ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ဒရုန်းထုတ်လုပ်မှု ၁၀ ဆတိုးမယ်လို့ ပူတင်ပြော

မော်စကို၊ စက်တင်ဘာ-၂၀-၂၀၂၄
မျိုးဆက်(VOM)
ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုနေတဲ့ ဒရုန်းတွေကို ပြီးခဲ့တဲ့နှစ်ကထက် ၁၀ ဆတိုးမြှင့်ပြီး ၁ ဒသမ ၄ သန်းထိ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။
ပူတင်ဟာ စိန့်ပီတာစဘတ်မြို့ရှိ ဒရုန်းထုတ်လုပ်ရေးစက်ရုံကို သွားရောက်စစ်ဆေးခဲ့ပြီး ဒရုန်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့အတွက် ကာကွယ်ရေးစက်မှုလုပ်ငန်းကော်မရှင် အစည်းအဝေးမှာ ညွှန်ကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အမျိုးအစားမျိုးစုံ ဒရုန်းတသိန်းလေးသောင်းခန့်ကို ရုရှားလက်နက်ကိုင်တပ်တွေအတွက် ပေးအပ်နိုင်ခဲ့ပြီး ဒရုန်းထုတ်လုပ်မှုကို အဆများစွာ တိုးမြှင့်ပြီး အထူးသဖြင့် ၁၀ ဆလောက်ထိ ထုတ်လုပ်မှုတိုးလာဖို့ရှိတယ်လို့ ပူတင်ကပြောပါတယ်။
ယူကရိန်းမှာ စစ်ဆင်ရေးဆင်နွှဲနေရာမှာ ဒရုန်းတွေရဲ့ အရေးပါမှုကို ပူတင်ကအလေးပေးပြောကြားခဲ့ပြီး အမျိုးစုံသော ဒရုန်းတွေဟာ ခေတ်သစ်စစ်ပွဲရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်လာပြီး ရုရှားဟာလည်း စစ်မြေပြင်မှာ ထိရောက်စွာအသုံးပြုနေတယ်လို့ သူက အလေးပေးပြောပါတယ်။
တိုက်ခိုက်ရေးအတွေ့အကြုံပေါ် အခြေခံပြီး ဒရုန်းတွေကို ခေတ်မီအောင်အဆက်မပြတ် နည်းပညာဆန်းသစ်နေစေဖို့လိုအပ်တယ်လို့ ပူတင်ကပြောပါတယ်။ ရုရှားဟာ ဒရုန်းထုတ်လုပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၃၀ ခုနှစ်မှာ ဒရုန်းအထူးသုတေသနနဲ့ ထုတ်လုပ်မှုဌာန ၄၈ ခုတည်ဆောက်ဖို့ စီစဉ်ထားပါတယ်။
Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW