ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ နိုင်ငံကိုပြန်လာမယ်

  ဒါကာ၊ ဩဂုတ်-၁၀-၂၀၂၄ မျိုးဆက်(VOM) ရာထူးကနေ နုတ်ထွက်သွားပြီး နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဟာ နိုင်ငံကို ပြန်လာမှာဖြစ်ကြောင်း သားဖြစ်သူက အတည်ပြုပြောဆိုပါယ်။ နိုင်ငံတွင်းမှာ ဆူပူမငြိမ်သက်မှုတွေ မြင့်တက်ပြီးနောက် သူမဟာ ရာထူးကနေနုတ်ထွက်ကာ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဒါဟာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးရပြီးနောက် အဆိုးရွားဆုံး နိုင်ငံရေး အကျပ်အတည်းလည်း ဖြစ်ပါတယ်။ “ဘင်္ဂလားဒေ့ရှ်ကို လုံး၀ပြန်လာမှာပါ။ ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ကြေညာတဲ့အချိန် ဖြစ်လိမ့်မယ်” လို့ သားဖြစ်သူ Wazed ကပြောပါတယ်။ ဒါပမေယ့် နိုင်ငံရေးလောကထဲ ပြန်ဝင်မလားဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ သားဖြစ်သူဟာ အမေရိကန်မှာ နည်းပညာကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နေထိုင်သူဖြစ်ပြီး ၂၀၀၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်ထိ မိခင်ဖြစ်သူ ဝန်ကြီးချုပ်သက်တမ်းအတွင်းကလည်း နည်းပညာအကြံပေးအဖြစ် အချိန်အတန်ကြာ လုပ်ဆောင်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ငြိမ်းချမ်းရေး…

Read More

ဂါဇာရှိ စာသင်ကျောင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု လူ ၁၀၀ နီးပါး သေဆုံးပြန်

  ဂါဇာစီးတီး၊ ဩဂုတ်-၁၀-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသ ဂါဇာစီးတီးရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၀ နီးပါး သေဆုံးသွားကြောင်း ဂါဇာကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေးစစ်တပ်ကလည်း ဒီတိုက်ခို်ကမှုကို အတည်ပြုထားပြီး စာသင်ကျောင်းထဲရှိ ဟားမတ်စ်ခြေကုပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဂါဇာတာဝန်ရှိသူတွေရဲ့ အဆိုအရ ဒါရက်ချ်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ လူ ၉၀ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ “အစ္စရေးရဲ့ ဒုံးကျည်သုံးစင်းက ပါလက်စတိုင်း ဒုက္ခသည်တွေနေတဲ့ စာသင်ကျောင်းထဲကို ကျရောက်ခဲ့တာပါ။ ၁၀၀ နီးပါးလောက်သေပြီး ဒါဇင်များစွာ ဒဏ်ရာရခဲ့တယ်” လို့ ဂါဇာတာဝန်ရှိသူတယောက်က ပြောပါတယ်။ အစ္စရေးကတော့ အယ်လ်တာဘာအင်ကျောင်းထဲမှာ ဟားမတ်စ်ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးဌာနလည်ပတ်နေတာကို တိတိကျကျလုပ်ကြံခဲ့တာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကလည်း ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခို်ကမှုကြောင့် အရပ်သားသေဆုံးမှုတွေ မြင့်တက်လို့နေပါတယ်။ အောက်တိုဘာ ၇…

Read More

နေ့စားလုပ်အားခ ၆၈၀၀ ကျပ်ဟာ ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာ မဟုတ်သေးဘူးလို့ ဆို

  ဩဂုတ် ၁၀ – ၂၀၂၄ SS (VOM) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လက်ရှိ တိုးမြှင့် ခံစားခွင့်ပြုထားတဲ့ နေ့စားလုပ်အားခ ၆၈၀၀ ကျပ်ဟာ ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာ မဟုတ်သေးဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အစိုးရဌာနတွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေက နေ့စားဝန်ထမ်းတွေ၊ အလုပ်သမားတွေရဲ့ အလုပ်ချိန် ၈ နာရီအတွက် နေ့စဉ်လုပ်ခကို ၆၈၀၀ ကျပ်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ထုတ်ပြန်လာပါတယ်။ ဒီသတ်မှတ်ချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခု သြဂုတ်လ ၁ ရက်နေ့မှာ စတင် ခံစားခွင့်ရှိမယ်လို့ အမျိုးသားကော်မတီက အသိပေးထားပါတယ်။ လက်ရှိ ခေတ်ကာလ အခြေအနေအရ နေ့စဉ်ဆိုသလို မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊…

Read More

ရုရှားနိုင်ငံထဲကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု ငါးရက်မြောက်နေ့ တိုက်ပွဲပြင်းထန်

  မော်စကို၊ ဩဂုတ်-၁၀-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲကို အံ့အားသင့်ဖွယ် နယ်စပ်ဖြတ်ကျော် တိုက်ခို်ကမှုဟာ ငါးရက်ရှိလာပြီး ကွတ်ခ်ဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရန်သူ ၂၈၀ လောက်သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ယူကရိန်းတပ်တွေကို ဆက်လက်ချေမှုန်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီသေဆုံးမှုကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ ယူ့ကရိန်းတပ်တွေဟာ ရုရှားရဲ့ ကွတ်ဒ်ဒေသကို ၁၀၀ ကီလိုမီတာထိ ဝင်ရောက်နေပြီလို့ အမေရိကန် စစ်ဘက်ဆိုင်ရာ သုတေသနာအဖွဲ့တဖွဲ့က ဆိုပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားပိုင်နက်ထဲကို ယူကရိန်းတပ်တွေ အနက်ရှိုင်းဆုံး ထိုးဖောက်ဝင်ရောက်မှုလည်း ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို ယူကရိန်းက လူသိရှင်ကြား ဝန်ခံပြောဆိုတာမရှိသေးပေမယ့် ယူကရိန်းစစ်ပွဲရဲ့ အကျိုးဆက်တွေကို ရုရှားကြုံရလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ တိုက်ပွဲတွေဟာ ကွတ်ဒ်ဒေသရှိ နျူကလီးယား ဓါတ်အားပေးစက်ရုံနဲ့…

Read More

မြောက်ဦးမှာ လက်နက်ကြီးကျလို့ ခြောက်ယောက်သေ၊ ခုနစ်ယောက် ဒဏ်ရာရ

  ဩဂုတ် ၁၀ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီကနေ့ ဩဂုတ် ၁၀ ရက်၊ နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ကလေးတယောက်အပါအဝင် ခြောက်ယောက် သေဆုံးခဲ့ပြီး ခုနစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ မြောက်ဦးမြို့က လူစည်းကားရာ နေရာတခုဖြစ်တဲ့ ရှစ်သောင်းသွားလမ်း၊ မြောက်ဦးဟိုတယ်နဲ့ ဦးဥတ္တမပန်းခြံအနီးတဝိုက်ကို  လက်နက်ကြီး ကျရောက်ခဲ့တာဖြစ်ပြီး အမျိုးသား ခြောက်ယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “လက်နက်ကြီးက ခရီးသည်တင်ပြီး လမ်းပေါ်မှာသွားနေတဲ့ တုတ်တုတ်ပေါ်ကို ကျသွားတာ။ တုတ်တုတ်ပေါ်က လူတွေ အကုန်ထိတာပဲ။ နေရာမှာတင် ပွဲချင်းပြီး သေကုန်တယ်။ ဒဏ်ရာ ရတဲ့သူတွေလည်း တော်တော်ကို ထိသွားတယ်။ အဲဒီနေရာက ခရီးသွားကားတွေ၊ ခရီးသည်တွေ၊ စျေးဆိုင်ခန်းတွေနဲ့…

Read More

နွားထိုးကြီး မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ခံတွေလည်း ပိတ်မိနေ

  ဩဂုတ် ၁၀ GG (VOM) မန္တလေးတိုင်း ၊ နွားထိုးကြီး မြို့ပေါ်အထိတိုက်ပွဲတွေဖြစ်ပွားလာနေပြီး နွားထိုးကြီး – မြင်းခြံလမ်းကိုပါ သွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲကနွားထိုးကြီးမြို့ ရဲစခန်းနဲ့ မြို့အရှေ့ဘက်ရှိ ဓာတ်ငွေ့ပိုက်လိုင်းဘက်တွေမှာ ဖြစ်ပွားနေတာဖြစ်လို့ မြို့ခံတွေအနေနဲ့ စစ်ရှောင်ဖို့အတွက် မြို့ထဲကနေမြို့ပြင်ကိုထွက်ခွင့်မရတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ ” မြို့ထဲကရဲစခန်းတွေ ထွေအုပ်ဖက်တွေမှာပစ်ခတ်မှုတွေရှိတယ်။လေကြောင်းလည်းလာတယ်ဆိုတော့အပြင်မထွက်ရဲဘူး။တချို့လည်း မြို့ပြင်စစ်ရှောင်ဖို့လုပ်ကြပေမယ့် ထွက်မရတဲ့အခြေအနေပါ။မြို့ထဲမှာ စစ်တပ်ရော PDF တွေရှိနေတယ် ။ ” လို့ ဒေသခံတယောက်ကပြောပါတယ်။ နွားထိုးကြီးမြို့ပေါ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲက မနေ့ကဩဂုတ်လ၉ ရက်နေ့ညပိုင်းကစပြီး ဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ နစကဘက်မှလည်းလေကြောင်းပစ်ကူတိုက်ခတ်မှုရှိနေပြီး မြိူ့ထဲလည်းလက်နက်ကြီးကျရောက်မှုတွေရှိနေတယ်လို့သိရပါတယ်။ နွားထိုးကြီး – မြင်းခြံလမ်းကိုတော့ PDF တွေဘက် ယာယီပိတ်ထားတာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အရင်ကလည်း နွားထိုးကြီး မြို့နယ်ထဲကရွာဘက်တွေမှာ pdf တပ်ဖွဲ့တွေနဲ့နစကတပ်ဖွဲ့တွေအကြား မကြာခဏပစ်ခတ်မှုတွေဖြစ်ပွားလေ့ရှိပြီး အရပ်သားသေဆုံးမှုရှိခဲ့ကြောင်း၊ လက်ရှိကတော့မြို့ပေါ်တပ်စခန်းတွေအထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ Photo:CJ #Voiceofmyanmar #vom…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၁၀ ရက်၊ ညနေ ၃ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၃၁ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၈၉၂၀၄ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၅၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၇၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၇၃၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ပြင်ဦးလွင် – ရန်ကုန် အဝေးပြေးကားလက်မှတ် ဩဂုတ်လ ၁၂ ရက်နေ့အထိ လက်မှတ်ကုန်နေ

  ဩဂုတ် ၁၀ – ၂၀၂၄ SS (VOM) ပြင်ဦးလွင် – ရန်ကုန် အဝေးပြေးကားလက်မှတ် ဩဂုတ်လ ၁၂ ရက်နေ့အထိ လက်မှတ်ကုန်နေပြီ ဖြစ်တယ်လို့ အဝေးပြေးယာဉ်လိုင်းတွေဆီက သိရပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့အထိ ရောင်းထားတဲ့ လက်မှတ်တွေကိုလည်း ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချပေးထားပြီး ဈေးတက်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ “ပြင်ဦးလွင် – ရန်ကုန် အတက်ရော၊ အဆင်းရော ကားတွေရှိပါတယ်။ အခု လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့သတင်းက ကားလိုင်းတချို့မထွက်ဘူး၊ လက်မှတ်ဈေးတွေလည်းတက်တယ် ပြောနေကြတယ်။ ယာဉ်လိုင်းတွေလည်း အကုန် ထွက်ပါတယ်။ ကားလက်မှတ်ခလည်း ပုံမှန်ပါပဲ။ အထူးကား ကျပ် သုံးသောင်းကိုးထောင်၊ ရိုးရိုးကား ကျပ် နှစ်သောင်းခုနစ်ထောင်။ ဈေးတောင်မပြောင်းပါဘူး။ ဒါပေမယ့် ကြိုတင်လက်မှတ်တွေ ဖြတ်ထားကြတာမို့ ဩဂုတ် ၁၂ ရက်နေ့ထိတော့ လက်မှတ်ဝယ်မရတော့ပါဘူး” လို့…

Read More

မိတ္ထီလာမြို့နယ်မှာ မိသားစုလိုက်ရေနစ်ပြီးံ ၇ လအရွယ် ကလေးငယ်အပါအဝင် လေးယောက်သေဆုံး

  ဩဂုတ် ၁၀ – ၂၀၂၄ GG (VOM) မန္တလေးတိုင်း၊ မိတ္တီလာမြို့ နယ်၊ ရှမ်းမငယ်ဂွေ့အိုင်မြောက်ဘက်ရှိ မြေခြားကျေးရွာမှာ မိသားစုလိုက်ရေနစ်ပြီး လေးယောက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်က ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ အမေဖြစ်သူနဲ့သားသမီးသုံးယောက်ဟာ မြေခြားရွာရှိ သဲကျင်းရေအိုင်မှာ အဝတ်လျှော်ရာကနေ ရေနစ်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ” သူတို့ကရေချိုးအဝတ်လျှော်ရင်း ကလေးတွေရေနစ်တော့အမေဖြစ်သူက လိုက်ကယ်ရင်း ရေနစ်သေဆုံးတာလို့ပြောတယ်။ ကလေးတွေအလောင်းကတွေ့ပြီ။ အမေဖြစ်သူကတော့ရှာတုန်းပဲ။သေတဲ့ကလေးထဲမှာအသက် ၇ လကလေးတောင်ပါတယ်။” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မေတ္တာပါရမီအသင်းကတာဝန်ရှိသူတယောက်ကပြောပါတယ်။ ရေနစ်သေဆုံးတဲ့ သားသမီးသုံးယောက်ကတော့ အသက် ၄ နှစ်အရွယ် သမီးဖြစ်သူ မဝိုင်းပြည့်စုံ၊ အသက် ၂ နှစ်အရွယ်မောင်ကောင်းထက်ဇော်နဲ့အသက် ၇ လအရွယ် မဆောင်းဟေမာန်တို့ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ သေဆုံးကလေးသုံးယောက်ရဲ့ရုပ်အလောင်းကို မေတ္တာပါရမီလူမှုကူညီရေးအသင်းကားနဲ့မိတ္တီလာပြည်သူဆေးရုံကြီးကို ပို့ဆောင်ထားပြီး သက်ဆိုင်ရာနယ်မြေတာဝန်ခံ ရှမ်းမငယ်နယ်မြေရဲစခန်းမှသေမှုသေခင်းရေး ဖွင့်စုံစမ်းစစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ #Voiceofmyanmar #vom…

Read More

This Day in History

  Voice of Myanmar ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်သည် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကြဲပြီးနောက် သုံးရက်အကြာတွင် ဒုတိယအကြိမ်အဖြစ် ၁၉၄၅ ခုနှစ် ဩဂုတ် ၉ ရက်၌ နာဂါဆာကီမြို့ပေါ်သို့ အဏုမြူဗုံးကြဲခဲ့သဖြင့် လူခုနှစ်သောင်းကျော်သေဆုံးခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August8

Read More
VOM News

FREE
VIEW