တိုကျို ၊ စက်တင်ဘာ-၂၆-၂၀၂၄
ရတီ (VOM)
ဂျပန်စစ်သင်္ဘောတစင်းဟာ တရုတ်နဲ့ထိုင်ဝမ်အကြား ပိုင်းခြားထားတဲ့ အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ ဂျပန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ရေတပ်ဖျက်သင်္ဘော ဂျေအက်စ် ဆာဇာနာမီဟာ မြောက်ကနေ တောင်ဘက်ကို စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက ဩစတြေးလျ ၊ နယူဇီလန် စစ်သင်္ဘောတွေနဲ့အတူ ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့တာပါ။
ဂျပန်စစ်သင်္ဘောဟာ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့ သွားရောက်နေတယ်လို့ ဂျပန်တာဝန်ရှိသူတွေကလည်း ပြောပါတယ်။ အခုလို ဖြတ်သန်းမှုနဲ့ပတ်သက်ပြီး ဂျပန်၊ ထိုင်ဝမ်နဲ့ တရုတ်တို့က မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။
ထိုင်ဝမ်နဲ့ ထိုင်ဝမ်ရေလက်ကြားကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မဖြစ်စေရေးအတွက် ဂျပန်ဟာ ရေလက်ကြားမှာ သင်္ဘောတွေဖြတ်သန်းတာမျိုးကို ယခင်က ရှောင်ကျဉ်ခဲ့ပါတယ်။
ရေလက်ကြားမှာ ဂျပန်စစ်သင်္ဘော ခုတ်မောင်းဖြတ်သန်းမှု လမ်းကြောင်းတလျှောက်လုံးကို ခြေရာခံစောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ တရုတ်အစိုးရ တာဝန်ရှိသူကို ကိုးကားပြီး အစိုးရအာဘော်ဖြစ်တဲ့ ဂလိုဘယ်လ်တိုင်းမ်းသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခို်ငအမာဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ ပြောဆိုထားပါတယ်။ ရေလက်ကြားမှာ ဆယ်စုနှစ်များစွာ ပုံမှန်ဖြတ်သန်းနေတာကတော့ အမေရိကန်ရဲ့ ပစိဖိတ်ရေတပ်ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မကြာသေးမီက ကနေဒါ၊ ဩစတြေးလျ၊ ဗြိတိန်နှင့် ပြင်သစ်တို့ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ကလည်း ဂျာမနီစစ်သင်္ဘောနှစ်စင်းဟာ ဆယ်စုနှစ်များစွာအတွင်း ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်းခုတ်မောင်းခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...