အမေရိကန်သမ္မတရွေးကောက်ပွဲ ရုရှားဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေ



ဝါရှင်တန်၊ စက်တင်ဘာ-၅-၂၀၂၄
မျိုးဆက်(VOM)

ရုရှားဟာ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေကြောင်း အမေရိကန်က စွပ်စွဲလိုက်ပြီး ရုရှားနိုင်ငံပိုင် သတင်းဌာန ထိပ်တန်းတာဝန်ရှိသူတွေကို ဒဏ်ခတ်ပို့ဆိုလိုက်ပါတယ်။

အမေရိကန်တရားရေးဌာန၊ ဘဏ္ဍာရေးဌာနတို့ရဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ကန့်သတ်မှုတွေကို ပြီးခဲ့တဲ့နေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ရုရှားနဲ့ဆက်နွယ်တဲ့ သတင်းဌာနတွေကိုပါ ထုတ်လွှင့်မှုတွေ ကန့်သတ်ခဲ့ပါတယ်။

အရေးယူပိတ်ဆို့မှုခံရသူတွေကတော့ ရုရှားတူးဒေးသတင်းဌာနရဲ့ အကြီးအကဲလည်းပါဝင်နေပါတယ်။ ဒီသတင်းဌာနဟာ ရုရှားအစိုးရရဲ့ ဝါဒဖြန့်အကြောင်းအရာတွေကို အမေရိကန်ပြည်သူတွေဆီရောက်အောင် အကြောင်းအရာဖန်တီး ထုတ်လွှင့်ပေးဖို့ တင်နက်ဆီရှိ ကုမ္ပဏီတခုကို ငွေပေးခဲ့တယ်လို့ အမေရိကန်ရှေ့နေချုပ် မားရစ်ဂါလန်းက စွပ်စွဲထားပါတယ်။

ရုရှားတူးဒေး သတင်းဌာနအကြီးအကဲ မာဂရီတာဆင်မွန်ယန်သည် အမေရိကန်လူ့အဖွဲ့အစည်းအပေါ် ထိခိုက်စေတဲ့ လုပ်ရပ်တွေအတွက် အရေးယူပိတ်ဆို့ခံရတဲ့ လူ ၁၀ ယောက်ထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ ရုရှားတူဒေးကတော့ ဒီစွပ်စွဲချက်နေတွကို ငြင်းဆိုထားပါတယ်။

ဒေါ်နယ်ထရန့်နဲ့ ကမလာဟားရစ်တို့ရဲ့ ပြိုင်ဆိုင်မှုမှာ ရုရှားက သူလိုချင်တဲ့ရလဒ်ထွက်အောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။ ရုရှားရဲ့ အစီအစဉ်ကတော့ ယူကရိန်းအတွက် နိုင်ငံတကာထောက်ခံမှုတွေ လျှော့ချဖို့၊ ရုရှားလိုလားတဲ့ မူဝါဒတွေနဲ့ အကျိုးစီးပွားကို မြှင့်တင်ဖို့နဲ့ အမေရိကန်မဲဆန္ဒရှင်တွေကို ဩဇာလွှမ်းမိုးဖို့ ရည်ရွယ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW