လားရှိုးမြို့‌ကို လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲ

စက်တင်ဘာ ၂၇၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ ၃ နာရီခွဲ‌ေကျာ် ဝန်းကျင်မှာ လေကြောင်းနဲ့ ၃ ကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခံရလို့ ၂ ယောက် သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိကြာင်း ကနဦးသတင်းတွေအရ သိရပါတယ်။
“ဒီမနက် ၃ နာရီခွဲ နဲ့ ၃ နာရီ ၅၀ မိနစ်အတွင်း လားရှိုးမြို့‌ေပါ် လေယာဥ်ဗုံး ၃ ကြိမ်ကြဲချသွားတယ်။ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ ဘက် လေယာဉ် ဗုံးကြောင့် ရပ်ကွက် ၁ နယ်မြေ ၈ ၊ ကျောက်ေတာင်ဘက်က ရန်တိုင်းအောင် ဘုရားအနီးမှာနေတဲ့ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် သေဆုံးပြီး လူ ၅ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိထားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဒါ့အပြင် ရပ်ကွက် ၂ ဘုရားကြီး နောက်ကျော တကောင်းလမ်းက Green Park ဟိုတယ်အနီးနား အဆောက်အအုံတွေအများအပြား ထိခိုက်ပြီး ရပ်ကွက် ၃ မြို့မဈေး ချယ်ရီ ရုံဘက်လည်း ထိခိုက်မှု များတယ်လို့ ဆိုပါတယ်။
” လေယာဉ်ဗုံး ဒုတိယ အလုံးက မြို့မဈေး မှာကျတာ။ လူအထိခိုက်မရှိဘူး။ ဆေးရုံကုန်းဆင်း ညာဘက် ပထမရုံထိပါတယ်။ ဗုံးကြောင့် မီး လောင်တာ။ မီး တော့ ငြိမ်း ပြီး သွားပြီ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ေလယာဉ်ဗုံး ၃ ကြိမ်ထဲက ပထမ တကြိမ်က ရပ်ကွက် ၂ တကောင်းလမ်း Green Park နားဘက်၊ ဒုတိယ တကြိမ်က မြို့မဈေး ချယ်ရီရုံ၊ တတိယ တကြိမ်က ရပ်ကွက် ၁ နယ်မြေ ၈ ရန်တိုင်းအောင်ဘက် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သူက ပြောပါတယ်။
လားရှိုးမြို့ကို MNDAA သိမ်းပိုက် ထိန်းချုပ်ပြီး နောက် မြို့ထဲ နစကတပ် ဘက်က လေကြောင်းနဲ့ ဗုံး ၇ ခါ ကြဲချတိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW