ယူကရိန်းသမ္မတ ဇီလန်စကီး ဂျိုးဘိုင်ဒင်၊ ဟားရစ်တို့နဲ့ ဝါရှင်တန်မှာ သီးခြားစီတွေ့ဆုံမယ်



ဝါရှင်တန်၊ စက်တင်ဘာ-၂၀-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၊ ဒုသမ္မတ ကမလာဟားရစ်တို့နဲ့ ဝါရှင်တန်မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုထုတ်ပြန်ပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွေကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အစည်းအဝေးနှစ်ခုစလုံးကို အိမ်ဖြူတော်မှာ လက်ခံကျင်းပမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်ဖို့အစီအစဉ်ကို ဂျိုးဘိုင်ဒင်ကို တင်ပြဖို့ရှိကြောင်း ယူကရိန်းသမ္မတက ပြီးခဲ့တဲ့လမှ ပြောကြားခဲ့ပါတယ်။ ယူကရိန်းအတွက် မဟာမိတ်တွေက ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုမှုအတွက် ကန့်သတ်ချက်တွေ ရုပ်သိမ်းဖို့ကိုလည်း ဆွေးနွေးဖို့ရှိနေပါတယ်။

ယူကရိန်းဟာ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးဖို့ ကြိမ်ဖန်များစွာ တောင်းဆိုနေခဲ့ပါတယ်။ ဇီလန်စကီးဟာ သူဟာ ရွေးကောက်ပွဲထပ်ဝင်မယ့် သမ္မတဟောင်းထရန့်နဲ့လည်း တွေ့ဆုံဆွေးနွေးနိုင်ခြေရှိနေပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ သူ့ရဲ့အမေရိကန်ခရီးစဉ်အတွင်း ယူကရိန်းအပေါ် အမေရိကန်က ဆက်လက်ထောက်ခံဖို့ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်သမ္မတလောင်းတွေကို တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref:NHK
Photo:CBS

Related posts

Leave a Comment

VOM News

FREE
VIEW