ထိုင်းမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု စတွေ့ပြီ



ဘန်ကောက်၊ ဩဂုတ်-၂၁-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ မျိုးကွဲသစ် ကူးစက်မှု သံသယလူနာတယောက်ကို စတင်တွေ့ရှိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အာဖရိက ဒေသမှာ ကူးစက်မှုတွေမြင့်တက်လာတဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတိပေးကြေညာထားပြီး လက်ရှိမှာတော့ အာဖရိက ဒေသပြင်ပ နိုင်ငံတချို့မှာ ကူးစက်မှုတွေရှိနေပါတယ်။

အာရှဒေသမှာတော့ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်တို့မှာ ကူးစက်မှုတွေရှိနေသလို ထိုင်းနိုင်ငံမှာတော့ မျိုးကွဲဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိတဲ့ သံသယလူနာတယောက်ကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သံသယလူနာဟာ အာဖရိကနိုင်ငံတခုကနေ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ဥရောပနိုင်ငံသားတယောက်ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေး ဌာနက ဆိုပါတယ်။

ဒီမျိုးကွဲဟာ ပိုမိုအန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ဟုတ်မဟုတ် ဓါတ်ခွဲအတည်ပြုမှုရလဒ်တွေကို စောင့်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မျိုးကွဲဟာ Clade 2 မဟုတ်နိုင်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသ ကွန်ဂို၊ ဘူရွန်ဒီ၊ ကင်ညာ ၊ ရဝမ်ဒါ၊ ယူဂန်ဒါတို့မှာ ဖြစ်ပွားနေပြီး ကူးစက်မှုနဲ့ သေဆုံးမှု မြင့်တက်နေပြီး အယောက် ၁၀၀ မှာ လေးယောက် သေဆုံးမှုနှုန်းရှိနေပါတယ်။

Ref:CNA
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW