ပုဂ္ဂလိကကဏ္ဍရဲ့ ပထမဆုံး အာကာသလမ်းလျှောက်မစ်ရှင် Space X စေလွှတ်

ဝါရှင်တန်၊ စက်တင်ဘာ-၁၁-၂၀၂၄
ရတီ (VOM)
ပုဂ္ဂိလိကကဏ္ဍရဲ့ ပထမဆုံး အာကာသလမ်းလျှောက်မယ့် အစီအစဉ်အတွက် Space X ကုမ္ပဏီဟာ ငါးရက်ကြာမြင့်မယ့် အာကာသမစ်ရှင်တခုကို မနေ့က စေလွှတ်လိုက်ပါတယ်။
Space X ရဲ့ Dragon အာကာသယာဉ်နဲ့အတူ အမေရိကန်နည်းပညာ သန်းကြွယ်သူဌေးကြီး Jared Isaacman ဟာ သူ့မိတ်ဆွေတယောက် ယာဉ်အမှုထမ်းနှစ်ယောက်နဲ့အတူ ဒီမစ်ရှင်မှာ လိုက်ပါသွားခဲ့ပါတယ်။
အာကာသယာဉ်ဟာ လွှတ်တင်ပြီး ၁၀ မိနစ်အတွင်း စီစဉ်ထားတဲ့အတိုင်း ကမ္ဘာပတ်လမ်းကြောင်းထဲကိုဝင်ရောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အစီအစဉ်အရ အာကာသယာဉ်ဟာ ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၁၄၀၀ အကွာထိ ပျံသန်းမှာဖြစ်ပါတယ်။
ဒါဟာ အပိုလိုမစ်ရှင်နောက်ပိုင်း ကမ္ဘာ့ပတ်လမ်းကြောင့် အမြင့်မှ အမြင့်ဆုံးသွားရောက်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ လိုက်ပါသွားတဲ့ အာကာသယာဉ်မှူးနှစ်ယောက်ဟာ ဓါတ်ရောင်ခြည်က လူ့ကျန်းမာရေးအပေါ် သက်ရောက်မှုနဲ့ အခြားလေ့လာမှုတွေကို ပြုလုပ်ကြဦးမှာဖြစ်ပါတယ်။
တတိယောက်မြောက်နေ့မှာတော့ မစ်ရှင်ရဲ့အဖွဲ့သားတွေဟာ Space X က ဒီဇိုင်းထုတ်ထားတဲ့ အာကာသဝတ်စုံနဲ့ အာကာသလမ်းလျှောက်ထွက်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ ဒီလမ်းလျှောက်မှုကိုတော့ ကမ္ဘာမြေအထက် ကီလိုမီတာ ၇၀၀ အကွာမှာ ပြုလုပ်မှာဖြစ်ပါတယ်။
ဒါဟာ နိုင်ငံတကာ အာကာသစခန်းတည်ရှိရာနေရာ အထက် ကီလိုမီတာ ၃၀၀ ခန့်ပိုမြင့်ပြီး ဒါဟာ ပုဂ္ဂိလိကကဏ္ဍကနေ ပထမဆုံးပြုလုပ်တဲ့ အာကာသလမ်းလျှောက်ဖို့ ကြိုးစားမှုလည်း ဖြစ်ပြီး ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်ကိုလည်း စမ်းသပ်ဖို့ ပြင်ဆင်ထားကြပါတယ်။
Ref:NHK
Photo:Space X/Reuters

Related posts

Leave a Comment

VOM News

FREE
VIEW