နမ့်လန်မှာ တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်တချို့ ရေကြီးနေပြီး ကားလမ်းတွေလည်း ပိတ်နေ

စက်တင်ဘာ ၅၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့မှာ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်း မိုးသည်းထန်ခဲ့လို့ တောင်ကျရေကြီးလာကာ တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တချို့ ရေကြီးနေပြီး ကားလမ်းတွေလည်း ပိတ်နေ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ့်လန်မှာ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်း မိုးကြီးပြီး တောင်ကျရေများလို့ မြို့တွင်း ရေကြီးရေလျှံ ဖြစ်လာတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
တမနက်ပဲ မိုး သည်းသည်း ထန်ထန်ရွာပေမယ့် မြို့ထဲက နေအိမ်တွေနဲ့ ကျောင်းဝင်းမှာရော ရေတွေဝင်ကုန်ပြီး ကားလမ်းမှာလည်း ရေတွေလျှံကုန်တာ်လို့ ဆိုပါတယ်။
“ရေ ဝင်တဲ့ အိမ်လည်းဝင်တယ်။ အိမ်တော်တော် များများ ရေဝင်ကုန်တယ်။ တောင်ကျရေ တွေပါ။” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
မနက်ပိုင်းတုန်းက ရေကြီးလို့ ကားတွေပါ ပိတ်နေတာ ခုညနေပိုင်းတော့ ရေနည်းလာပြီ ဖြစ်ပြီး လမ်းကတော့ ပြန်ဖွင့်ပြီလို့ သိရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်က်တင်ဘာလ ၁ ရက် နေ့ မနက်ပိုင်းကလည်း နမ့်လန် မြို့နဲ့ အနီးနားရွာတွေ ဖြစ်တဲ့ ကောင်းလန်းရွာနဲ့ တခြားရွာတွေမှာ မိုးကြီးပြီး တောင်ကျရေ များတာကြောင့်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါသေးတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နေရာဒေသ တော်တော်များများမှာ ယခု မိုးရာသီအတွင်း စစ်ဘေး အပြင် ရေဘေးပါ ကြုံနေကြရတာပါ။
Video Crd# NPhPH

Related posts

Leave a Comment

VOM News

FREE
VIEW