မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်နေ

ပြုံးယမ်း၊ စက်တင်ဘာ-၈-၂၀၂၄ မျိုးဆက်(VOM) လာမယ့်သီတင်းပတ်မှာ ကျရောက်မယ့် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ်ပတ်လည်နေ့မတိုင်ခင် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောကနေပါတယ်။ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဆန်ဂျီလ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က တရုတ်နိုင်ငံ ပေကျင်းလေဆိပ်မှာ ခေတ္တနားခဲ့ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံအပါဝင် အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။ အခြား မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာလည်း ဘူလ်ဂေးရီးယားနဲ့ အရှေ့ဥရောပရှိ အခြားနိုင်ငံတွေကို သွားရောက်ဖို့ စေလွှတ်ထားတယ်လို့ သံတမန် သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးအဆင်ပြေအောင်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ယခုနှစ် သံတမန်ရေးရာ မူဝါဒမှာ ထည့်သွင်းပြောကြားထားပါတယ်။ ကင်ဂျုံအန်ဟာ ယခုနှစ်အတွင်း ရုရှား၊ အီရန်နဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ထားပြီး ရုရှားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း နက်ရှိုင်းစွာ လုပ်ဆောင်နေပြီး ဒါဟာ အမေရိကန် ၊…

Read More

ချင်းပြည်နယ်က မြို့ ရှစ်မြို့မှာ သုံးနှစ်ကျော် ကြာတဲ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြန်မရသေး

စက်တင်ဘာ ၈ – ၂၀၂၄ SS (VOM) ချင်းပြည်နယ်က မြို့ ရှစ်မြို့မှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း သုံးနှစ်ကျော် ကြာလာတဲ့အထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြန်လည် မရရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ မြို့နယ်တွေကတော့ တီးတိန်၊ ဖလမ်း၊ တွန်းဇံ၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့နယ်တို့ဖြစ်ပြီး ပလက်ဝမြို့နယ်ကတော့ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာဖြစ်ကာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှာလည်း အင်တာနက်အပြင် ဖုန်းလိုင်းတွေပါ ထပ်မံဖြတ်တောက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတော့ သတင်းစီးဆင်းမှု ရပ်တန့်နေတာပေါ့။ အချိန်နဲ့တပြေးညီ ဘာမှ သိခွင့်မရဘူး။ ကောလာဟလ သတင်းတွေကြားမှာ စိုးရိမ်စိတ်တွေနဲ့ နေထိုင်‌နေရတယ်။ ဒီလိုဖြစ်နေတာ ချင်းပြည်နယ်တခုလုံးလို့ ပြောလို့ရတယ်။ ဟားခါးတခုပဲ ဖုန်းနဲ့…

Read More

အရေးယူ နှိမ်နင်းနေပေမယ့် တာချီလိတ်မှာ ကျားဖြန့်လုပ်ငန်းအများအပြား ဆက်လက်လုပ်ကိုင်နေ

စက်တင်ဘာ ၈၊ ၂၀၂၄Shy V (VOM)ကျားဖြန့် နှိမ်နင်းရေးတွေ လုပ် နေပေမယ့် တာချီလိတ်မှာ လက်ရှိအထိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ် လုပ်ငန်းအများအပြား ဆက်လက်လည်ပတ် လုပ်ကိုင်နေကြဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။“တာချီလိတ် မြို့မှာတော့ တရုတ် ကျားဖြန်လုပ်ငန်းများ ဆက်လည်ပတ်နေဆဲပဲ။ အရင်လို အုံလိုက် ကျင်းလိုက် မဟုတ်ပေမယ့် လည်ပတ်နေဆဲပဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။တရုတ်နိုင်ငံသား ကျားဖြန်လုပ်သူတွေနဲ့ အွန်လိုင်းလိမ်လည်မှု ကျွမ်းကျင်သူ ရာထူးကြီးပိုင်းတွေဟာ နယ်ခံအာဏာပိုင်တွေကို လိုင်းကြေး၊ လမ်းကြေး အများအပြား ပေးထားကြတာကြောင့် အဖမ်းအဆီးရှိရင် ကြိုတင်သတင်း ရကြလို့ ကြိုတင် ရှောင်ထားကြတာလို့ သူက ပြောပါတယ်။“ရှန်းလိုက် ဆိုတဲ့ အပန်းဖြေတဲ့ဝန်းမှာ ကျားဖြန့် လုပ်သူတွေ အုပ်စုလိုက် လာဖြုန်းနေကြတာ။ လည်ပတ်သမျှ ကျားဖြန့် တရုတ်တွေ ကို လုံခြုံရေး အပြည့်၊…

Read More

ဗင်နီဇွဲလား အတိုက်အခံသမ္မတလောင်း စပိန်မှာခိုလှုံခွင့်တောင်းပြီး နိုင်ငံကနေ ထွက်ခွာ

ကရာကတ်စ်၊ စက်တင်ဘာ-၈-၂၀၂၄မျိုးဆက်(VOM)ဗင်နီဇွဲလားအတိုက်အခံ သမ္မတလောင်း အက်မန်ဒိုဂွန်ဇာလက်ဇ်ဟာ စပိန်မှာခိုလှုံခွင့်တောင်းခံပြီးနောက် နိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာဒူရိုအနိုင်ရရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီးနောက်မှာ အတိုက်အခံတွေရဲ့သမ္မတလောင်းဖြစ်သူ မစ္စတာဂွန်ဇာလက်ဟာ ဖမ်း၀ရမ်း ထုတ်ခံရတာကြောင့် ပုန်းအောင်းနေခဲ့ရပါတယ်။သူဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကရာကတ်စ်ရှိ စပိန်သံရုံးမှာ ခိုလှုံခွင့်ရရှိခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့ကာ နိုင်ငံတွင်းမှ ထွက်ခွာရေးအတွက်လည်း အာဏာပိုင်တွေနဲ့ သဘောတူညီချက်ရရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။မစ္စတာဂွန်ဇာလက်ဇ်ဟာ သူ့ရဲ့တောင်းဆိုမှုအရ စပိန်လေတပ်လေယာဉ်တစင်းနဲ့ ဗင်နီဇွဲလားမှ ထွက်ခွာခဲ့ကြောင်း ၊ စပိန်အစိုးရအနေနဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေရဲ့ နိုင်ငံရေးအခွင့်အရေးတွေအတွက် ကတိကဝတ်ပြုထားတယ်လို့ စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေးမန်နျူရယ်အယ်လ်ဘာရက်စ်က ပြောပါတယ်။ဂွန်ဇာလက်ဇ်နိုင်ငံတွင်းက ထွက်ခွာသွားတာကို သူ့ရဲ့ ရှေ့နေဖြစ်သူကလည်း အတည်ပြုထားပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ သူနိုင်ငံကနေ ထွက်ခွာသွားချိန်မှာ ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့တွေဟာ အာဂျင်တီးနားသံရုံးကို ဝိုင်းခဲ့ပြီး နိုင်ငံရေးအကြမ်းဖက်မှု ကြံစည်နေတဲ့ အတိုက်အခံခြောက်ယောက် ခိုလှုံနေတယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။Ref:BBCPhoto:Reuters

Read More

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ လက်နက်ကြီးကျလို့ အဆောက်အဦတွေ ပျက်စီး

စက်တင်ဘာ ၈၊ ၂၀၂၄ Shy V (VOM) MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ ထိန်း ချုပ်ထားတဲ့ လားရှိုးမှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ မနက် ၄ နာရီ လက်နက်ကြီးကျလို့ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပြီး လူသေဆုံးမှုမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ “နစကဘက်က လေယာဉ်နဲ့နှစ်ခါ လာသွားတယ်။ တခါက သူခိုးတွေခိုးသွားတဲ့ ကားတွေ ပြန်မိလို့ ထားထားတဲ့ မိုးလုံလေလုံ ဘောလုံးကွင်းမှာ လက်နက်ကြီးကျတာ။ ကားတွေထိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ကားတွေနဲ့ အ ဆောက်အဦတွေ ထိခိုက်ပျက်စီးတယ်လို့ သိရပြီး လူအထိအခိုက်တော့ မကြားရဘူးလို့ သူက ဆိုပါတယ်။ လက်နက်ကြီးကျတာ နှစ်နေရာဖြစ်ပြီး လားရှိုး ရပ်ကွက် ၁၂ ထဲက ရေပူစမ်းသွားတဲ့ လမ်းရှိ…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

စက်တင်ဘာ ၈ – ၂၀၂၄ SN (VOM) အခုတပတ်မှာတော့ ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ နိုင်ငံခြား ငွေလဲနှုန်းတွေနဲ့အတူ ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် စက်သုံးဆီဈေးတွေကတော့ တဖြည်းဖြည်းချင်း ပြန်တက်နေပြီး ဆီဆိုင်တွေမှာလည်း အကန့်အသတ်နဲ့သာ ဝယ်ယူရရှိတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလိုပဲ အခြေခံ စားသောက်ကုန်ဈေးတွေဟာလည်း အရှိန်ကောင်းကောင်းနဲ့ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး ပြင်ပဈေးကွက်မှာ စားသုံးဆီ ဝယ်ယူရ ခက်ခဲနေဆဲဖြစ်သလို ဈေးအဆမတန် ကွာဟမှုကြောင့် ရောင်းသူတွေတွေလည်း အခက်တွေ့ရတယ်လို့ သိရပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း အရင်တပတ်က ပြင်ပရွှေဈေးကွက်အတွင်း အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည် တကျပ်သား ဈေးအမြင့်ဆုံး ၇၅ သိန်းဝန်းကျင်အထိ ရှိခဲ့ပေမယ့် အခုတပတ်မှာတော့ ၆၉ သိန်းဝန်းကျင်အထိ ကျဆင်းလာတာကို တွေ့ရပါတယ်။ တပတ်အတွင်း ကျပ် ခြောက်သိန်းလောက် ပြန်လည် ကျဆင်းလာတာ…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၈ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၉၇ ဒေါ်လာ ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် ပြင်ပပေါက်စျေး -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၂၅၀ ကျပ် ဝယ်ဈေး…

Read More

မြိုင်မြို့ပေါ်က အစိုးရအဆောက်အဦအချို့ မီးရှို့ခံရ

စက်တင်ဘာ ၈ – ၂၀၂၄ GG (VOM) မကွေးတိုင်း မြိုင်မြို့ပေါ်က အစိုးရအဆောက်အဦအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရမှု စက်တင်ဘာလ ၇ ရက်က ဖြစ်ပွားခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။ မြိုင်မြို့ပေါ်မှာ မီးလောင်ခဲ့တဲ့ အစိုးရအဆောက်အဦတွေကတော့ ဥပဒေရုံး၊စည်ပင်ရုံးတို့​ဖြစ်​ပြီး ပြည်ခိုင်ဖြိုးပါတီရုံးလည်း မီးရှို့ခံခဲ့ရပါတယ်။ မြိုင် -ပခုက္ကူကားလမ်းက နစကလုံခြုံရေးတပ်ဂိတ်စခန်း တိုက်ခိုက်မှုမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် မြိုင်မြို့ထဲက အစိုးရအဆောက်အဦအချို့ မီးရှို့ဖျက်ဆီးခံရတာဖြစ်​ပြီး ရုံးပိတ်ရက်ဖြစ်တာကြောင့် လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။ ပစ်ခတ်မှု နဲ့မီးရှို့ခံရပြီးနောက် မြိုင်မြို့အတွင်း ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာကြောင့် မြို့တွင်းအသွားအလာကျဲ သွားတယ်လို့သိရပါတယ်။ ” မနေ့က လက်ယက်မရွာမှာ ဖြစ်တယ်။အခုဒီနေ့က မြို့ပေါ်မှာ အဆောက်အဦ တွေ မီးရှို့ခံရတယ်။မြိုင်အထွက်က လမ်းပေါ်ကစစ်ဆေးရေးဂိတ်ဘက်လည်း ပစ်ခတ်မှုဖြစ်တယ်တယ်။ လက်ယက်မရွာဘက်မှာက တိုက်ပွဲမရှိဘဲ ဖြစ်တာလို့သိရတယ်။သေဆုံးတဲ့အထဲမှာဆိုရင် ကျွန်တော်တို့သိရတာ တယောက်က ဆိုင်ကယ်စီးရင်း လက်နက်ထိမှန်သေတယ်။ လေးယောက်က ဗုံးခိုကျင်းထဲနေချိန် အနားလက်နက်ကြီးကျလို့အထဲမှာပဲသေသွားတယ် ”…

Read More

This Day in History

Voice of Myanmarဗြိတိန်ထီးနန်းကို နှစ်ပေါင်း ၇၀ စိုးစံခဲ့သော အဲလိဇဘတ်-၂ ဘုရင်မကြီးသည် အသက် ၉၆ နှစ်အရွယ် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ကွယ်လွန်ခဲ့ပြီး အရိုက်အရာကို သားဖြစ်သူ ချားလ်စ်ဘုရင်-၃ က ဆက်ခံခဲ့သည်။

Read More

ဂွမြို့နယ်ရှိ ကျေးရွာတချို့မှာ ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပေါ်နေ

စက်တင်ဘာ ၈- ၂၀၂၄SS (VOM)တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှု ကန့်သတ်ချက်တွေကြောင့် ကျေးရွာတချို့ ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်ကစတင်ပြီး ပြည်နယ်အတွင်း ကုန်စည်ဝင်ရောက်မှုတွေကို အာဏာပိုင်တွေဘက်က ကန့်သတ်မှုတွေ လုပ်ခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းမှာတော့ ပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။“ဒီဘက်ကို ဆန်က လုံးဝသယ်လို့ကို မရတော့တဲ့ ပုံစံဖြစ်နေတယ် ။ သယ်လာရင်လည်း ဂိတ်မှာ အကုန်ထားခဲ့ရတာပဲ။ ဆန်လှောင်ထားတဲ့လူတွေကတော့ အရမ်းစိတ်မပူရသေးဘူးပေါ့။ တနေ့လုပ်တနေ့စား မိသားစုတွေကတော့ စားရေးသောက်ရေး တော်တော်ကို ခက်ခဲလာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ရိက္ခာပြတ်လပ်မှုတွေကြောင့် တချို့ ဒေသခံတွေဟာ ပုံမှန်ချက်ပြုတ်စားသောက်တဲ့ ဆန်ပမာဏထက် လျှော့ချပြီး စားသောက်နေရသလို အခြားရိက္ခာတွေကို အစားထိုး စားသုံးလာရတာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။“ဆန်ကို ၁၀ ပြည်နဲ့အထက် ပိုမသယ်ရလို့…

Read More
VOM News

FREE
VIEW