သီပေါ စစ်ရှောင်အများစုရှိနေတဲ့ ဘော်ကြိုဘက်မှာစားနပ်ရိက္ခာ ခက်ခဲနေ

ဩဂုတ် ၂၂၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ တုံစင့်ရွာဘက်မှာ တိုက်ပွဲ ဖြစ်နေဆဲ ဖြစ်ပြီး မြို့ထဲမှာတော့ ငြိမ်သက်နေကာ စစ်ရှောင်တွေ အများစုရှိနေတဲ့ ဘော်ကြိုဘက်မှာတော့ စားနပ်ရိက္ခာ ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“တုံစင့် အဆိုးဆုံး။ တုံစင့်ရယ်၊ ဇာတ်စုရပ်ရယ်၊ ညောင်ကိုးပင်ရယ်၊ မြို့လယ်ရပ်ရယ်။ မန်မန် ရွာသစ်ပေါ့။ နားမုံပေါ့ အဲဘက်မှာေပါ့။ အခုချိန်ထိ အခြေအနေ အရမ်းမကောင်းသေးဘူးဗျ။ အခုချိန်ထိ သိမ်းလို့ မပြီး သေးဘူး။” လို့ ဒေသခံ အမျိုးသား တယောက် က ပြောပါတယ်။
အခုရက်ပိုင်း ၅ ရက်ခန့် သီပေါမြို့ပေါ်မြန်မာရပ်၊ အနောက်ရပ် တွေဘက် အေးချမ်းနေပြီး မြို့လယ်ရပ်နဲ့ နမ့်ပေါ့ချောင်းဘေးဘက်တွေလည်း အဆင်ပြေလာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ည ၇ နာရီ ကနေ မနက် ၆ နာရီ အထိ အပြင်ထွက် သွားလာတာတွေ မလုပ်ဖို့ မာရှာလော ထုတ်ထားပြီး လက်ရှိမှာတော့ တုံစင့်ရွာဘက်အခြမ်းကို ပစ်ခတ်သံတွေ ကြားနေရသလို အရပ်သား တွေကိုလည်း ပေးမဝင်သေးဘူးလို့ ဆိုပါတယ်။
စစ်ရှောင် အများစုကတော့ သီပေါ လဘာ်ကြိုဘက်မှာ ရှောင်ကြပြီး နေအိမ် ငှားနေတဲ့ သူတွေ ရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာပါ စစ်ရှောင်တွေပြည့်နေတယ်လို့ စစ်ရှောင် တယောက်က ပြောပါတယ်။
“အခု လက်ရှိ ဘော်ကြို ဘုရားထဲမှာ လူက သောင်းနဲ့ ချီရှိပါတယ်။ တိုးဂိတ် ကနေစပြီး တလမ်းလုံး ဘော်ကြိုကအစ ရွာတွထဲမှာ လိုက်နေတယ်။ ငှားနေတာလည်း ရှိတာေပါ့နော်။” လို့ သူက ပြောပါတယ်။
CDMA ဖုန်းလိုင်း အပါအဝင် ဖုန်းလိုင်းတွေ အားလုံး ဖြတ်တောက် ထားတာကြောင့် အဆက်အသွယ်ရဖို့ ကား ၂ နာရီခန့် မောင်းရတဲ့ တောင်ကုန်း ပြောင်းခြံဘက် ဖုန်းသွားဆက်၊ လိုင်းတွေ သွားသုံး ရတယ်လို့ သုက ပြောပါတယ်။
စားသောက်ကုန်တွေ သယ်ယူ နောင်ချို အောက်ဘက် ကားလမ်းတွေ အဆင်မပြေတာကြောင့် စားသောက်ကုန်တွေ သယ်ယူဖို့ အဆင်မပြေတာကြောင့် ဒေသခံတွေက စားသောက်ကုန် ပြတ်လပ်လာသလို စစ်ရှောင်တွေ အများစုရှိနေတဲ့ ဘော်ကြိုဘက်မှာတော့ စားနပ်ရိက္ခာ ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။
သီပေါမြို့ထဲမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ နေရာယူထားပြီး လက်ရှိမြို့ပြင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ – ၂၃၊ ခမရ – ၅၀၃ နဲ့ ၅၀၄ တွေမှာ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ရှမ်းလေး

Related posts

Leave a Comment

VOM News

FREE
VIEW