အက်ဖ်-၁၆ တိုက်လေယာဉ် ပျက်ကျပြီးနောက် ယူကရိန်းလေတပ်အကြီးအကဲ ရာထူးကနေ ထုတ်ပယ်ခံရ



ကိဗ်ယက်၊ စက်တင်ဘာ-၁-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းကို အနောက်အုပ်စုမဟာမိတ်တွေ ထောက်ပံ့ပေးထားတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေချိန်မှာ ယူကရိန်းလေတပ်အကြီးအကဲကို သမ္မတ ဇီလန်စကီးက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ယူကရိန်းလေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာအိုလပ်ချော့ခ်ကို ထုတ်ပယ်ရတဲ့အကြောင်းရင်းကို ဖော်ပြမထားပေမယ့် မိမိတို့ရဲ့ စစ်သည်တော်အားလုံးကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းအတွက် ထောက်ပံ့ပေးထားတဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တစင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြားမှာ ပျက်ကျခဲ့တာဖြစ်ပေမယ့် ရန်သူ့လက်ချက်တိုက်ရိုက်မိခဲ့တာမဟုတ်ဘူးလို့ ယူကရိန်းဘက်က ဆိုပါတယ်။

အဖိုးတန်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ် ယူကရိန်းနိုင်ငံရေးသမားအချို့က လေတပ်အကြီးအကဲ မိုင်ကိုလာအိုလပ်ချော့ခ်ကို အပြစ်တင်ခဲ့ပြီးနောက် အခုလို ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားက ၂၀၂၂ ခုနှစ်မှာ အပြည့်အ၀ကျူးကျော်ပြီးနောက်မှာ ယူကရိန်းအရှေ့ပိုင်း နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းတပ်တွေဟာ ရုရှားအနောက်ပိုင်း ကာ့ဒ်ဒေသကို ဩဂုတ်လအစောပိုင်းက အံ့အားသင့်ဖွယ် ဝင်ရောက်တိုက်ခိုက်နေပါတယ်။

ဒီလိုတိုက်ခို်ကမှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားကလည်း ယူကရိန်းနိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့ပြီး ယူကရိန်းအရှေ့မြောက်ပိုင်းမှာ ၁၄ နှစ်အရွယ် မိန်းကလေးတယောက်သေဆုံးခဲ့ပြီး ရုရှားနယ်စပ်အနီးက မြို့မှာ ဒုံးကျည်ကြောင့် ၁၂ ထပ်တိုက်ပြိုကျလို့ ခြောက်ယောက်သေပြီး ၅၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW