မော်စကို၊ စက်တင်ဘာ-၁၄-၂၀၂၄
မျိုးဆက်(VOM)
ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ ပြီးခဲ့တဲ့နှစ်ကအသုံးပြုခဲ့တဲ့ Garpiya-A1 တာဝေးတိုက်ခိုက်ရေး ဒရုန်းတွေကို တရုတ်အင်ဂျင်တွေနဲ့ ထုတ်လုပ်နေတာဖြစ်ကြောင်း ဥရောပထောက်လှမ်းရေး သတင်းရင်းမြစ်နှစ်ယောက်နဲ့ ရိုက်တာသတင်းဌာနက ရရှိထားတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။
ဒရုန်းအသစ်တွေ ထုတ်လုပ်မှုစာချုပ် ၊ လုပ်ငန်းစဉ်၊ ကုမ္ပဏီရဲ့စာရွက်စာတမ်းတွေအရ တရုတ်အင်ဂျင်တပ် Garpiya-A1 ဒရုန်းအစင်းပေါင်း ၂၅၀၀ ကျော်ကို ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ Almaz-Antey လက်အောက်ခံ IEMZ Kupol ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လထိ ထုတ်လုပ်ခဲ့ကြောင်း ထောက်လှမ်းရေးက ရရှိထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
တရုတ်နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ တာဝေးတို်ကခိုက်မှု ဒရုန်းတွေ ထုတ်လုပ်နေတာနဲ့ပတ်သက်ပြီး သတင်းထွက်ပေါ်လာတာမျိုးမရှိခဲ့ပါဘူး။ IEMZ Kupol နဲ့ Almaz-Antey ကုမ္ပဏီတို့ကတော့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားမရှိသေးပါဘူး။
ဒါဟာ ရုရှားအနေနဲ့ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ပတ်သက်ပြီး အီရန်ရဲ့ဒီဇိုင်းတွေကို မှီခိုနေရတာ နည်းပါးသွားတာဖြစ်ပြီး ဒရုန်းထု်တလုပ်ရေးနဲ့ ပြည်တွင်းမှာ လက်နက်ထုတ်လုပ်မှုကို တရုတ်အပေါ် မှီခိုနေရတာကို ပြသခြင်းလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ဒီတိုက်ခိုက်ရေး ဒရုန်းတွေကို ယူကရိန်းရှိ စစ်ဘက်နဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ရုရှားက အသုံးပြုခဲ့ပြီး အရေးကြီး အဆောက်အအုံတွေ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးခဲ့ပြီး ယူကရိန်းစစ်သားနဲ့ အရပ်သားတွေ သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။
Ref:Reuters
Photo:Reuters
တရုတ် အင်ဂျင်တပ် တိုက်ခိုက်ရေးဒရုန်းတွေ ရုရှားစစ်တပ် ထုတ်လုပ်အသုံးပြုနေရ
