ဂျပန်ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်အများအပြား မြောက်ကိုရီးယား ပစ်ခတ်



ဆိုးလ်၊ စက်တင်ဘာ-၁၂-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ တာတိုပစ်ပဲ့ထိန်းဒုံးကျည် အများအပြားကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်မနက်ပိုင်းက ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။

ဒုံးကျည်တွေဟာ ဂျပန်အထူးစီးပွားရေးဇုန် ပြင်ပရေပြင်မှာ ကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီး ဒဏ်ရာရတာမရှိဘူးလို့ ဂျပန်ကမ်းခြေစောင့်တပ်ကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဖော်ပြထားပါတယ်။ ဒါဟာ နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားက ဒုံးကျည်တွေ စမ်းသပ်လာတာပါ။

မြောက်ကိုရီးယားဟာ အလေးချိန် ၄ ဒသမ ၅ တန်ရှိ ထိပ်ဖူးအကြီးစားကို သယ်ဆောင်နိုင်တဲ့ နည်းဗျူဟာမြောက် ဒုံးကျည်အသစ်ကို ပြီးခဲ့တဲ့ ဇူလိုက် ၁ ရက်က အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေက မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာတွေ ပေးပို့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ အမှိုက်တွေပါတဲ့ မိုးပျံပူပေါင်း ရာပေါင်းများစွာကို ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကိုရီးယားဘက်ကို ပေးပို့လွှတ်တင်ခဲ့ပါတယ်။

နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ မကြာသေးမီနှစ်ပိုင်းအတွင်း မြင့်တက်လာခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအပါအဝင် မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် မြောက်ကိုရီးယားက ဒုံးကျည်တွေပစ်ခတ် တုံ့ပြန်ခဲ့ပါတယ်။

Ref:Reuters
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW