မြန်မာ – အိန္ဒိယနယ်စပ်က ဖျားနာနေတဲ့ စစ်ရှောင်တွေ ဆေးဝါးကုသခွင့်မရလို့ အသက်ဆုံးမှုတွေ ရှိလာ

စက်တင်ဘာ ၇ – ၂၀၂၄SS (VOM)မြန်မာ – အိန္ဒိယနယ်စပ်၊ ဥခရုလ်ခရိုင်က ဖျားနာနေတဲ့ စစ်ရှောင်တွေ ဆေးဝါးကုသခွင့်မရလို့ အသက်ဆုံးမှုတွေ ရှိလာတယ်လို့ အဲဒီ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။လက်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ကလေးငယ်တွေအပါအဝင် လူကြီး၊ လူငယ် အများအပြား ဖျားနာနေကြပြီး ဆေးကုသဖို့အတွက် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေသလို လူသားချင်းစာနာမှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။“ဆေးကုလို့ ပျောက်မယ့် ရောဂါတွေဖြစ်ပေမယ့် အသက်ဆုံးရှုံးနေရတာ။ သေချာကုသလို့ရမယ့် ဆေးက လုံလုံလောက်လောက် ရှိဖို့ လိုအပ်နေတာ။ အားဆေးတွေလည်း လိုအပ်တယ်။ ဖြစ်တာက ဝမ်းပျက်ဝမ်းလျှောနဲ့ ရာသီတုပ်ကွေးက အများဆုံးဖြစ်နေတာ။ အမျိုးသမီး လစဥ်သုံးပစ္စည်းတွေလည်း အရမ်းကိုလိုအပ်နေတယ်။ အခုအခြေအနေနဲ့ စျေးကလည်း အဆမတန်ကို တက်လာတာတော့ ဝယ်ယူဖို့ အဆင်မပြေတာနဲ့ရောဆိုတော့ အတော်လေး အခက်တွေ့နေရတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လ…

Read More

အမှိုက် မိုးပျံပူပေါင်း ရာပေါင်းများစွာ မြောက်ကိုရီးယားက တောင်ကိုရီးယားဘက် လွှတ်တင်ပြန်

ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယားဟာ အမှိုက်တွေပါတဲ့ မိုးပျံပူပေါင်း ရာပေါင်းများစွာကို တောင်ကိုရီးယားဘက်ကို ထပ်မံလွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။မနေ့ကနှောင်းပိုင်းမှာ အမှိုက်မိုးပျံပူပေါင်း အလုံး ၁၉၀ အပါအဝင် ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ တောင်ကိုရီးယားဘက်ကို အလုံး ၉၀၀ ကျော်လွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ဆိုပါတယ်။အမှိုက်မိုးပျံပူးပေါင်းတွေဟာ ဆိုးလ်နဲ့ မြောက်ပိုင်း ဂျောင်ဂီပြည်နယ်တို့မှာ ကျရောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါတွေဟာ အများပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှုမရှိဘူးလို့ ဆိုပါတယ်။တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူတွေရဲ့ မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာစောင်တွေကို လွှတ်တင်ပေးပို့မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ မေလကတည်းက ခုချိန်ထိ အမှိုက် မိုးပျံပူပေါင်းအလုံးရေ ၅၀၀၀ ကျော်ထိ လွှတ်တင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ တောင်ကိုရီးယားကလည်း နယ်စပ်မှာ မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေကို အသံချဲ့စက်နဲ့ထုတ်လွှင့်ခဲ့မှုတွေကို ပြန်လည်စတင်ခဲ့ပါတယ်။လက်ရှိမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေကြားမှာ ဆက်လက်လုပ်ဆောင်နေပြီး ဒေသတွင်းမှာ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။Ref:AFPPhoto:AP

Read More

ထားဝယ်က မျောက်ကျောက် သံသယလူနာ ရောဂါကူးစက်မှု မတွေ့ရ

စက်တင်ဘာ ၇ – ၂၀၂၄ SN (VOM) တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာတွေ့ရှိတဲ့ မျောက်ကျောက် သံသယလူနာ တယောက်ရဲ့ ဓာတ်ခွဲစစ်ဆေးမှု ရလဒ်အရ မျောက်ကျောက်ရောဂါ မတွေ့ရှိရဘူးလို့ အဲဒီဆေးရုံနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ အဲဒီ လူနာဟာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ စတင်ဖျားကာ အရေပြားမှာ အဖုအပိန့်တွေ ထွက်ရှိလာတာကြောင့် စက်တင်ဘာ ၂ ရက်နေ့မှာ ပုဂ္ဂလိကဆေးရုံကို သွားရောက်ပြသစဥ် မျောက်ကျောက်ရောဂါ သံသယလက္ခဏာလို့ ဆေးရုံက ယူဆခဲ့တဲ့အတွက် ထားဝယ်ပြည်သူ့ဆေးရုံကြီးကို တက်ရောက် ဆေးကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်။ “သူ့ကို သီးသန့်ခွဲထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ စက်တင်ဘာ ၄ ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ Negative ထွက်တယ်။ မျောက်ကျောက်ရောဂါ မတွေ့ရှိရဘူးလို့ သိရပါတယ်။…

Read More

အိန္ဒိယ ခရီးသည်တင်လေယာဉ်တစင်း ဗုံးခြိမ်းခြောက်ခံရလို့ တူရကီမှာ အရေးပေါ်ဆင်းသက်

အန်ကာရာ၊ စက်တင်ဘာ-၇-၂၀၂၄မျိုးဆက်(VOM)အိန္ဒိယနိုင်ငံ Vistara လေကြောင်းလိုင်းက လေယာဉ်တစင်းဟာ ဗုံးခြိမ်းခြောက်ခံရမှုကြောင့် တူရကီနိုင်ငံ အရှေ့ပိုင်း အာဇူရမ်မြို့လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။လေယာဉ်ပေါ်မှာ ဗုံးထောင်ထားတယ်ဆိုတဲ့ စာရွက်တရွက်ကို လေယာဉ်ပေါ်က သန့်စင်ခန်းမှာ တွေ့ရှိပြီးနောက်မှာ အခုလို အရေးပေါ်ဆင်းသက်ခဲ့တာဖြစ်ပြီး ခရီးသည် ၂၃၄ ယောက်နဲ့လေယာဉ်အမှုထမ်း ၁၃ ယောက်တို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တူရကီတာဝန်ရှိသူတွေက ပြောပါတယ်။အိန္ဒိယနိုင်ငံ မွမ်ဘိုင်းကနေ ဂျာမနီနိုင်ငံ ဖရန့်ဖတ်ကို ပျံသန်းလာတဲ့ လေယာဉ်ဟာ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် လမ်းကြောင်းပြောင်းခဲ့ရပြီး တူရကီနိုင်နိုင်ငံ အာဇူရမ်လေဆိပ်မှာ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်မှာ ဆင်းသက်ခဲ့တယ်လို့ Vistara လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။“ည ၁၁ နာရီခွဲမှာ လေယာဉ်ကို ရှာဖွေရေးလုပ်ငန်းစဉ်အားလုံး ပြီးမြောက်ခဲ့ပါတယ်။ ဘာဗုံးမှမတွေ့ပါဘူး ။ ဗုံးထောင်ထားတယ်ဆိုတာ ခြိမ်းခြောက်မှုသာ ဖြစ်တယ် ”လို့ အာဇူရမ်အုပ်ချုပ်ရေးမှူးက လေဆိပ်မှာ သတင်းထောက်တွေကို…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၇ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၉၇ ဒေါ်လာ ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် ပြင်ပပေါက်စျေး -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၄၀၀ ကျပ် ဝယ်ဈေး…

Read More

Starliner အာကာသယာဉ် အာကာသယာဉ်မှူးတွေမပါဘဲ ကမ္ဘာမြေပြန်လာနေ

ဝါရှင်တန်၊ စက်တင်ဘာ-၇-၂၀၂၄ မျိုးဆက်(VOM) ဘိုးအင်းကုမ္ပဏီရဲ့ Starliner အာကာသယာဉ်ဟာ အာကာသယာဉ်မှူးတွေမပါဘဲ ကမ္ဘာမြေအပြန်ခရီးစဉ် စတင်နေပြီဖြစ်တယ်လို့ အမေရိကန်အာကာသအေဂျင်စီ(နာဆာ) က ပြောပါတယ်။ အာကာသယာဉ်ဟာ နို်ငငံတကာ အာကာသစခန်းက အလိုအလျောက်မောင်းနှင်မှုစနစ်နဲ့ ကမ္ဘာမြေကို ပြန်လာမှာဖြစ်ပြီး နာဆာအာကာသယာဉ်မှူး ဘတ်ချ်ဝီလ်မောနဲ့ ဆူနီဝီလီယံတို့နဲ့အတူ လွှတ်တင်ခဲ့တဲ့ ဒီအာကာသယာဉ်ဟာ သူတို့တွေနဲ့အတူ ပြန်လာဖို့ အန္တရာယ်များတယ်လို့ ဆိုပါတယ်။ ဒီအစား အာကာသယာဉ်မှူးတွေဟာ SpaceX Crew Dragon အာကာသယာဉ်နဲ့ ပြန်လာမှာဖြစ်ပြီး နိုင်ငံတကာ အာကာသစခန်းမှာ ရှစ်လနေထိုင်ဦးမှာဖြစ်တယ်လို့ နာဆာက ပြောပါတယ်။ သူတို့တွေရဲ့ အခြေအနေကောင်းမွန်တယ်လို့ ဆိုပါတယ်။ Starliner အာကာသယာဉ် ကမ္ဘာမြေအပြန်ခရီးစဉ်ဟာ အချိန် ခြောက်နာရီကြာမြင့်မှာဖြစ်ပြီး ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက်ပြီးနောက် နယူးမက္ကဆီကိုမှာ ဆင်းသက်မှာဖြစ်ပါတယ်။ ဘိုးအင်းက ထုတ်လုပ်ထားတဲ့ ဒီအာကာသယာဉ်ဟာ အာကာသယာဉ်မှူးတွေနဲ့အတူ အာကာသပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။ အဲဒီနောက်မှာ တွန်းကန်အားစနစ်နဲ့ပတ်သက်တဲ့နည်းပညာဆိုင်ရာ ပြသနာတွေ ဖြစ်ပေါ်ခဲ့ပြီး…

Read More

This Day in History

Voice of Myanmarအမေရိကန်ထိန်းချုပ်ထားသော ပနားတူးမြောင်းကို ၂၀ ရာစုအကုန်တွင် ပနားမားသို့ ပြန်လည်လွှဲပြောင်းပေးရေးနှင့်ပတ်သက်သည့် သဘောတူညီချက်ကို အမေရိကန်သမ္မတ ဂျင်မီကာတာနှင့် ပနားမားအာဏာရှင် အိုမာတိုရီဟိုတို့က ၁၉၇၇ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

Read More
VOM News

FREE
VIEW