တိုကျို၊ ဩဂုတ်-၂၁-၂၀၂၄
မျိုးဆက်(VOM)
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါရဲ့ နေရာကိုဆက်ခံမယ့်သူကို ရွေးချယ်မှုကို လာမယ့် စက်တင်ဘာ ၂၇ ရက်မှာ ပြုလုပ်မယ်လို့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ထုတ်ပြန်ပါတယ်။
ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် ပါတီခေါင်ဆောင်သစ်ရွေးပွဲအတွက် ပါတီရွေးကောက်ပွဲကော်မတီ အစည်းအဝေးကို ဩဂုတ် ၂၀ ရက်က ခေါ်ယူခဲ့ပြီးနောက် အခုလို နေ့ရက်အချိန် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပါတီခေါင်းဆောင်နေရာဝင်ပြိုင်မယ့်သူတွေအနေနဲ့ ၁၅ ရက်ကြာ မဲဆွယ်စည်းရုံးခွင့်ရှိမှာဖြစ်ပြီး ဒါဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း အကြာဆုံးသတ်မှတ်ပေးထားတာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ငွေကြေးဆိုင်ရာ ပါတီတွင်းအရှုပ်တော်ပုံတွေကြောင့် လူထုယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်တာလို့ အကဲခတ်တွေက ဆိုပါတယ်။
လက်ရှိပါတီဥက္ကဌဖြစ်သူ ဝန်ကြီးချုပ် ကီရှီဒါရဲ့ သက်တမ်းဟာ လာမယ့်စက်တင်ဘာလမှာ ကုန်ဆုံးပြီး ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ ပါလီမန်မှာတော့ အမတ်နေရာ ၇၃၄ နေရာအနက် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၃၆၇ ယောက်ရှိနေပါတယ်။
ဝန်ကြီးချုပ်ကီရှီဒါကတော့ နောက်ထပ်ဝန်ကြီးချုပ်သက်တမ်းအတွက် ပါတီခေါင်းဆောင်နေရာ ဝင်မပြိုင်တော့ဘူးလို့ မကြာသေးမီက ထုတ်ပြန်ကြေညာထားပါတယ်။ လက်ရှိမှာတော့ သူဦးဆောင်တဲ့ ဂျပန်အစိုးရအပေါ် လူထုထောက်ခံမှုနှုန်း ကျဆင်းနေတယ်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။
Ref:NHK
Photo:Getty Images
ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့်သူရွေးပွဲ အာဏာရပါတီက စက်တင်ဘာ ၂၇ ရက်မှာ ပြုလုပ်မယ်
