ဩဂုတ် ၂၂၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ တုံစင့်ရွာဘက်မှာ တိုက်ပွဲ ဖြစ်နေဆဲ ဖြစ်ပြီး မြို့ထဲမှာတော့ ငြိမ်သက်နေကာ စစ်ရှောင်တွေ အများစုရှိနေတဲ့ ဘော်ကြိုဘက်မှာတော့ စားနပ်ရိက္ခာ ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “တုံစင့် အဆိုးဆုံး။ တုံစင့်ရယ်၊ ဇာတ်စုရပ်ရယ်၊ ညောင်ကိုးပင်ရယ်၊ မြို့လယ်ရပ်ရယ်။ မန်မန် ရွာသစ်ပေါ့။ နားမုံပေါ့ အဲဘက်မှာေပါ့။ အခုချိန်ထိ အခြေအနေ အရမ်းမကောင်းသေးဘူးဗျ။ အခုချိန်ထိ သိမ်းလို့ မပြီး သေးဘူး။” လို့ ဒေသခံ အမျိုးသား တယောက် က ပြောပါတယ်။ အခုရက်ပိုင်း ၅ ရက်ခန့် သီပေါမြို့ပေါ်မြန်မာရပ်၊ အနောက်ရပ် တွေဘက် အေးချမ်းနေပြီး မြို့လယ်ရပ်နဲ့ နမ့်ပေါ့ချောင်းဘေးဘက်တွေလည်း အဆင်ပြေလာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ည ၇…
Read MoreMonth: August 2024
ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းနေပေမယ့် ဈေးကွက်လိုအပ်ချက် မဖြည့်နိုင်သေး
ဩဂုတ် ၂၂ – ၂၀၂၄ SS (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းပေးနေပေမယ့် ပြင်ပဈေးကွက်အပေါ် တစုံတရာ သက်ရောက်မှုမရှိဘဲ ဒေါ်လာဈေး ကျပ် ၆၀၀၀ အထက် မြင့်တက်နေဆဲဖြစ်တယ်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူတွေဆီက သိရပါတယ်။ ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ကြေညာပြီးနောက် ငွေလဲလှယ်နှုန်း ၃၄၁၀ ကျပ်နဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးကို ဩဂုတ် ၁၅ ရက်နဲ့ ၁၉ ရက်နေ့တွေက ထုတ်ရောင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါပေမယ့် ပြင်ပ ငွေလဲဈေးကွက်အတွင်းမှာတော့ အမေရိကန်ဒေါ်လာဈေးတွေ မြင့်တက်နေဆဲဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၂၂ ရက်မှာတော့ တဒေါ်လာ ၆၁၀၀ ကျပ်ဝန်းကျင်ကို…
Read Moreလက်ဘနွန် ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်ပြီးနောက် ဟဇ်ဘိုလာတို့က ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်
တဲလ်အဗစ်၊ ဩဂုတ်-၂၂-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးတိုက်လေယာဉ်တွေဟာ လက်ဘနွန်အတွင်းပိုင်း ဟဇ်ဘိုလာပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်ပြီးနောက် အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ကိုလည်း ဟဇ်ဘိုလာတို့က ဒုံးကျည်ဇင်များစွာနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲ ဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ လက်ဘနွန် ဘက်ကာတောင်ကြားရှိ ဟဇ်ဘိုလာလက်နက်သိုလှောင်ရုံတွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်ခဲပြီး လူတယောက်သေဆုံးကာ ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂိုလန်ကုန်းမြင့်ရှိ အစ္စရေးစစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ တို်ကခိုက်ခဲ့ကြောင်း ဟဇ်ဘိုလာဖွဲ့ကပြောပါတယ်။ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာ နေအိမ်နှစ်လုံးပျက်စီးပြီး လူတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးဟာ ပါလက်စတိုင်း ဖာတာလှုပ်ရှားမှုအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိသူတယောက်ကို လေကြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့ပြီး အစ္စရေးဟာ ဒေသတွင်း ပဋိပက္ခကို အရှိန်မြှင့ဖို့် ကြိုးပမ်းနေတယ်လို့ အဲဒီအဖွဲ့က စွပ်စွဲထားပါတယ်။ လက်ရှိမှာတော့ ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ အီရန်မှာ အစ္စရေးလက်ချက်နဲ့ သေဆုံးခဲ့ပြီး…
Read MoreThis Day in History
Voice of Myanmar ဆပ်ပြာရည် ထုတ်လုပ်အသုံးပြုမှုနှင့် ပတ်သက်သည့် ပထမဆုံး မူပိုင်ခွင့်ကို အမေရိကန်နိုင်ငံသား ဝီလီယံရှက်ပ်ပါ့ဒ်ဆိုသူက ၁၈၆၅ ခုနှစ် ဩဂုတ် ၂၂ ရက်တွင် ရရှိခဲ့သည်။
Read Moreအဝေးပြေးယာဉ်လိုင်းအများစု လက်မှတ်ခဈေးနှုန်းတွေ မြင့်တက်လာ
ဩဂုတ် ၂၂ – ၂၀၂၄ SN (VOM) လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲတွေကြောင့် ရန်ကုန်မြို့က အဝေးပြေးယာဉ်လိုင်း အများစု လက်မှတ်ခဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကားလက်မှတ် ရောင်းချသူတွေနဲ့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ လက်ရှိမှာ အဝေးပြေးယာဉ်လိုင်းတွေဟာ ခရီးစဉ်တွေပေါ်မူတည်ပြီး ကားလက်မှတ်ခတွေ ဈေးနှုန်းပြောင်းလဲလာတာမှာ ရန်ကုန် – မန္တလေးနဲ့ ရန်ကုန် – တောင်ကြီး အထူးကားလက်မှတ်ခတွေက အရင် ကျပ် သုံးသောင်းရှစ်ထောင်ကနေ ကျပ် လေးသောင်းနှစ်ထောင်၊ ရန်ကုန် – ပုဂံ ခရီးစဥ်က ကျပ် သုံးသောင်းလေးထောင်ကနေ ကျပ် သုံးသောင်းရှစ်ထောင်အထိ ဈေးနှုန်းမြင့်တက်လာသလို ရိုးရိုးကားလက်မှတ်ခ ဈေးတွေဟာလည်း ကျပ် ၃၀၀၀ ကနေ ၄၀၀၀ အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ “ဈေးက အများကြီးခွာပြီး တက်ထားတာတော့ မရှိဘူး။ အခြေအနေပေါ်မူတည်ပြီး ဖြစ်သင့်တဲ့ဈေးနှုန်းကို…
Read Moreတံတားဦး မြိင်သာလေကြောင်းရန် ကာကွယ်ရေးစခန်းဘက် နစကတပ်တွေ ပြန်လည်ထိန်းချုပ်
ဩဂုတ် ၂၁ – ၂၀၂၄SS (VOM)မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ထဲက သက္ကယ်ကျင်းကျေးရွာ၊ မြိုင်သာကျေးရွာနဲ့ အောင်ချမ်းသာကျေးရွာတွေ အကြားရှိ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်း ဝန်းကျင်ကို နစကတပ်တွေ ပြန်လည်ထိန်းချုပ်ထားတယ်လို့ နစကထောက်ခံ သတင်းချန်နယ်လ်တွေမှာ ဖော်ပြထားပါတယ်။တံတားဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပူးပေါင်းတပ်တွေက သြဂုတ် ၂၀ ရက်၊ မွန်းလွဲပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တံတားဦး (ပကဖ) က အစောပိုင်းမှာ ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းဝန်းကျင်မှာ ချဉ်းကပ်နေရာယူပြီး စခန်းတွင်းအခြေအနေကို အချိန် တနာရီကျော်ကြာအောင် စောင့်ကြည့်ခဲ့ပြီးနောက် ထူးခြားမှုမရှိတဲ့အတွက် မွန်းလွဲ ၂ နာရီဝန်းကျင်မှာ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ တံတားဦး (ပကဖ) က ထုတ်ပြန်ချက်မှာဆိုပါတယ်။တပ်စခန်းအခြေအနေဟာ စခန်းအတွင်းမှာ အစောင့်တပ်သား ဆယ်ယောက်ကျော်လောက်သာ ချန်ထားရစ်ပြီး စခန်းကို စွန့်ခွာထားတဲ့ အနေအထားဖြစ် အဲဒီနောက် စခန်းတခုလုံးကို…
Read Moreကုန်စည်အဝင် ရပ်ဆိုင်းနေတာကြောင့် ပူတာအိုခရိုင်ရှိ မြို့တချို့မှာ အခြေခံစားကုန် ပြတ်လပ်
ဩဂုတ် ၂၁ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရှိ မြို့နယ်တချို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကုန်စည်အဝင် ရပ်ဆိုင်းနေပြီး အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ လူမှုကူညီရေး လုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် မေခနဲ့ မလိခမြစ် အထက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းကာ လမ်းပျက်စီးမှုတွေကြောင့် ကားတွေသွားလာလို့မရ ဖြစ်နေပြီး ပူတာအိုခရိုင်အတွင်းက နောင်မွန်း၊ ပနန်းဒင်နဲ့ ခေါင်လန်ဖူးမြို့နယ်တို့မှာ ကုန်စည်ဝင်ရောက်မှု ရပ်ဆိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ “အခုအခြေအနေက အခြေခံစားသောက်ကုန်က ပြတ်သလောက်ဖြစ်နေပြီ။ အဓိက က ဆန်မရှိတော့တာ။ ဆန်မရှိတော့ ဆန်ပြုတ် ပြုတ်သောက်နေရတယ်။ တဖြည်းဖြည်း ကြာလာတော့ ဆန်ပြုတ်တောင် နပ်မမှန်ချင်ကြတော့ဘူး။ ဒေသခံတွေ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ ကုန်တွေမဝင်တာလည်း နှစ်လလောက် ရှိနေပြီလေ” လို့ ခေါင်လန်ဖူးမြို့နယ်…
Read Moreထိုင်းမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု စတွေ့ပြီ
ဘန်ကောက်၊ ဩဂုတ်-၂၁-၂၀၂၄မျိုးဆက်(VOM)ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ မျိုးကွဲသစ် ကူးစက်မှု သံသယလူနာတယောက်ကို စတင်တွေ့ရှိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။အာဖရိက ဒေသမှာ ကူးစက်မှုတွေမြင့်တက်လာတဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတိပေးကြေညာထားပြီး လက်ရှိမှာတော့ အာဖရိက ဒေသပြင်ပ နိုင်ငံတချို့မှာ ကူးစက်မှုတွေရှိနေပါတယ်။အာရှဒေသမှာတော့ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်တို့မှာ ကူးစက်မှုတွေရှိနေသလို ထိုင်းနိုင်ငံမှာတော့ မျိုးကွဲဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိတဲ့ သံသယလူနာတယောက်ကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။သံသယလူနာဟာ အာဖရိကနိုင်ငံတခုကနေ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ဥရောပနိုင်ငံသားတယောက်ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေး ဌာနက ဆိုပါတယ်။ဒီမျိုးကွဲဟာ ပိုမိုအန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ဟုတ်မဟုတ် ဓါတ်ခွဲအတည်ပြုမှုရလဒ်တွေကို စောင့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မျိုးကွဲဟာ Clade 2 မဟုတ်နိုင်ဘူးလို့ ဆိုပါတယ်။လက်ရှိမှာတော့ မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသ ကွန်ဂို၊ ဘူရွန်ဒီ၊ ကင်ညာ ၊ ရဝမ်ဒါ၊ ယူဂန်ဒါတို့မှာ ဖြစ်ပွားနေပြီး ကူးစက်မှုနဲ့ သေဆုံးမှု…
Read Moreရန်ကုန် ဆင်ခြေဖုံးမြို့နယ်တွေက တိုက်ခန်းတွေ အရောင်းအဝယ်သွက်ပြီး စျေးမြင့်နေ
သြဂုတ် ၂၁ – ၂၀၂၄KG(VOM)ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်၊ ရပ်ကွက်တွေမှာရှိတဲ့ တိုက်ခန်းတွေဟာ လက်ရှိကာလမှာ အရောင်းအဝယ် သွက်နေပြီး စျေးမြင့်လာနေတယ်လို့ အိမ်ခြံမြေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။“အခုက နယ်ဘက်ကစစ်ရှောင်လာတဲ့သူတွေပေါ့။ သူတို့ ကလာဝယ်ကြတာများတယ်။ မြို့စွန်မြို့နယ်တွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့လိုနေရာတွေက တန်ဖိုးသင့်၊တန်ဖိုးနည်းတိုက်ခန်းတွေဘက်ကို အဝယ်တွေဆင်းလာကြတာများတယ်” လို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က ပြောပါတယ်။လတ်တလောကာလတွင် ရန်ကုန်မြို့ စွန် မြို့နယ်များ မှာရှိတဲ့ တန်ဖိုးသင့်၊တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွေရဲ့ အလွှာအလိုက်စျေးနှုန်းတွေဟာလည်း ကျပ် ၁၀ သိန်း ကနေ ကျပ်သိန်း ၃၀ ၊ ၄၀ ထိ မြင့်တက်လာတာတွေ ရှိတယ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။တော်တော်များများတော့အဝယ်ရှိကြတယ်။ ပုံမှန်အားဖြင့်အိမ်ခြံမြေတိုက်ခန်းစျေးကွက်ဆိုတာက မိုးတွင်းကာလဆိုပါးတယ်လေ။ အခုတော့မိုးတွင်းလည်းအရောင်း၊အဝယ်တွေရော တောက်လျှောက်တော့အလုပ်ဖြစ်နေတယ်လို့ပြောရင်ရပါတယ်။ နောက်တခုမြို့ထဲကနေဝိတ်လျော့ပြီးဒီဘက်ကိုဆင်းလာတဲ့သူပေါ့။ပြောင်းပြီးလာနေကြတဲ့သူတွေ ? တချို့ကလည်းလက်ထဲငွေမကိုင်ချင်လို့တိုက်ခန်းဝယ်ထားကြတာတွေလည်းရှိပါတယ်။”လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။ဒါအပြင် ယခုနှစ်ပိုင်းများအတွင်းရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေစျေးနှုန်းတွေဟာ အဆမတန်မြင့်တက်လာခဲ့သလို တိုက်ခန်းများအပြင် ကွန်ဒိုများလည်းအရောင်းအဝယ်ကောင်းခဲ့သည်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊…
Read Moreဂျီနီဖာလိုပက်ဇ်တို့ ဇနီးမောင်နှံ ကွာရှင်းပြတ်စဲ ကြတော့မယ်
ဝါရှင်တန်၊ ဩဂုတ်-၂၁-၂၀၂၄ရတီ (VOM)ကမ္ဘာကျော် အဆိုတော်နဲ့ သရုပ်ဆောင်မင်းသမီး ဂျီနီဖာလိုပက်ဇ်နဲ့ ခင်ပွန်းဖြစ်သူ ဘန်အက်ဖ်လက်ခ်တို့ဟာ လက်ထပ်ပြီးနောက် နှစ်နှစ်အကြာမှာ ကွာရှင်းပြတ်စဲဖို့ ဂျီနီဖာလိုပက်ဇ်က တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။သူမဟာ ဩဂုတ် ၂၀ ရက်က လော့စ်အိန်ဂျလိစ်ကောင်တီရှိ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားခဲ့တာဖြစ်ပြီး ဘန်နီဖာလို့ နာမည်တွင်ခဲ့တဲ့ သူတို့စုံတွဲဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ တရားဝင်လက်ထပ်ခဲ့ပြီး နောက်လအတွင်းမှာတော့ ဂျော်ဂျီယာမှာ မင်္ဂလာပွဲအကြီးအကျယ် ကျင်းပခဲ့ကြပါတယ်။သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကတော့ ၂၀၀၃ ခုနှစ်အတွင်းက အနုပညာအလုပ်တွေအတူလုပ်ရင် စတင်ခဲ့ကြာတာတဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲလက်ထပ်ဖို့ ၂၀၀၄ ခုနှစ်အစောပိုင်းမှာ သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြပါသေးတယ်။အဲဒီနောက်မှာတော့ ဆက်ဆံရေးပြန်လည်အဆင်ပြေခဲ့ပြီး လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးအပေါ် ထင်ကြေးပေးမှုအမျိုးမျိုး ထွက်ပေါ်ခဲ့ပေမယ့် ကွာရှင်းခွင့်လျှောက်ထားတာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။အသက် ၅၅ နှစ်အရွယ် လိုပက်ဇ်နဲ့ ၅၂ နှစ်အရွယ် အက်ဖ်လက်တို့ဟာ သူတို့ရဲ့ လက်ရှိဝင်ငွေ၊ အသုံးစရိတ်တွေ၊…
Read More