ဘေရွတ်၊ စက်တင်ဘာ-၂၀-၂၀၂၄
မျိုးဆက်(VOM)
လက်ဘနွန်နိုင်ငံမှာ ကြိုးမဲ့ဆက်သွယ်ရေးစက် ရာပေါင်းများစွာပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လက်တုံ့ပြန်အပြစ်ပေးမယ်လို့ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာစရယ်လာက ကတိပြုပြောဆိုလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေအပါအဝင် လူ ၃၇ ယောက်သေပြီး ၃၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ဒါဟာအစ္စရေး မော့ဆက်ထောက်လှမ်းရေးလက်ချက်လို့ လက်ဘနွန်ဘက်က စွပ်စွဲထားပါတယ်။
ဆက်သွယ်ရေးစက်တွေကို ဗုံးထောက်ဖောက်ခွဲတိုက်မှုဟာ နှစ်ဖက်အကြား အနီရောင်မျဉ်းအားလုံးကို ဖြတ်ကျော်လိုက်တာဖြစ်ပြီး ဒါဟာအစ္စရေးက စစ်ကြေညာလိုက်တာလို့ ဟဇ်ဘိုလာခေါင်းဆောင်က ပြောဆိုလိုက်ပြီး မျှတဲ့ပြစ်ဒဏ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
ဆက်သွယ်ရေးစက်တွေကို လက်ဘနွန်ယူမလာမီ အစ္စရေးထောက်လှမ်းရေးတွေက ဗုံးထောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒီစက်တွေဟာ ထိုင်ဝမ်ကုမ္ပဏီအမှတ်တံဆိပ်ဖြစ်ပေမယ့် လက်ဘနွန်အတွက် ရောင်းချခြင်းမဟုတ်ဘဲ ဟန်ဂေရီကုမ္ပဏီတခုက ဝယ်ယူခဲ့ခြင်းဟု ဆိုသည်။
ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တို့ကို ထောက်ခံတဲ့ ဟဇ်ဘိုလာတွေနဲ့ အစ္စရေးတို့အကြား တိုက်ခိုက်မှုတွေဟာ ၁၁ ကြာမြင့်လာပြီး လူရာချီသေဆုံးခဲ့ကာ နယ်စပ်ဒေသမှာ လူသောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး စစ်ပွဲဖြစ်လာမှာကို စိုးရိမ်းပူပန်မှုတွေ မြင့်တက်နေပါတယ်။
Ref:BBC
Photo:Al Jazeera
Related posts
-
ညောင်ဦး River House ဟိုတယ်မန်နေဂျာနဲ့အဖွဲ့က လာတည်းခိုတဲ့ လူငယ်အဖွဲ့ကို ဝိုင်းရိုက်လို့ တယောက်သေပြီး လေးယောက်ဒဏ်ရာရ
နိုဝင်ဘာ ၈ – ၂၀၂၄ GG (VOM) ပုဂံနဲ့ေညာင်ဦးကို အလည်အပတ်လာတဲ့ အမျိုးသားလူငယ်... -
တောင်ကယ်ရိုလိုင်းနားမှာ သုတေသနစမ်းသပ်ခန်းကနေ မျောက် ၄၃ ကောင် ထွက်ပြေးလွတ်မြောက်
ဝါရှင်တန်၊ နိုဝင်ဘာ-၈-၂၀၂၄ရတီ (VOM)အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားရှိ ဆေးဘက်ဆိုင်ရာ သုတေသနစမ်းသပ်ခန်းတခုကနေ မျောက် ၄၃ ကောင်... -
ထရန့် သမ္မတမဖြစ်ခင် ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ အမြန်ပေးဖို့ ဘိုင်ဒင်အစိုးရ စီစဉ်နေ
ဝါရှင်တန်၊ နိုဝင်ဘာ-၈-၂၀၂၄မျိုးဆက်(VOM)အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့် တာဝန်မယူခင်မှာ ယူကရိန်းအတွက် လက်ကျန် စစ်ရေးအကူအညီတွေကို အရှိန်မြှင့်ပေးအပ်ဖို့ ဂျိုးဘိုင်ဒင်ရဲ့...