MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ လက်နက်ကြီးကျလို့ အဆောက်အဦတွေ ပျက်စီး

စက်တင်ဘာ ၈၊ ၂၀၂၄
Shy V (VOM)
MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ ထိန်း ချုပ်ထားတဲ့ လားရှိုးမှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ မနက် ၄ နာရီ လက်နက်ကြီးကျလို့ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ပြီး လူသေဆုံးမှုမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
“နစကဘက်က လေယာဉ်နဲ့နှစ်ခါ လာသွားတယ်။ တခါက သူခိုးတွေခိုးသွားတဲ့ ကားတွေ ပြန်မိလို့ ထားထားတဲ့ မိုးလုံလေလုံ ဘောလုံးကွင်းမှာ လက်နက်ကြီးကျတာ။ ကားတွေထိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ကားတွေနဲ့ အ ဆောက်အဦတွေ ထိခိုက်ပျက်စီးတယ်လို့ သိရပြီး လူအထိအခိုက်တော့ မကြားရဘူးလို့ သူက ဆိုပါတယ်။
လက်နက်ကြီးကျတာ နှစ်နေရာဖြစ်ပြီး လားရှိုး ရပ်ကွက် ၁၂ ထဲက ရေပူစမ်းသွားတဲ့ လမ်းရှိ Silver Sky Hotel နဲ့ မိုးလုံလေလုံ အားကစားကွင်းမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီမနက်၄ နာရီ ၂ မိနစ်နဲ့ ၁၀ မိနစ်မှာ လက်နက်ကြီးကျတာ။ တလုံးကျတဲ့ လားရှိုးကြီး ရပ်ကွက် ၁၂ ရေပူစမ်းလမ်း က (ယခင် ရဲအုပ်ဝင်းနိူင် ဖွင့်ထားတဲ့) Sliver Sky Hotel & KTV အဆောက်အဦးမှာ ဖြစ်ပါတယ်။ MNDAA သိမ်းပြီးခါစ ထောင်ထဲက နိုင်ငံရေး အကျဥ်းသား အများစု ကို နေရပ် မပို့ခင် အချိန် အဲဒီဟိုတယ်မှာ ခဏထားတာ။ အခုတော့ နေရပ်ပြန်ကုန်ကြလို့ တယောက်မှ မရှိတော့ လူထိခိုက်မှုလည်း မရှိပါဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
မိုးလုံလေလုံကွင်းမှာလည်း တိုက်ပွဲအပြီးကာလ လမ်းပေါ်ရပ်ထားတဲ့ ပိုင်ရှင်မဲ့ကား နဲ့ ခိုးလာတဲ့ ကားသူခိုးတွေ ဆီက သိမ်းထားတဲ့ ကားတွေသာ ယာယီ ထိန်းသိမ်းထားတဲ့ ကားပါကင် ဂိုဒေါင်ပါလို့ သူက ပြောပါတယ်။
နစက နဲ့ နီးစပ်သူတွေကလည်း ဒီမနက် ၄ နာရီလောက်က လားရှိူးမြို့၊ ရေပူစမ်းသွားတဲ့လမ်းက Silver Sky Hotel ဗုံးကြဲခံရတာဟာလားရှိုး အကျဥ်းထောင်နဲ့ နီးတော့ အကျဉ်းထောင် ဖောက်ပြေးတဲ့ အကျဥ်းသားတွေနဲ့ MNDAA တွေ နေထိုင်နေတယ်လို့ သိရဖြစ်ကြောင်း တယ်လီဂရမ် ချန်နယ်တွေမှာ ရေးသားထားကြပါတယ်။ နစက သတင်းမှန်ပြန်ကြားရေးဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါအပြင် ယမန်နေ့ညက TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ဘက်လည်း လေယာဉ်တွေ သုံးကြိမ်ခန့် လာရောက် ပျံဝဲ နေတာကြောင့် ပြည်သူတွေ ထိတ်လန့်စိုးရိမ်နေကြပြီး ပြည်သူတချို့က ရှောင်တိမ်းဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
စက်တင်ဘာ ၆ ရက်မနက် ၁ နာရီခွဲခန့်က နမ့်ခမ်းမြို့ထဲ နှစ်နေရာ လက်နက်ကြီးကျလို့ အရပ်သား ၁၃ ယောက် ထိခိုက် ဒဏ်ရာရပြီး ၁၂ ယောက် သေဆုံးသွားတဲ့ အပြင် နေအိမ် ၂၀ ခန့် လူံးဝ ပျက်စီးသွားခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ ညပိုင်းကလည်း လားရှိုး ရပ်ကွက် ၉ ဘက်လက်နက်ကြီးကျလို့ အ.လ.က ၈ ကျောင်းနဲ့ အဲဒီ ကျောင်း အနီးနားက ေိအိမ်တွေ ထိခိုက် ပျက်စီးသွားခဲ့ ပါသေးတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW