ရခိုင် စစ်ရှောင်စခန်းတွေက အရေပြားရောဂါအများစုက ဝဲရောဂါဖြစ်ပြီး လက်လှမ်းမီသလောက်သာ ကုသပေးနေရ

စက်တင်ဘာ၂၃ ၊ ၂၀၂၄ KH(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း က မြို့တွေ ဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေက စစ်ဘေးရှောင်တွေမှာ ကူးစက်ဖြစ်ပွားနေတဲ့ အရေပြားရောဂါတွေဟာ ဝဲရောဂါ အများစုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နေသိရပါတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ ပြီးခဲ့တဲ့ဇွန်လ ထဲက အရေပြားရောဂါကူးစက်မှုတွေကို ခံစားနေရတာဖြစ်ပြီး အရေပြားရောဂါဖြစ်ပွားသူ ၅၀၀ ကျော်မှာ အသက် ၁၀နှစ်အောက်ကလေး ၁၀၀ ကျော် ပါဝင် ကြောင်း နဲ့ ဆေးဝါးတွေလိုအပ်ကြောင်း ဒေသတွင်း သတင်းတွေကဖော်ပြပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ လက်လှမ်းမှီသလာက် စစ်ဘေးရှောင်စခန်းတွေကို သွားရောက် ကုသစစ်ဆေးခဲ့ရာမှာ ဝဲရောဂါက တဆင့် မပျောက်ကင်းနိုင်ပဲ ပိုးဝင်တဲ့အရေပြားရောဂါတွေအထိဖြစ်ရလို့ဆိုပါတယ်။ “စက်တင်ဘာ ၂၁ ရက်မှာ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးက စစ်တွေပြည်သူ့ဆေးရုံကြီးက အရေပြားအထူးကုဆရာဝန်၊ သူနာပြု၊ စစ်တွေခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးများနဲ့အတူ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ သောဘိတာရာမ…

Read More

အင်းလေးဒေသက ရေမြုပ်နေတဲ့ ကျေးရွာ ၁၀ ရွာ လက်ရှိအချိန်အထိ အကူအညီတွေမရသေး

စက်တင်ဘာ ၂၃ – ၂၀၂၄ SN (VOM) ရှမ်းပြည်‌နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ရေမြုပ်နေတဲ့ ကျေးရွာ ၁၀ ရွာ လက်ရှိအချိန်အထိ အကူအညီတွေ မရရှိသေးဘူးလို့ ဒေသခံတွေနဲ့ ကူညီရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။ အဲဒီဒေသက စည်ပင်သာရွာ၊ ရွာသစ်ရွာ၊ ချောင်းကန့်ရွာ၊ ရွာကြီးအထက် အမှတ် (၁) ရွာနဲ့ အမှတ် (၂) ရွာ၊ ကံခေါင်း အိုးစားရွာ၊ ဟက်ပုံး အိုးစားရွာ၊ တုံးလည်တောင်ပို့ကြီး အိုးစားရွာ၊ ရေတန်းရွာနဲ့ ဇရပ်ကြီးရွာတို့မှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပြီး ထောင်နဲ့ချီနဲ့ ‌ပြည်သူတွေ စားနပ်ရိက္ခာနဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ “နေစရာကတော့ ကုန်းမြင့်လမ်းမကြီးတွေပေါ်မှာ တဲထိုးပြီးနေနေကြပေမယ့် စားစရာသောက်စရာတွေ အခက်အခဲဖြစ်နေကြတာပါ။ ဝယ်ခြမ်းစားသောက်စရာကုန်စုံဆိုင်တွေလည်း မရှိတဲ့အပြင် တနေ့လုပ်တနေ့စား နွမ်းပါးသူတွေအတွက်က ရိက္ခာအများကြီး ခက်ခဲနေကြတာပါ။…

Read More

ရှမ်း/မြောက် မူဆယ် – နမ့်ခမ်းလမ်း အသွားအလာ ပိတ်ထား

စက်တင်ဘာ ၂၃၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဖြစ်တဲ့ မူဆယ် – နမ့်ခမ်း လမ်း ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့ မနက်ကစ အသွားအလာ ပိတ်ထားကြာင်း ဒေသခံ တွေ ဆီက သိရပါတယ်။ “ဒီမနက်တော့ မူဆယ် – နမ့်ခမ်းလမ်း ပိတ်သွားတယ်။ ကျားဖြန့် ဖမ်းတယ် လို့ ကြားတာပဲ။ မနေ့ည ကတည်းက ဖမ်းနေတယ် ပြောတယ်။ မူဆယ် အဝင်ပဲရတယ်။ မထွက်ခိုင်းဘူး လို့ ပြောတယ်။” တချို့မူဆယ်ဘက် သွားမယ့်လူတွေ တောင် ဝင်သွားရင် ပြန်ထွက်လို့ မရဘူး ဆိုလို့ ပြန်လှည့်သွားကြတယ် လို့ သူက ပြောပါတယ်။ “ဒီနေ့ မူဆယ် – နမ့်ခမ်းလမ်းပိတ်လို့ နယ်စပ်ဂိတ်ပေါက် အဝင်အထွက် လူတောင် မရှိဘူး။…

Read More

လက်ဘနွန် ပေါက်ကွဲမှုအပြီး အီရန်စစ်တပ်မှာ ဆက်သွယ်ရေးစက်တွေ အသုံးပြုမှု ပိတ်ပင်

တီဟီရန် ၊ စက်တင်ဘာ-၂၃-၂၀၂၄မျိုးဆက်(VOM)အီရန်တော်လှန်ရေးအစောင့်တပ် တပ်ဖွဲ့ဝင်တွေအားလုံး ဆက်သွယ်ရေးကိရိယာတွေ အသုံးပြုတာရပ်တန့်ဖို့ အီရန်အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။အီရန်မဟာမိတ် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတွေအသုံးပြုတဲ့ ဆက်သွယ်ရေးစက် ထောင်ပေါင်းများစွာ ပေါက်ကွဲမှုကြောင့် လူ ၃၇ ယောက်သေပြီး ၃၀၀၀ နီးပါဒဏ်ရာရှိခဲ့ပြီးနောက် အီရန်စစ်တပ်မှာ ဆက်သွယ်ရေးကိရိယာတွေ မသုံးဖို့ အမိန့်ထုတ်လိုက်တာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အီရန်တာဝန်ရှိသူတယောက် ပြောပါတယ်။အသုံးပြုနေတဲ့ ဆက်သွယ်ရေးကိရိယာတွေသာမက စက်ပစ္စည်းအားလုံးကို စစ်ဆေးဖို့ အီရန်တော်လှန်ရေးအစောင့်တပ်က စစ်ဆင်ရေး အကြီးအကျယ်လုပ်ဆောင်နေတယ်လို့ အီရန်လုံခြုံရေး အရာရှိက ဆိုပါတယ်။အီရန်နိုင်ငံသားတွေအပါအဝင် အစ္စရေးအေးဂျင့်တွေ နိုင်ငံတွင်းမှာ စိမ့်ဝင်နိုင်ခြေနဲ့ပတ်သက်လို့ အီရန်ကစိုးရိမ်နေပြီး အီရန်စစ်တပ်ရဲ့ အလယ်အလတ်နဲ့ အဆင့်မြင့်ရာထူးရှိသူတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။ဒီလိုစစ်ဆေးမှုတွေမှာ သူတို့တွေရဲ့ ပြည်တွင်းနဲ့ပြည်ပ ဘဏ်စာရင်းတွေ၊ ခရီးသွားရာဇဝင်တွေနဲ့ မိသားစုဝင်တွေကိုပါ စုံစမ်းစစ်ဆေးတာတွေ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိက ဆိုပါတယ်။လက်ဘနွန်မှာဖြစ်ပွားခဲ့တဲ့ ဆက်သွယ်ရေးစက်ပေါက်ကွဲမှုတွေဟာ အစ္စရေး ကြိုတင်ကြံစည် ဖောက်ခွဲမှုဖြစ်ပြီး စက်ပစ္စည်းတွေဟာ ထိုင်ဝမ်ကုမ္ပဏီထုတ်ဖြစ်ပေမယ့်လည်း…

Read More

အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာ

တဲလ်အဗစ်၊ စက်တင်ဘာ-၂၃-၂၀၂၄မျိုးဆက်(VOM)စစ်ပွဲဖြစ်ပွားခြင်းမှ ရှောင်ရှောင်ဖို့ နိုင်ငံတကာက တိုက်တွန်းတောင်းဆိုမှုတွေရှိနေပမယ့် အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား နယ်စပ်ဖြတ်ကျော် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ပိုမိုပြင်းထန်လို့ လာပါတယ်။ပြီးခဲ့တဲ့နေ့က လောင်ချာတွေ၊ ဒုံးကျည် အစင် ၁၅၀ လောက် အစ္စရေးပိုင်နက်ထဲကို ပစ်ခတ်ခဲ့ပြီး အများစုကတော့ လက်ဘွန်ပိုင်နက်ထဲကဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ဒုံးကျည်အချို့ကတော့ ယခင်တိုက်ခိုက်မှုတွေထက် အစ္စရေးပိုင်နက်ထဲကို ပိုမိုရောက်ရှိခဲ့ပြီး ဟိုင်ဖာမြို့အနီးမှာ နေအိမ်တွေပျက်စီးခဲ့ပြီး ထောင်ပေါင်းများစွာသော ဒေသခံတွေကို ဗုံးခိုကျင်းတွေမှာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာပစ်မှတ်တွေကို ပစ်ခတ်တိုက်တိုက်ခိုက်ခဲ့ပြီး ဒုံးကျည်စခန်းများစွာကို ဖျက်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေး-လက်ဘနွန်နယ်စပ်တလျှောက်က အစ္စရေး ပြည်သူတွေ ဘေးကင်းစွာနဲ့ အိမ်ပြန်နိုင်ဖို့နဲ့ လုံခြုံရေးအခြေအနေတည်ငြိမ်ဖို့ လိုအပ်တာအားလုံး ဆောင်ရွက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ပြောပါတယ်။မကြာသေးမီကလည်း လက်ဘနွန်မှာ ဆက်သွယ်ရေးစက်တွေ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူ ၃၀ ကျော်သေဆုံးပြီး ၃၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ အစ္စရေး မော့ဆက်ထောက်လှမ်းရေးလက်ချက်လို့ ဟဇ်ဘိုလာတို့က…

Read More

အီရန် ကျောက်မီးသွေးတွင်းပေါက်ကွဲမှု ၅၁ ယောက်ပြီး ၂၀ ကျော်ပျောက်ဆုံး

တီဟီရန်၊ စက်တင်ဘာ-၂၃-၂၀၂၄ ရတီ(VOM) အီရန်နိုင်ငံအရှေ့ပိုင်းရှိ ကျောက်မီးသွေးတွင်းတခုမှာ ဓါတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကြောင့် လူ ၅၁ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော်တီဟီရန်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၅၄၀ အကွာ တောင်ခါရာဆွန်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဒီမတာ်တဆမှုအတွင်း လူ ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ မတာ်တမှုအတွင်း လူ ၂၄ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ အီရန်လခြမ်းနီအဖွဲ့အကြီးအကဲကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် ည ၉ နာရီမှာ ဖြစ်ပွားခဲ့ပြီး မီးသိန်းဓါတ်ငွေ့ ပေါက်ကွဲခဲ့တာဖြစ်ကာ အခင်းဖြစ်ပွားချိန်မှာ ကျောက်မီးသွေးလုပ်ကွက်မှာ အလုပ်သမား ၆၉ ယောက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာ ဒဏ်ရာရသူတွေကို ဦးစားပေးကုသပေးနေပြီး ပိတ်မိနေသူများကိုလည်း ကယ်ဆယ်ရေးများ အပူတပြင်းလုပ်ဆောင်နေပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုနဲ့ အမှားအယွင်းတွေကို ဆက်လက်အရေးယူသွားမယ်လို့ ဒေသန္တရအစိုးရရှေ့နေ အလီနက်ဆရီက…

Read More

This Day in History

Voice of Myanmarနာဆာ၏ Mars Climate Orbiter အာကာသယာဉ်သည် အင်္ဂါဂြိုဟ်သို့ ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ရောက်ရှိခဲ့ပြီး ပတ်လမ်းအတွင်းသို့ စီစဉ်ထားသည်ထက် စက္ကန့်အနည်းငယ်စော၍ ဝင်ရောက်ခဲ့ပြီးနောက် လုံး၀အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့သည်။

Read More
VOM News

FREE
VIEW