ခါတွမ်၊ စက်တင်ဘာ-၁၈-၂၀၂၄
မျိုးဆက်(VOM)
စစ်မက်ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံ နေရာတိုင်းမှာ အငတ်ဘေးဆိုက် နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရို့စ်က ဆူဒန်ကိုသွားရောက်ခဲ့ပြီးနောက် သတိပေးပြောဆိုလိုက်ပါတယ်။
“ ဆူဒန်ရဲ့အခြေအနေက အရမ်းကြောက်စရာကောင်းနေပါပြီ။ ကြီးမားတဲ့ နေရပ်စွန့်ခွာမှုတွေဖြစ်ပေါ်ခဲ့ပြီး အခု ကမ္ဘာပေါ်မှာ အကြီးမားဆုံး အငတ်ဘေးဆိုက်နေပါတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအကြီးအကဲက ပြောပါတယ်။
ပဋိပက္ခတွေကြောင့် လူ ၁၂ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဆူဒန်အရေးကို ကမ္ဘာ့နိုင်ငံများက အာရုံစူးစိုက်မှု နည်းပါးနေကြောင်း သူက ထောက်ပြပြောဆိုပါတယ်။ ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တွေအကြား ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
ပျက်စီးဆုံးရှုံးမှုတွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေနဲ့ အစာရေစာခေါင်းပါးမှုအပြင် ရောဂါတွေက နေရာတိုင်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။ လူဦးရေး ၂၅ သန်းနီးပါး သို့မဟုတ် ဆူဒန်ပြည်သူ ထက်ဝက်ခန့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ပဋိပက္ခတွေ အပြင်းအထန်ဖြစ်နေတဲ့ ဒါဖာမြို့အနီး အယ်လ်ဖာရှာဒုက္ခသည်စခန်းက လူငါးသိန်း အငတ်ဘေးဆိုက်နေတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ပုဂံ-ချောက် ကားလမ်းဘေး လယ်ယာသုံးနဲ့အိမ်ဆောက်ပစ္စည်းဆိုင် ဓါးပြတိုက်ခံရလို့ လူနှစ်ယောက်သေ
ဒီဇင်ဘာ ၂၇ – ၂၀၂၄GG (VOM)မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ချောက် ကားလမ်းဘေးက ကြအိုကျွန်းရွာမှာရှိတဲ့... -
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မြန်မာပြည်ထုတ် ဘိလပ်မြေနဲ့စက်သုံးဆီ အဆမတန် ဈေးမြင့်နေလို့ အိန္ဒိယဘိလပ်မြေနဲ့ စက်သုံးဆီကို သုံးစွဲနေရ
ဒီဇင်ဘာ ၂၇-၂၀၂၄ Voice Of Myanmar စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီးနဲ့ နာဂတောင်တွေမှာ... -
အိန္ဒိယရဲ့ စီးပွားရေးဗိသုကာ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်
ဒေလီ၊ ဒီဇင်ဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အိန္ဒိယရဲ့ သက်တမ်းရှည် ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းအသက် ၉၂ အရွယ် ဒီဇင်ဘာ ၂၆...