ဖားကန့် ဆိုင်းတောင်မှာ KIA နဲ့ နစကတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

စက်တင်ဘာ ၁၀၊ ၂၀၂၄
BD (VOM)
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းထိ KIA နဲ့ နစကတပ်တွေတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့လည်း ပစ်နေတုန်းပဲ။ ဆိုင်းတောင် မီးမလောင်ပါစေနဲ့လို့ ဆုတောင်းနေတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ရပ်ကွက်ထဲ မီးခိုး တလူလူ ထွက်နေတာကို အဝေးကနေ လှမ်းမြင်နေရလို့ စိတ်ပူနေတာလို့ သူက ပြောပါတယ်။
“တိုက်ပွဲက ကျနော်တို့ နေတဲ့ ဘက် ဖြစ်နေတာ။ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၄။ ကျနော်တို့ တခြား နေရာဘက် စစ်ရှောင်နေရတယ်။ တိုက်ပွဲ ဖြစ်နေတာ တပတ်လောက် ရှိလာပြီ” လို့ ဆိုင်းတောင်ရောက်နေတဲ့ လူငယ် တယောက်ကလည်း ပြောပါတယ်။
ဖုန်းလိုင်းတွေလည်း မရသေးတာကြောင့် ဝိုင်ဖိုင်ရတဲ့ အိမ်တွေမှာ သွားသုံးရတယ်လို့ သူက ပြောပါတယ်။
“KIA ပူးပေါင်း အဖွဲ့ နဲ့ နစကတပ်တွေ အပြန်အလှန် ပိတ်ဆို့နေကြတာ။ အစကတော့ ဆိုင်းတောင်က နာမည်ကြီး ဟိုတယ်မှာ KIA နဲ့ ပူးပေါင်းအဖွဲ့က ရှိနေတာ။ စစ်တပ်က စစ်ကြောင်း သုံးခုနဲ့ ဝိုင်းပြီး ဟိုတယ်ကို စီးနင်းလိုက်တယ်။ အဲဒီ စစ်တပ် အဖွဲ့ကို အခု KIA တွေက တခါ ပြန်ဝိုင်းပြီး ပိတ်ဆို့ထားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
တိုက်ပွဲ စစ်မြေပြင် အတွင်း ပိတ်မိသွားတဲ့ အရပ်သား တချို့ကို ကယ်ထုတ်ဖို့အတွက် လာရောက် ညှိနှိုင်းဖို့ လာတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)ကို နစက ဘက်က ပစ်ခတ်လိုက်လို့ PCG အဖွဲ့ထဲက ဦးယွပ်ဇခေါင်ရဲ့ ပေါင်မှာ ကျည်ထိ ဒဏ်ရာရခဲ့တယ်လို့ အမျိုးသမီးတယောက်က ပြောပါတယ်။
ဟိုတယ်ထဲမှာဝော့ လာတည်းတဲ့ ပြည်သူတွေတချို့ ရှိနေပြီး အလောင်း ၇ လောင်းခန့်ရှိကာ ဟိုတယ်အပြင်ဘက်လည်း လေးယောက်ထက်မနည်း ပစ်သတ်ခံ ထားရသူတွေရှိတဲ့ အပြင် တိုက်ပွဲ အတွင်း လက်နက်ကြီး ထိမှန် သေဆုံးသူ နဲ့ ဒဏ်ရာရ ပြည်သူတွေလည်း ရှိတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ မနကိ အစောပိုင်းကစ ဆိုင်းတောင်မှာရှိတဲ့ နာမည်ကြီး Lucky Man ဟိုတယ်မှာ KIA နဲ့ နစက တပ်ဖွဲ့တို့ အပြန်အလှန် ပိတ်ဆို့ ပစ်ခတ်ရာက တိုက်ပွဲ ပြင်းထန်လာပြီး လက်ရှိမှာတော့ အဲဒီ Lucky Man ဟိုတယ် နဲ့ ဝန်းကျင်မှာ နစက တပ်ဖွဲ့က နေရာယူထားပြီး နစက တပ်ဖွဲ့ ဝိုင်းထားတဲ့ အပြင်ဘက်က နေ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့က ပြန်ဝိုင်းပြီး ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။
တိုက်ပွံ ဖြစ်ပွားရာ ရပ်ကွက်နဲ့ အနီးနားရွာက ဒေသခံတွေ တချို့ကတော့ စက်တင်ဘာလ ၆ ရက်နေ့ ကနေ တိမ်းရှောင်ထားကြပြီဖြစ်ပြီး ဒေသခံ တချို့ကတော့ တိုက်ပွဲ ဖြစ်ပွားနေချိန် အလံဖြူထောင်ကာထွက်ပြေး တိမ်းရှောင်လာသူတွေ လည်းရှိပြီး ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW