လက်ဘနွန်ကို မြေပြင်ထိုးစစ် ဆင်နွှဲနိုင်ကြောင်း အစ္စရေးစစ်ဦးစီးချုပ် ပြော



တဲလ်အဗစ်၊စက်တင်ဘာ-၂၆-၂၀၂၄
မျိုးဆက်(VOM)

လက်ဘနွန်ကို မြေပြင်ထိုးစစ်ဆင်နိုင်ကြောင်း အစ္စရေးစစ်ဦးစီးချုပ်က အစ္စရေးမြောက်ပိုင်းရှိ တပ်တွေကို တွေ့ဆုံမိန့်ခွန်းပြောရာမှာ အရိပ်အမြွတ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဟဇ်ဘိုလာတို့ဟာ အစ္စရေးအလယ်ပိုင်းထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး တဲလ်အဗစ်ဆင်ခြေဖုံးရှိ အစ္စရေးမော့ဆက်ထောက်လှမ်းရေးဌာနချုပ်ကိုလည်း ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အခို်ငအမာဆိုပါတယ်။

အစ္စရေးကလည်း လက်ဘနွန်တဝန်းရှိ ဟဇ်ဘိုလာပစ်မှတ်တွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး မကြာသေးမီက တိုက်ခိုက်မှုအတွင်း လူ ၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့ကလည်း ဟဇ်ဘိုလာတို့ရဲ့ ဒုံးကျည်ပစ်ခတ်ရာနေရာတွေအပါအဝင် ပစ်မှတ် ၂၈၀ ကို လေကြောင်းကနေ အစ္စရးက တိုက်ခိုက်ခဲ့တာကြောင်း လူ ၅၀ ကျော် ထပ်မံသေဆုံးခဲ့ပါတယ်။

ဟဇ်ဘိုလာတို့နဲ့ စစ်ပွဲဟာ အဆင့်သစ်တခုကို ရောက်ရှိနေပြီလို့ အစ္စရေးစစ်တပ်က ကြေညာခဲ့ပြီး နယ်စပ်အနီး စစ်ဆင်ရေးအတွက် အရန်တပ်မနှစ်ခုမှ တပ်ဖွဲ့ဝင်တွေကို ဆင့်ခေါ်ထားပါတယ်။

ဒီအတောအတွင်း နှစ်ဖက်အကြား ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲဖို့နဲ့ တင်းမာမှုတွေ လျှော့ချဖို့ အမေရိကန်၊ ဗြိတိန်နဲ့ အီးယူအပါအဝင် နိုင်ငံပေါင်း၂၁ နိုင်ငံက တိုက်တွန်းထားပါတယ်။

Ref:NHK
Photo:BBC

Related posts

✕
VOM News

FREE
VIEW