မန္တလေးမြို့မှာ ဟိန္ဒူဘုရားကျောင်းအဟောင်း အဆောက်အဦ ပြိုကျပြီး လူ(၁)ဦး သေဆုံး

မန္တလေး၊ စက်တင်ဘာ ၂၄-၂၀၂၄
Voice Of Myanmar(VOM)
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၉လမ်းနှင့် ၂၀လမ်းကြား၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ ဟိန္ဒူဘုရားကျောင်းအဟောင်းအဆောက်အဦတလုံးပြိုကျမှု ဒီကနေ့မနက် ၂နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
မီးသတ်ဦးစီးဌာနနဲ့နီးစပ်သူတဦးက ” မနက်အစော ၂နာရီခန့်က အဆောက်အဦပြိုတဲ့သတင်းရတယ်၊ မီးသတ်က ကယ်‌ဆယ်ရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးဆောင်ရွက်ကြတယ်၊ ကနဦးအရတော့ အမျိုးသမီး(၃)ဦးနဲ့ အမျိုးသား(၂)ဦး ဒဏ်ရာရတယ်၊ အဲ့ဒီအထဲက အမျိုးသမီးတဦး သေဆုံးပါတယ်”လို့ ပြောပါတယ်။
ပေ ၅၀ ပတ်လည် တထပ်တိုက် ဟိန္ဒူဘုရားကျောင်းအဟောင်း ညာဘက်ရှိ အဖီဆွဲထားသော သွပ်မိုးအုတ်ကာ အခန်း(၃)ခန်း ပြိုကျမှုဖြစ်ပွားပြီး အသက်(၅၀)နဲ့ အသက် (၃၀)အမျိုးသမီး (၂)ဦး၊ အသက်(၁၁)နှစ်အရွယ် မိန်းကလေး(၁)ဦး၊ အသက်(၂၂)နှစ်အရွယ်အမျိုးသား(၁)ဦး ၊ အသက်(၁၁)နှစ်အရွယ် ယောကျာ်းလေး(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက်(၅၀)အရွယ်အမျိုးသမီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအဆောက်အဦမှာ လူဦးရေ(၆၀)ခန့် နေထိုင်တယ်လို့ သိရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မနက်အစော (၃)နာရီနီးပါးမှာ ပြီးဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
Photo Crd -MFSD

Related posts

Leave a Comment

VOM News

FREE
VIEW