ဝါရှင်တန်၊ စက်တင်ဘာ-၃၀-၂၀၂၄
မျိုးဆက်(VOM)
နိုင်ငံတကာ အာကာသစခန်း(ISS)မှာ ဇွန်လကတည်းက သောင်တင်နေတဲ့ နာဆာကာသယာဉ်မှူးနှစ်ယောက်ကို ပြန်ခေါ်မယ့် SpaceX ရဲ့မစ်ရှင်ကို စတင်လိုက်ပြီဖြစ်ပါတယ်။
အာကသစခန်းမှာ သောင်တင်နေတဲ့ ဘတ်ချ်ဝေလ်မိုးနဲ့ ဆူနီဝီလီယံ တို့ကို ပြန်ခေါ်မယ့် SpaceX ရဲ့ Dragon အာကာသယာဉ်ကို ဖလော်ရီဒါပြည်နယ် ကိပ်ကာနီဗယ်ရှိ အာကာသစခန်းကနေ ပြီးခဲ့တဲ့နေမှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
ဒီမစ်ရှင်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ လွှတ်တင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဖလော်ရီဒါအပါအဝင် ပြည်နယ်အချို့ကို ဝင်ရောက်ခဲ့သည့် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဟယ်လင်ကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။
နာဆာအာကာသယာဉ်မှူးနှစ်ယောက်ရဲ့ အာကာသခရီးစဉ်ဟာ ရှစ်ရက်သာကြာမြင့်မယ်လို့ ကနဦးသတ်မှတ်ခဲ့ပေမယ့် သူတို့စီးနှင်းသွားတဲ့ ဘိုးအင်းရဲ့ စတားလိုင်နာအာကာသယာဉ်မှာ နည်းပညာချို့ယွင်းချက်အချို့ကြောင့် ကမ္ဘောမြေကို လူလိုက်ပါခြင်းမရှိဘဲ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။
သောင်တင်နေတဲ့ အာကာသယာဉ်မှူးတွေကို ပြန်ခေါ်မယ့် Dragon အာကာသယာဉ်ဟာ ဒီနေ့မှာတော့ အိုင်အက်စ်အက်စ်ကို ဆိုက်ရောက်ဖွယ်ရှိပြီး လာမယ့်ဖေဖော်ဝါရီလအတွင်းမှာ ကမ္ဘာမြေပြန်ခေါ်ဖို့ စီစဉ်ထားပါတယ်။
ဘီလျံနာ အီလွန်မာ့ခ် တည်ထောင်ထားတဲ့ SpaceX ကုမ္ပဏီဟာ နိုင်ငံတကာအာကာသစခန်းကို ခြောက်လတကြိမ် အာကာသယာဉ်မှူးတွေ ပို့ဆောင်ပေးဖို့ အမေရိကန်အာကာသအေဂျင်စီ(နာဆာ)နဲ့ သဘောတူထားပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
နစကဥက္ကဋ္ဌ ဘီလာရုဇ်နိုင်ငံကို သွားရောက်ဖွယ်ရှိ
အောက်တိုဘာ ၆-၂၀၂၄KKO(VOM)နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခုအောက်တိုဘာလလယ်အတွင်း ဘီလာရုဇ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ဖို့ရှိနေတယ်လို့ နေပြည်တော်အသိုင်းအဝိုင်းနဲ့... -
ဒေါက်တာ ဇော်မြင့်မောင့် ကျန်းမာရေး မကောင်းလို့ လွတ်/ငြိမ်းခွင့် ပေးတယ်လို့ သတင်းထွက်ပေါ်
မန္တလေး ၊ အောက်တိုဘာ ၆-၂၀၂၄Voice Of Myanmar (VOM)မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး... -
တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
အောက်တိုဘာ ၆ – ၂၀၂၄SN (VOM)လက်ရှိ ပြင်ပ ရွှေဈေးကွက်အတွင်းမှာ ဈေးနှုန်းတွေ ပြန်လည်...