ကလောမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီ လုံးဝ မရသေးတဲ့ ရွာတချို့ ရှိနေ

စက်တင်ဘာ ၂၆ – ၂၀၂၄ SN (VOM) ရှမ်းပြည်နယ် ‌(တောင်ပိုင်း)၊ ကလောမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီ လုံးဝ မရသေးတဲ့ ကျေးရွာတချို့ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ ကျေးရွာတွေကတော့ ကလောမြို့ တောင်ဘက်ခြမ်းက အင်းခေါင်း၊ ရေအေးချောင်း၊ စလယ်အင်း၊ တောင်ပွား စတဲ့ ရွာတွေဖြစ်ပြီး ရေကြီးမှု စတင်ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှစတင်ကာ ဒီကနေ့ စက်တင်ဘာ ၂၆ ရက်အထိ အကူအညီ လုံးဝ မရရှိသေးဘူးလို့ သိရပါတယ်။ “အဲဒီရွာတွေမှာ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၄၀၀ လောက် ရှိတယ်။ အခု အချိန်အထိ ဘာအကူအညီမှ မရောက်သေးတဲ့ ရွာတွေပေါ့။ တောင်ကျရေတွေကြောင့် လမ်းတွေပိတ်နေတော့ အဲဒီနေရာတွေကို သွားဖို့ကလည်း အရမ်းခက်တယ်။ ဒီလို…

Read More

ကားဈေးကွက်မှာ လျှပ်စစ်ကား (EV)တွေ စျေးအပြောင်းအလဲ ဖြစ်လာဖွယ်ရှိ

စက်တင်ဘာ၂၆ ၊ ၂၀၂၄MS(VOM)လျှပ်စစ်ယာဉ် (EV) တင်သွင်းခြင်းကို ဦးစားပေးအဆင့်မှ လျှော့ချသတ်မှတ်လိုက်တဲ့ သတင်းတွေ ထွက်ပေါ်မှု က ကားဈေးကွက်မှာ တော့ EV ကားတွေဈေးအပြောင်းအလဲ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ မော်တော်ယာဉ် ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေ ထံကသိရပါတယ်။ပြည်ပကနေ လျှပ်စစ်ကားတင်သွင်းခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း လတ်တလောမှာ သတင်းအချို့ ထွက်ပေါ်နေတာကြောင့် ပြည်တွင်းကားဈေးကွက် အတွင်း EV ယာဉ်တွေနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်မှုတွေရှိနေတာပါ။” EVကား တင်သွင်းဖို့ လျှော့ချတာက ကားလောကအနေနဲ့ကြည့်ရင်တော့အရမ်းကြီး သက်ရောက်မှုရှိမနေဘူး ။ ဒါပေမယ့် အချို့EVကားဦးစားပေးတင်သွင်းထားတဲ့ ကုမ္ပဏီတွေကတော့ တချို့လည်း ရှိထားပြီးသားကားတွေ ထပ်ဝင်မလာနိုင်တော့ ဈေးနှုန်းတက်တာ စတဲ့အပြောင်းအလဲတွေရှိတယ်။ တချို့ကျပြန်တော့လည်း သဘောမတွေ့ကြဘူး။ ဘာလို့လဲဆိုတော့ ကားတွေကိုမှာထားပြီး မှ ဒီဘက်ကိုရောက်မလာသေးတဲ့ အနေအထားမှာ အခုသတင်းထွက်တော့ ဘာလုပ်ရမှန်းမသိဖြစ်ကုန်တာတွေလည်းရှိတော့ ။ သက်ဆိုင်ရာကသေချာတဲ့ မူဝါဒတွေပေးထားဖို့လိုပါတယ်။ လက်ရှိဦးစားပေးတင်သွင်းဖို့ လျော့တယ်ဆိုတာကလည်း တရားဝင်ဖြစ်မဖြစ် ကြေညာတာမရှိသေးတော့အခုပြောတာက…

Read More

ထိုင်းအစိုးရက ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ထဲကို ဘတ်တသောင်းစီ ထည့်ပေး

ဘန်ကောက်၊ စက်တင်ဘာ-၂၆-၂၀၂၄ ရတီ (VOM) ထိုင်းအစိုးရဟာ ကျဆင်းနေတဲ့ နိုင်ငံစီးပွားရေးကို လှုံ့ဆော်ဖို့ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် အစီအစဉ်ကို စက်တင်ဘာ ၂၅ ရက် မနေ့က စတင်ပေးအပ် လိုက်ပြီး ဒီနေ့မှာတော့ ပြည်သူတွေဟာ ငွေသားထုတ်ယူမှုတွေ ပြုလုပ်နေကြပါတယ်။ အစီအစဉ် ကနဦးအဆင့်အရ လူမှုဖူလုံရေးကတ်ကိုင်ဆောင်ထားသူတွေနဲ့ မသန်စွမ်း ၁၄ ဒသမ ၅ သန်းအတွက် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ထဲကို တယောက်ကို ဘတ်တသောင်းထည့် ဖြန့်ဝေသွားမှာဖြစ်ပြီး ယခုလကုန်မှာ အပြီးသတ်ဖွယ်ရှိပါတယ်။ ပြည်သူတွေကို အခုလိုပေးအပ်တာဟာ အသုံးစရိတ်ပိုမိုသုံးစွဲလာနိုင်စေဖို့ဖြစ်ပြီး စီးပွားရေလှုံ့ဆော်မှု အစီအစဉ်တွေကို ပိုမိုလုပ်ဆောင်မှာဖြစ်ကာ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် မူဝါဒကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဝန်ကြီးချုပ် ပေတောင်ထရန်ရှင်နာဝပ်ထရာက ပြောပါတယ်။ လာမယ့်ခြောက်လအတွင်း ထိုင်းပြည်သူသန်း ၅၀ နီးပါးအတွက် တယောက်ကို ဘတ်တသောင်းထည့်ပေးမယ့် သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ယခုလဆန်းပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး…

Read More

စက်တင်ဘာ ၂၉ ရက်ကစပြီး ကမ္ဘာမှာ လနှစ်စင်း ထွက်တော့မယ်

ဝါရှင်တန်၊ စက်တင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)လာမယ့် စက်တင်ဘာ ၂၉ ရက်ကစပြီး နိုဝင်ဘာ ၂၅ ရက်ထိ ကမ္ဘာမှာ လနှစ်စင်းထွက်မယ်လို့ သိပ္ပံပညာရှင်တွေက အတည်ပြုပြောဆိုလိုက်ပါတယ်။သေးငယ်တဲ့ ဂြိုဟ်သိမ်တခုဟာ ကမ္ဘာမြေဆွဲငင်အားကြောင့် ယာယီလအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး လအနည်းငယ်ကြာတဲ့အထိလည်း တွေ့မြင်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားကိုတော့ နာဆာရဲ့ Asteroid Terrestrial-Impact Last Alert System (ATLAS) စနစ်ကတော့ ဩဂုတ် ၇ ရက်မှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။2024 PT5 လို့ပညာရှင်တွေက အမှတ်သညာပြုထားတဲ့ အဲဒီဂြိုဟ်သိမ်ဂြိုဟ်မွှားဟာ ကမ္ဘာနဲ့အတော်လေးဆင်တူတဲ့ ပတ်လမ်းရှိတဲ့ အာဂျူနာဂြိဟ်သိမ်ခါးပတ်ကနေ ပဲ့ထွက်လာတာဖြစ်ပါတယ်။တခါတရံ အဲဒီလို ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဟာ ကမ္ဘာဂြိဟ်ကနေ မိုင်ပေါင်း ၂ ဒသမ ၈ သန်းအကွာထိ ရှိနေတတ်ပါတယ်။ သုတေသီတွေရဲ့အဆိုအရ ဂြိဟ်သိမ်ဂြိုဟ်မွှားဟာ တနာရီ မိုင် ၂၂၀၀ ဝန်းကျင်နဲ့ နှေးကွေးစွာ ရွေ့လျားနေမယ်ဆိုရင် ကမ္ဘာမြေဆွဲငင်အားဟာ ဒီအပေါ်ကို…

Read More

အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ဂျပန်စစ်သင်္ဘောတစင်း ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်း

တိုကျို ၊ စက်တင်ဘာ-၂၆-၂၀၂၄ရတီ (VOM)ဂျပန်စစ်သင်္ဘောတစင်းဟာ တရုတ်နဲ့ထိုင်ဝမ်အကြား ပိုင်းခြားထားတဲ့ အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ ဂျပန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ရေတပ်ဖျက်သင်္ဘော ဂျေအက်စ် ဆာဇာနာမီဟာ မြောက်ကနေ တောင်ဘက်ကို စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက ဩစတြေးလျ ၊ နယူဇီလန် စစ်သင်္ဘောတွေနဲ့အတူ ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့တာပါ။ဂျပန်စစ်သင်္ဘောဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့ သွားရောက်နေတယ်လို့ ဂျပန်တာဝန်ရှိသူတွေကလည်း ပြောပါတယ်။ အခုလို ဖြတ်သန်းမှုနဲ့ပတ်သက်ပြီး ဂျပန်၊ ထိုင်ဝမ်နဲ့ တရုတ်တို့က မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။ထိုင်ဝမ်နဲ့ ထိုင်ဝမ်ရေလက်ကြားကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မဖြစ်စေရေးအတွက် ဂျပန်ဟာ ရေလက်ကြားမှာ သင်္ဘောတွေဖြတ်သန်းတာမျိုးကို ယခင်က ရှောင်ကျဉ်ခဲ့ပါတယ်။ရေလက်ကြားမှာ ဂျပန်စစ်သင်္ဘော ခုတ်မောင်းဖြတ်သန်းမှု လမ်းကြောင်းတလျှောက်လုံးကို ခြေရာခံစောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ တရုတ်အစိုးရ တာဝန်ရှိသူကို…

Read More

လက်ဘနွန်ကို မြေပြင်ထိုးစစ် ဆင်နွှဲနိုင်ကြောင်း အစ္စရေးစစ်ဦးစီးချုပ် ပြော

တဲလ်အဗစ်၊စက်တင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်ကို မြေပြင်ထိုးစစ်ဆင်နိုင်ကြောင်း အစ္စရေးစစ်ဦးစီးချုပ်က အစ္စရေးမြောက်ပိုင်းရှိ တပ်တွေကို တွေ့ဆုံမိန့်ခွန်းပြောရာမှာ အရိပ်အမြွတ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဟဇ်ဘိုလာတို့ဟာ အစ္စရေးအလယ်ပိုင်းထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး တဲလ်အဗစ်ဆင်ခြေဖုံးရှိ အစ္စရေးမော့ဆက်ထောက်လှမ်းရေးဌာနချုပ်ကိုလည်း ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အခို်ငအမာဆိုပါတယ်။အစ္စရေးကလည်း လက်ဘနွန်တဝန်းရှိ ဟဇ်ဘိုလာပစ်မှတ်တွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး မကြာသေးမီက တိုက်ခိုက်မှုအတွင်း လူ ၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။မနေ့ကလည်း ဟဇ်ဘိုလာတို့ရဲ့ ဒုံးကျည်ပစ်ခတ်ရာနေရာတွေအပါအဝင် ပစ်မှတ် ၂၈၀ ကို လေကြောင်းကနေ အစ္စရးက တိုက်ခိုက်ခဲ့တာကြောင်း လူ ၅၀ ကျော် ထပ်မံသေဆုံးခဲ့ပါတယ်။ဟဇ်ဘိုလာတို့နဲ့ စစ်ပွဲဟာ အဆင့်သစ်တခုကို ရောက်ရှိနေပြီလို့ အစ္စရေးစစ်တပ်က ကြေညာခဲ့ပြီး နယ်စပ်အနီး စစ်ဆင်ရေးအတွက် အရန်တပ်မနှစ်ခုမှ တပ်ဖွဲ့ဝင်တွေကို ဆင့်ခေါ်ထားပါတယ်။ဒီအတောအတွင်း နှစ်ဖက်အကြား ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲဖို့နဲ့ တင်းမာမှုတွေ လျှော့ချဖို့ အမေရိကန်၊ ဗြိတိန်နဲ့ အီးယူအပါအဝင် နိုင်ငံပေါင်း၂၁ နိုင်ငံက…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၂၆ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၆၆၀ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၄၀၇၉၄၅ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၆၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

This Day in History

Voice of Myanmarအမေရိကန် သမ္မတလောင်းများအကြား ပထမဆုံးသော ရုပ်မြင်သံကြား စကားစစ်ထိုးပွဲကို ဒီမိုကရက်တစ်သမ္မတလောင်း ဂျွန်အက်ဖ်ကနေဒီနှင့် ရီပတ်ဘလီကန်သမ္မတလောင်း ရစ်ချက်နစ်ဆင်တို့အကြား ၁၉၆၀ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ပြုလုပ်ခဲ့ပြီး ကြည့်ရှုသူ သန်း ၈၀ ကျော် သို့မဟုတ် အမေရိကန်လူဦးရေ၏ ထက်ဝက်နီးပါး ကြည့်ရှုခဲ့ကြသည်။

Read More

ဘဝတွေကို တိုက်စားသွားတဲ့ ရေကြီးမှု

စက်တင်ဘာ ၂၆ ၊ ၂၀၂၄ SS (VOM) ရာဂီမုန်တိုင်းကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းအပြင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်း၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ မိုးများပြီး ရေကြီး၊ မြေပြိုမှုဖြစ်ခဲ့ကာ လူသေဆုံးမှုတွေ များခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ တခုက သဘာဝဘေးဒဏ်ကို ခံရတာချင်းတူတူ မြန်မာနိုင်ငံရဲ့ အထိအခိုက်အသေအပျောက်စာရင်းက တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အများဆုံးပါ။ ပြီးခဲ့တဲ့ရက်က ပြင်းထန်လှတဲ့ရေကြီးမြေပြိုမှု သဘာဝဘေးဒဏ်ကို မြန်မာပြည်နေရာ အတော်များများမှာ ခံစားခဲ့ကြရတာပါ။ အထူးသဖြင့် ရှမ်း၊ ကရင်နီ၊ ကရင်၊ နေပြည်တော် စတဲ့ ဒေသတွေက ပြည်သူတွေ အလူးအလဲနဲ့ မရှုမလှ ခံခဲ့ကြရပါတယ်။ အခု ရာဂီမုန်တိုင်းရဲ့ အဖျားခတ်ရုံအရှိန်ကြောင့် လူအသေအပျောက်ဟာ နာဂစ်တုန်းကနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်သာရှိပါတယ်။ ဒါပေမယ့် ရေဘေးသင့်ဧရိယာက နာဂစ်တုန်းကထက် ပိုမိုကျယ်ပြန့်ခဲ့ပြီး ၅၉ မြို့နယ်အထိ…

Read More
VOM News

FREE
VIEW