ရန်ကုန်နဲ့ နေပြည်တော်မှာ MNDAA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်

  ဩဂုတ် ၆ – ၂၀၂၄ SS (VOM) ရန်ကုန်နဲ့ နေပြည်တော်မှာ ဒီကနေ့ ဩဂုတ် ၆ ရက်၊ မနက်ပိုင်းက ကိုးကန့်တပ်ဖွဲ့ (MNDAA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ ကန့်ကွက်ရှုတ်ချပွဲတွေကို ရန်ကုန်မြို့က မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ မနက် ၉ နာရီမှာလည်းကောင်း၊ နေပြည်တော်က မြို့တော်ခန်းမရှေ့မှာ မနက် ၁၀ နာရီမှာလည်းကောင်း ပြုလုပ်ခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး ကုတင် (၁၀ဝ) ဆေးရုံကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ “လူတွေကတော့ အများကြီးပဲ တွေ့ခဲ့ရတယ်။ လုံခြုံရေးတွေလည်း အဲဒီနားတဝိုက်မှာ အများကြီးပဲ။ လမ်းတွေလည်း ပိတ်ထားတယ်။ ကားတွေ…

Read More

တောင်ကိုရီးယားနယ်စပ်ကို ဒုံးပစ်လောင်ချာ ၂၅၀ မြောက်ကိုရီးယား ဖြန့်ကြက်မယ်

  ပြုံးယမ်း၊ ဩဂုတ်-၆-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားစစ်တပ်ဟာ တောင်ကိုရီးယားနယ်စပ်အနီးရှိ ရှေ့တန်းစခန်းတွေမှာ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်လောင်ချာ ၂၅၀ ်ကြက်သွားမယ်လို့ အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မွန်သတင်းစာက ဖော်ပြပါတယ်။ မနေ့က ပြုလုပ်တဲ့ ဒုံးကျည်စနစ်သစ်တွေ စစ်တပ်ကို လွှဲပြောင်းတဲ့အခမ်းအနားကို ခေါင်းဆောင် ကင်ဂျုံအန်တက်ရောက်ခဲ့ပြီး တောင်ကိုရီးယားစစ်တပ်နဲ့ အမေရိကန်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေအတွက် ဒုံးပစ်လောင်ချာအများအပြား ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ အမေရိကန်အပေါ် ထိပ်တိုက်ရင်ဆိုင်ရေးမူအပေါ် ကြိုတင်ပြင်ဆင်ရမှာဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့အပေါ် မြောက်ကိုရီးယားရဲ့ အဟန့်အတား ပိုမိုခိုင်မာအားကောင်းဖို့ ကင်ဂျုံအန်က အလေးပေးပြောဆိုခဲ့ပါတယ်။ ဇူလိုင်လအတွင်းက နိုင်ငံအချို့ဒေသတွေမှာ ရေဘေးသင့်ခဲ့ပေမယ့် ဘယ်လိုအခြေအနေမျိုးမဆို ရပ်နေမှာမဟုတ်ဘဲ ကာကွယ်ရေးစွမ်းရည်ကို ဆက်လက်မြှင့်တင်သွားမယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့ဖျက်အားပြင်း တာတိုပစ်ဒုံးကျည်ဖြစ်တဲ့ ဟွာဆောင်-၁၁ ကို ဇူလိုင်လအတွင်းမှာ ပစ်ခတ်စမ်းသပ်မယ်လို့ အစောပိုင်းက ပြောကြားထားပေမယ့် ခုချိန်ထိ ပစ်ခတ်ခြင်းမရှိသေးတဲ့ပေါ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က…

Read More

ကျောက်မဲ ခမရ ၅၀၁ နဲ့ ၅၀၂ တပ်ကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ သတင်း ထွက်ပေါ်

  ဩဂုတ် ၆၊ ၂၀၂၄ Shy V (VOM) ကျောက်မဲမြို့က နစက ခြေမြန်တပ်ရင်း (ခမရ) ၅၀၁ နဲ့ ၅၀၂ တပ်စခန်းကို ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းမှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ပြီလို့ သတင်း ထွက်ပေါ်နေကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ “ကျောက်မဲမြို့ အားလုံး သိမ်းနိုင်သွားတာဟုတ်တယ်။ တရားဝင် ထုတ်ပြန်တာတော့ မရှိသေးဘူး။ အသေးအစိတ် မသိရသေးဘူး။” လို့ ကျောက်မဲ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ကျောက်မဲမြို့က နစက လက်ကျန်တပ်စခန်း စကခ – ၁၊ ခမရ – ၅၀၁၊ ခမရ – ၅၀၂ စခန်းကုန်း တွေကို ဩဂုတ်လ ၅ ရက်နေ့ မနက်…

Read More

ဘင်္ဂလားဒေ့ရှ် ပါလီမန်ကို ဖျက်သိမ်းပြီ ၊ စစ်တပ်ဦးဆောင်တဲ့အစိုးရ လက်မခံဘူးလို့ ကျောင်းသားတွေပြော

  ဒါကာ၊ ဩဂုတ်-၆-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်စီနာ ရာထူးကနေနုတ်ထွက်ကာ ပြည်ထွက်ပြေးပြီးနောက် စစ်တပ်က နိုင်ငံကို ထိန်းချုပ်ထားပြီး အခြေအနေတွေ ဘယ်လိုဖြစ်လာမယ်ဆိုတာကို ပြည်သူတွေနဲ့ ကမ္ဘာ့နိုင်ငံတွေကု စောင့်ကြည့်နေကြပါတယ်။ မနေ့က ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်နန်းတော်ကို ဝင်ရောက်စီးနှင်ပြီးနောက် ဝန်ကြီးချုပ် ထွက်ပြေးသွားချိန်မှာ စစ်တပ်က တိုင်းပြည်ကို ထိန်းချုပ်ထားပြီး ယာယီအစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲလုပ်ပေးမယ်လို့ အာမခံထားပါတယ်။ ဒီနေ့ ဩဂုတ် ၆ ရက်မှာတော့ ပါလီမန်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါဟာ ဆန္ဒပြသူတွေတောင်းဆိုထားတဲ့အချက်ထဲက တခုဖြစ်ပါတယ်။ န္ဒပြကျောင်းသားခေါင်းဆောင်တွေကတော့ စစ်တပ်ဦးဆောင်တဲ့အစိုးရကို လက်ခံမှာဟုတ်ဘူးလို့ ကြေညာထားပါတယ်။ မနေ့က ဆူပူအုံကြွမှုအတွင်း တရက်တည်း လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ အစိုးရအလုပ်ခွဲတမ်းနဲ့ပတ်သက်ပြီး ဇူလိုင်လကစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ တဖြည်းဖြည့် ကျယ်ပြန့်လာပြီး ဝန်ကြးချုပ်ဟာနီနာနုတ်ထွက်ရေးအပါအဝင် အစိုးရဆန့်ကျင်ရေးအသွင် ကျယ်ပြန့်လာခဲ့ပါတယ်။ ကျောင်းသားတွေဟာ စစ်တပ်ဦးဆောင်တဲ့အစိုးရကို လက်မခံကြောင်းနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနပ်စ်က…

Read More

လားရှိုး ရမခ တိုက်ပွဲမှာ နစက စစ်တပ် အရာရှိ သုံးယောက်ကို MNDAA ဖမ်းဆီး

  ဩဂုတ်လ ၅၊ ၂၀၂၄ Shy V (VOM) လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုက်ပွဲမှာ နစက တပ် အရာရှိ သုံးယောက်ကို ဖမ်းဆီးထားကြောင်း MNDAA ဘက်က ပုံနဲ့ တကွ တရုတ်စာနဲ့ ရေးထားတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ရဲ့ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး နဲ့ စကခ ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး တို့ဖြစ်ကြောင်း အဲဒီ ထုတ်ပြန်ချက် စာရွက်မှာ ပုံနဲ့ တကွ ဖော်ပြထားပါတယ်။ အဲဒီ အရာရှိတွေ တယောက်ချင်း လက်ရှိ တာဝန် ထမ်း ဆောင် ကွပ်ကဲ နေတဲ့…

Read More

ဆောက်လုပ်ရေးလုပ်ငန်းတွေ ၄၀ ရာခိုင်နှုန်းနီးပါး ရပ်နားနေရပြီး ကန်ထရိုက်အချို့ ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေ

  ဩဂုတ် ၅ – ၂၀၂၄ SS (VOM) ငွေကြေးတန်ဖိုး ကျဆင်းတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ၄၀ ရာခိုင်နှုန်းနီးပါး ရပ်နားနေရပြီး ကန်ထရိုက်တချို့ ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေတယ်လို့ အိမ်ရှင်တွေနဲ့ အခန်းကြိုပွိုင့် ၀ယ်ယူထားသူတွေက ပြောပါတယ်။ လက်ရှိမှာ ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားလာရပြီး ကန်ထရိုက်တွေ ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိလာတဲ့အတွက် ဆောက်လုပ်ဆဲ တိုက်တာအိုးအိမ်တွေ အပြီးသတ်နိုင်ခြင်း မရှိဘဲ နစ်နာမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ “တိုက်ခန်းပေးတိုက်ခန်းယူ စနစ်နဲ့ ခုနစ်ထပ်ဆောက်ဖို့ ကန်ထရိုက်တယောက်နဲ့ စာချုပ်ချုပ်ထားတာ သုံးနှစ်ကျော်နေပြီ။ ဘာမှအစမပျိုးရ သေးဘူး။ သူက ရှစ်လအတွင်း ဆောက်ပေးပါမယ်ပြောထားလို့ အိမ်ဖျက်ပေးထားပြီး ကိုယ်တွေက အိမ်ငှားနေနေရတာ။ အိမ်ငှား‌ဖြစ်သွားတာပဲ အဖတ်တင်တယ်။ အခုထိ တခါသွားကြည့်တိုင်း တခါ မြေကွက်လပ်ပဲ တွေ့တယ်။ သူ ကြိုပွိုင့်ရောင်းထားတာတွေလည်း…

Read More

This Day in History

  Voice of Myanmar ထိုင်းစီးပွားရေးလုပ်ငန်းရှင်နှင့် နိုင်ငံရေးသမား ယင်လပ်ရှင်နာဝပ်ထရာသည် ၂၀၁၁ ခုနှစ် ဩဂုတ် ၅ ရက်တွင် ထိုင်းဝန်ကြီးချုပ်ဖြစ်လာပြီး ၎င်းသည် ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ပထမဆုံးသော အမျိုးသမီးဖြစ်သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August5

Read More

စစ်ရေးတင်းမာနေတဲ့ ရှမ်း/မြောက်အရေး နစကဥက္ကဌ ဘာပြောလဲ

  ဩဂုတ် ၅ – ၂၀၂၄ GG (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေက အလင်းကနေ အမှောင်ကိုပြန်ရောက်ပြီး ဒေသခံပြည်သူတွေမှာ တရားမဲ့သတ်ဖြတ်ခံရမှုတွေနဲ့ရှင်သန်နေရတော့မယ့်အခြေအနေဖြစ်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ “အရင်ကဆေးဘုရင်ဝါဒကြီးစိုးခဲ့တဲ့ ဒေသတွေလိုဥပဒေမဲ့အနိုင်ကျင့်ခံရမှု၊တရားမဲ့သတ်ဖြတ်ခံရမှုတွေမှန်ကန်တဲ့စီးပွားလုပ်ငန်းနေရာမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ၊ပြောင်းနဲ့ကြံအစား ဘိန်းစိုက်ပျိုးရမှုတွေလူငယ်တွေဟာလည်း စာအုပ်နဲ့ဘောပင်အစားသေနတ်တွေကိုင်ရင်းနဲ့ရှင်သန်ရတော့မှာဖြစ်ပါတယ်။အလင်းထဲကနေအမှောင်ထဲပြန်ရောက်ရမယ့်အခြေအနေဖြစ်ပါတယ်။ပြည်သူတွေကဒီအခြေအနေပြန်ရောက်ချင်မှာမဟုတ်ဘူးလို့ယုံကြည်တယ်။ရှမ်းပြည်နယ်ကလူမှုစီးပွားဘဝ၊ကလေးသူငယ်တွေရဲ့ ပညာရေး၊လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေဘယ်လိုမှမက်ခွင့်မရှိတော့ပါဘူး။” လို့ ပြောဆိုတာဖြစ်ပါတယ်။ လက်ရှိမှာ တမ်မတော်အနေနဲ့ ရှမ်းမြောက်အခြေအနေနဲ့ပတ်သက်ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိနေရာရဲ့လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ပြည်သူတွေရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေးစဥ်းစားပြီးစွန့်ခွာခဲ့ရတာရှိတယ်လို့ဆိုပါတယ်။ ရှမ်းမြောက် တိုက်ပွဲနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတွေကလည်းခိုင်းစေမှုရှိကြောင်းပြည်တွင်း နဲ့ ပြည်ပနိုင်ငံတွေရဲ့ခိုင်းစေမှုကိုလုပ်နေတာဖြစ်တယ်လို့လည်းပြောပါတယ်။ “ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိနေရာများ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေသူများရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးပြီး ဆုတ်ခွာခဲ့ရတာများလည်း ရှိပါတယ်။ ဒါကို MNDAA TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေနဲ့ နောက်ကွယ်ကနေအားပေးအားမြှောက်ပြုနေတဲ့ ပြည်တွင်းပြည်ပက လောက်ကောင်တွေနဲ့ ချိတ်ဆက်ပြီး သူတို့ခိုင်းစေတဲ့ နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင်…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၄၀ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၇၉၁၄၃၅ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၇၆၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၅ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၃၅၀ ကျပ် ဝယ်ဈေး – ၅၃၂၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၉၂၀ ကျပ် ဝယ်ဈေး – ၃၇၇၀ ကျပ် -ယူရို ရောင်းဈေး – ၅၇၀၀ ကျပ် ဝယ်ဈေး – ၅၄၆၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၈.၁၅ ကျပ် ဝယ်ဈေး – ၁၄၁.၈၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၇၆ ကျပ် ဝယ်ဈေး – ၁၁၂၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၃၀ ကျပ်…

Read More
VOM News

FREE
VIEW