မြန်မာ့ ပြည်တွင်းရေး တရုတ် ဝင်မစွက်ဘူးလို့ ထပ်မံကတိပြုပြန်

ပေကျင်း၊ ဩဂုတ်-၂၁-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာ့ပြည်တွင်းရေး ဝင်မစွက်ဘူးလို့ ဝမ်ယီက ထပ်မံကတိပြုလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ၊ လွတ်လပ်ရေး၊ အမျိုးသားစီးလုံးညီညွှတ်ရေးနဲ့ နယ်မြေစိုးမိုးရေးကို လေးစားလိုက်နာဖို့ ကတိကဝတ်ပြုထားပြီး ပြည်တွင်းရေးပြသနာမှာ ဝင်မစွက်ဖို့ သန္နိဌာန်ချထားတယ်လို့ ဝမ်ယီက ပြောပါတယ်။
မြန်မာ့အရေးကို မြန်မာကိုယ်တိုင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို အဓိက လမ်းကြောင်းအဖြစ် တရုတ်နိုင်ငံက ထောက်ခံတယ်လို့ သူကဆိုပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေး ပြေလည်ရေးနဲ့ ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းအားထုတ်မှုတွေမှာ တရုတ်နို်ငငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အသင့်ရှိတယ်လို့လည်း ဝမ်ယီက ပြောပါတယ်။
မြန်မာ့နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေးမှာ တရုတ်၊ အာဆီယံတို့နဲ့အတူ အနီးကပ်ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့် တင်သွားမယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ပြောဆိုပါတယ်။
Ref:Xinhua
Photo:Xinhua

Related posts

Leave a Comment

VOM News

FREE
VIEW