အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ဂျာမနီစစ်သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်း



ဘာလင်၊ စက်တင်ဘာ-၁၄-၂၀၂၄
မျိုးဆက်(VOM)

ဂျာမနီရေတပ် စစ်သင်္ဘောတွေဟာ ထိုင်ဝမ်ရေလက်ကြားကို ပြီးခဲ့တဲ့နေ့က ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီးက ဘာလင်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဖရီးဂိတ်စစ်သင်္ဘော ဘာဒန်ဝယ်တန်ဘာ့နဲ့ ထောက်ပံ့ရေးသင်္ဘော ဖရန့်ဖတ်အမ်မိန်းတို့ ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းမှုဟာ နိုင်ငံတကာ ရေပြင်ဖြစ်တယ်ဆိုတဲ့ ရိုးရှင်းတဲ့ သတင်းစကားပေးတာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်စတိုးရီယက်က ဆိုပါတယ်။

ဂျာမနီအဓိပတိ အိုလပ်ရှုဇ်ကလည်း ” ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာများများစားစား မရှိပါဘူး။ ဒါနိုင်ငံတကာ ရေလမ်းတခုဖြစ်ပါတယ်” လို့ ပြောပါတယ်။ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာကလည်း ဂျာမနီစစ်သင်္ဘောတွေ ရေလက်ကြားကို ဖြတ်သန်းသွားတာနဲ့ပတ်သက်ပြီး အတည်ပြုထားပါတယ်။

အမေရိကန်နဲ့ အခြားနိုင်ငံတွေက စစ်သင်္ဘောတွေဟာ အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို မကြာခဏဆိုသလို ဖြတ်သန်းခုတ်မောင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂျာမနီရေတပ်ကတော့ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ ရှုမြင်ထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး နှစ်ဘက်အကြား ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြားကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။

Ref:AFP
Photo:Taiwannews

Related posts

Leave a Comment

VOM News

FREE
VIEW