ရုရှားနိုင်ငံထဲကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု ငါးရက်မြောက်နေ့ တိုက်ပွဲပြင်းထန်

 

မော်စကို၊ ဩဂုတ်-၁၀-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲကို အံ့အားသင့်ဖွယ် နယ်စပ်ဖြတ်ကျော် တိုက်ခို်ကမှုဟာ ငါးရက်ရှိလာပြီး ကွတ်ခ်ဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရန်သူ ၂၈၀ လောက်သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ယူကရိန်းတပ်တွေကို ဆက်လက်ချေမှုန်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီသေဆုံးမှုကို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ယူ့ကရိန်းတပ်တွေဟာ ရုရှားရဲ့ ကွတ်ဒ်ဒေသကို ၁၀၀ ကီလိုမီတာထိ ဝင်ရောက်နေပြီလို့ အမေရိကန် စစ်ဘက်ဆိုင်ရာ သုတေသနာအဖွဲ့တဖွဲ့က ဆိုပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားပိုင်နက်ထဲကို ယူကရိန်းတပ်တွေ အနက်ရှိုင်းဆုံး ထိုးဖောက်ဝင်ရောက်မှုလည်း ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ယူကရိန်းက လူသိရှင်ကြား ဝန်ခံပြောဆိုတာမရှိသေးပေမယ့် ယူကရိန်းစစ်ပွဲရဲ့ အကျိုးဆက်တွေကို ရုရှားကြုံရလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

တိုက်ပွဲတွေဟာ ကွတ်ဒ်ဒေသရှိ နျူကလီးယား ဓါတ်အားပေးစက်ရုံနဲ့ တဖြည်းဖြည်းနီးကပ်လာတာကြောင့် နှစ်ဘက်စလုံးအနေနဲ့ အမြင့်ဆုံးအနေအထားနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီက သတိပေးထားပါတယ်။

နျူကလီးယားမတော်တဆမှုကနေ ပြင်းထန်တဲ့ ဓါတ်ရောင်ခြည်သင့်မှု အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်တဲ့အလားအလာကို ရှောင်ရှားကြဖို့ ရုရှားနဲ့ ယူကရိန်းစစ်တပ်တို့ကို တိုက်တွန်းထားပါတယ်။

Ref:BBC
Photo: Getty Images

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်း #နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု #ငါးရက်မြောက်

Related posts

Leave a Comment

VOM News

FREE
VIEW