာ ၂၇ ရက်မှာ ပြုလုပ်မယ်

တိုကျို၊ ဩဂုတ်-၂၁-၂၀၂၄မျိုးဆက်(VOM)ဂျပန်ဝန်ကြီးချုပ် ကီရှီဒါရဲ့ နေရာကိုဆက်ခံမယ့်သူကို ရွေးချယ်မှုကို လာမယ့် စက်တင်ဘာ ၂၇ ရက်မှာ ပြုလုပ်မယ်လို့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ထုတ်ပြန်ပါတယ်။ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် ပါတီခေါင်ဆောင်သစ်ရွေးပွဲအတွက် ပါတီရွေးကောက်ပွဲကော်မတီ အစည်းအဝေးကို ဩဂုတ် ၂၀ ရက်က ခေါ်ယူခဲ့ပြီးနောက် အခုလို နေ့ရက်အချိန် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ပါတီခေါင်းဆောင်နေရာဝင်ပြိုင်မယ့်သူတွေအနေနဲ့ ၁၅ ရက်ကြာ မဲဆွယ်စည်းရုံးခွင့်ရှိမှာဖြစ်ပြီး ဒါဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း အကြာဆုံးသတ်မှတ်ပေးထားတာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ငွေကြေးဆိုင်ရာ ပါတီတွင်းအရှုပ်တော်ပုံတွေကြောင့် လူထုယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်တာလို့ အကဲခတ်တွေက ဆိုပါတယ်။လက်ရှိပါတီဥက္ကဌဖြစ်သူ ဝန်ကြီးချုပ် ကီရှီဒါရဲ့ သက်တမ်းဟာ လာမယ့်စက်တင်ဘာလမှာ ကုန်ဆုံးပြီး ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ ပါလီမန်မှာတော့ အမတ်နေရာ ၇၃၄ နေရာအနက် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၃၆၇ ယောက်ရှိနေပါတယ်။ဝန်ကြီးချုပ်ကီရှီဒါကတော့ နောက်ထပ်ဝန်ကြီးချုပ်သက်တမ်းအတွက် ပါတီခေါင်းဆောင်နေရာ ဝင်မပြိုင်တော့ဘူးလို့ မကြာသေးမီက ထုတ်ပြန်ကြေညာထားပါတယ်။ လက်ရှိမှာတော့…

Read More

မြန်မာ့ ပြည်တွင်းရေး တရုတ် ဝင်မစွက်ဘူးလို့ ထပ်မံကတိပြုပြန်

ပေကျင်း၊ ဩဂုတ်-၂၁-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာ့ပြည်တွင်းရေး ဝင်မစွက်ဘူးလို့ ဝမ်ယီက ထပ်မံကတိပြုလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ၊ လွတ်လပ်ရေး၊ အမျိုးသားစီးလုံးညီညွှတ်ရေးနဲ့ နယ်မြေစိုးမိုးရေးကို လေးစားလိုက်နာဖို့ ကတိကဝတ်ပြုထားပြီး ပြည်တွင်းရေးပြသနာမှာ ဝင်မစွက်ဖို့ သန္နိဌာန်ချထားတယ်လို့ ဝမ်ယီက ပြောပါတယ်။ မြန်မာ့အရေးကို မြန်မာကိုယ်တိုင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို အဓိက လမ်းကြောင်းအဖြစ် တရုတ်နိုင်ငံက ထောက်ခံတယ်လို့ သူကဆိုပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေး ပြေလည်ရေးနဲ့ ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းအားထုတ်မှုတွေမှာ တရုတ်နို်ငငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အသင့်ရှိတယ်လို့လည်း ဝမ်ယီက ပြောပါတယ်။ မြန်မာ့နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေးမှာ တရုတ်၊…

Read More

အိန္ဒိယအနောက်ပိုင်းမှာ ကလေးငယ်နှစ်ဦး မဖွယ်မရာပြုကျင့်ခံရလို့ ဆန္ဒပြပွဲတွေ ဖြစ်ပွား

ဒေလီ၊ ဩဂုတ်-၂၁-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ကလေးငယ်နှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံအနောက်ပိုင်း မဟာရာရှာထရာပြည်နယ်က ရထားဘူတာရုံမှာ လူရာပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ကလေးငယ်တွေဟာ တာနီခရိုင် ဘတ်လာပါမြို့ရှိ မူကြိုကျောင်း အိမ်သာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မဖွယ်မရာပြုလုပ်ခံခဲ့ရတာလို့ စွပ်စွဲထားပြီး ကျောင်းဝန်ထမ်းအမျိုးသားတယောက်ကို ရဲက ဖမ်းဆီးထားပေမယ့် အရေးယူမှု နှောင့်နှေးနေတယ်လို့ ကလေးမိဘတွေက စွပ်စွဲထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ ကလေးတွေအတွက် တရားမျှတမှုရရှိရေး တောင်းဆိုခဲ့ပြီး ဘူတာမှာရှိတဲ့ ရထားလမ်းကို ပိတ်ဆို့ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အချို့တော့ ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ကျောင်းတာဝန်ရှိသူတွေကို စစ်ဆေးအရေးယူမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အီခ်ကနက်ရှင်ဒီက ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် ကျောင်းအုပ်ကြီး၊ အတန်းပိုင်ဆရာမနဲ့ အမျိုးသမီးဝန်ထမ်းတယောက်တို့ကိုလည်း ကျောင်းကနေ ထုတ်ပယ်လိုက်တယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။…

Read More

This Day in History

Voice of Myanmar လီယိုနာဒိုဒါဗင်ချီ၏ မိုနာလီဆာ ပန်းချီကားကို အီတလီနိုင်ငံတွင် ပြန်လည်ထားသင့်သည်ဟု ယူဆနေသော ဝန်ထမ်းတစ်ဦးက ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ လူးဗားပြတိုက်မှ ၁၉၁၁ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် ခိုးယူသွားခဲ့သည်။

Read More

သတိပြုရမယ့် မျောက်ကျောက် ရောဂါအကြောင်း တစေ့တစောင်း

သြဂုတ်၊ ၂၁ ၊၂၀၂၄ SN (VOM) အာဖရိကမှာ ကူးစက်မြန် မျောက်ကျောက်ရောဂါ (Monkeypox) နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာလိုက်တရပ်ကို အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း မျောက်ကျောက်ရောဂါ ကူးစက်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့မှာ နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတာပါ။ မျောက်ကျောက်ရောဂါ မျိုးကွဲသစ် ကူးစက်ပျံ့နှံ့နေတာကြောင့် အခုလို အရေးပေါ်အခြေအနေ ကြေညာတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အာဖရိက က ဒီအာရ်ကွန်ဂိုနိုင်ငံမှာ အခု ၂၀၂၄ ခုနှစ်၊ နှစ်စကတည်းက လူပေါင်း တသောင်းသုံးထောင့် ခုနစ်ရာကျော် မျောက်ကျောက်ရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူ ၄၅၀ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။…

Read More

This Day in History

  Voice of Myanmar အမေရိကန် အာကာသအေဂျင်စီ(နာဆာ)၏ ဗိုက်င်း-၁ စူးစမ်းလေ့လာရေး စက်ရုပ်ယာဉ်ကို ၁၉၇၅ ခုနှစ် ဩဂုတ် ၂၀ ရက်တွင် လွှတ်တင်ခဲ့ပြီး တနှစ်နီးပါးအကြာတွင် အင်္ဂါဂြိုဟ်၏မြောက်ဘက်ခြမ်း မြေနိမ့်ဒေသသို့ ဆင်းသက်နိုင်ခဲ့သည်။ #Vocieofmyanmar #VOM #ThisDayInHistory #August20

Read More

တရုတ်အလယ်ပိုင်း ရေဘေး လူ ၅၀ ကျော်သေပြီး ၁၅ ယောက်ပျောက်ဆုံးနေ

  ပေကျင်း၊ ဩဂုတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ အလယ်ပိုင်းမှာ ဇူလိုင်နှောင်းပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေအတွင်း လူ ၅၀ ကျော် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟူနန်ပြည်နယ်ရှိ ဇီကျင်းမှာလည်း အခြား ၁၅ ယောက်ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ပြောပါတယ်။ ရေဘေးသင့်ခဲ့တဲ့ ပြည်နယ်တွင်း ကျေးရွာတွေမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ ပြန်ရနေပြီလို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇူလိုင်နှောင်းပိုင်းမှာ ဖိလစ်ပိုင်၊ ထိုင်ဝမ်တို့ကို ဖြတ်ကျော်တိုက်ခတ်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ ကုန်းတွင်းပိတ် ဟူနယ်ပြည်နယ်ကို ပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် အာဏာပိုင်တွေဟာ လူပေါင်း သုံးသိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး နိုင်ငံအရှေ့ပိုင်းမှာလည်း အများသူငှာသယ်ယူပို့ဆောင်ရေးတွေ ရပ်နားခဲ့ရပါတယ်။ မကြာသေးမီက တရုတ်နိုင်ငံမှာ ပြင်းထန်ပြီး မတူညီတဲ့ ရာဦဥတုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံအရှေ့ပိုင်းနဲ့…

Read More

ဗြိတိန် နည်းပညာသန်းကြွယ်သူဌေး မိုက်လန့်ချ်နဲ့သမီးဖြစ်သူတို့ ဇိမ်ခံရွက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေ

  ရောမ ၊ ဩဂုတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) အီတလီနိုင်ငံ စစ္စလီကမ်းရိုးတန်းမှာ ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက ဇိမ်ခံရွက်လှေတစင်းနစ်မြုပ်ပြီး ပျောက်ဆုံးသူခြောက်ဦးထဲမှာ ဗြိတိန်နည်းပညာသူဌေးကြီး မိုက်လန့်ချ်နဲ့ သူ့ရဲ့သမီးဖြစ်သူတို့ ပါဝင်ကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုလိုက်ပါတယ်။ အရှည် ၁၈၃ ပေအရှည်ရှိသော အဲဒီဇိမ်ခံရွက်လှေဟာ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနိုင်ငံသားတွေ အပါအဝင် လူ ၂၂ ယောက်ကို တင်ဆောင်ခုတ်မောင်းခဲ့ပြီး နစ်မြုပ်မှုအတွင်း အသက် တနှစ်အရွယ် ဗြိတိန်ကလေးငယ်နဲ့ လူ ၁၅ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ Bayesian လို့ အမည်ရတဲ့ ဇိမ်ခံရွက်လှေဟာ ညပိုင်းမှာ မုန်တိုင်းတိုက်ခတ်ပြီး ပင်လယ်ပြင်မှည လေဆင်နှာမောင်းတွေ ဖြစ်ပေါ်ပြီးနောက် ဒေသစံတော်ချိန်နံနက် ၅ နာရီမှာ စစ္စလီမြို့တော် ပါလာမိုမြို့အနီးမှာ တိမ်းမှောက်နစ်မြုပ်ခဲ့ပါတယ်။ ကနဦးမှာ အနီးနားရှိ နယ်သာလန်အလံတင်သင်္ဘောတစီးက အရေးပေါ်ကယ်ဆယ်ရေးတွေ ရောက်ရှိလာချိန်ထိ ရွက်လှေပေါ်မှ…

Read More

ဂါဇာစစ်ပွဲ အပစ်ရပ်ရေး သဘောတူညီချက် အစ္စရေး သဘောတူပြီ

  တဲလ်အဗစ်၊ ဩဂုတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အပစ်ရပ် သဘောတူညီချက်အတွက် အမေရိကန်ရဲ့ ပေါင်းကူးအဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ခံသဘောတူတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လက်ရှိကတော့ ဟားမတ်စ်တို့ သဘောတူဖို့ပဲ လိုတော့ကြောင်း ဘလင်ကင်က ဆိုပါတယ်။ အစ္စရေး လုံခြုံရေးလိုအပ်ချက်လို့ ရှုမြင်ရတဲ့ ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓါးစာခံတွေလွတ်မြောက်ရေး အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် မစ္စတာနေတန်ယာဟုက အပြုသဘောဆောင် ဆွေးနွေးပွဲအတွက် တဲလ်အဗစ်မှာ တွေ့ဆုံခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးကလည်း ထုတ်ပြန်ပါတယ်။ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးဟာ ဒီတကြိမ်နောက်ဆုံးဖြစ်ကြောင်း ဘလင်ကင်က အစောပိုင်းမှာ သတိပေးခဲ့ပြီး အမေရိကန်ကတော့ သဘောတူညီချက်ကို အပြီးသတ်တွန်းအားပေးဖို့ရည်ရွယ်ထားပုံရပါတယ်။ သဘောတူညီချက်ဟာ လာမယ့်အပတ် ဒီလိုအချိန်မှာ ရနိုင်တယ်လို့ ဘလင်ကင်က ပြောဆိုထားပေမယ့် အစ္စရေးနဲ့ ဟားမတ်စ်တို့ကတော့ ဒီကိစ္စအပေါ် တိတိပပ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီသဘောတူညီချက်အတွက် တွန်းအားပေးဖို့ အီဂျစ်နဲ့…

Read More
VOM News

FREE
VIEW