စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ၄၈ နာရီအတွင်း မိုးကြီးမြေပြိုမှု သတိပြုဖို့လို

အောက်တိုဘာ ၂ – ၂၀၂၄ GG (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ လာမယ့်အောက်တိုဘာလ ၅ ရက်နေ့အတွင်း မိုးကြီးပြီး လေပြင်းတိုက်ခြင်းနဲ့အတူမြေပြိုနိုင်တာတွေနဲ့ ပတ်သက်ပြီး မိုး/ဇလနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။ “၄၈ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းမှာမိုးကြီးနိုင်တယ်။ ဒေသအလိုက်နဲ့နေရာကွက်ပြီး မိုးကြီးနိုင်မယ့်အခြေအနေရှိနိုင်တဲ့အနေအထားဆိုတော့ အရမ်းကြီးစိုးရိမ်ရလောက်တဲ့အနေထားမဟုတ်သလို အရမ်းကြီးပေါ့လို့ရတဲ့ အနေအထားလည်းမဟုတ်ဘူး။ သဘာဝဘေးဆိုတာက မမျှော်လင့်တဲ့အချိန်မှာဖြစ်နိုင်တယ်။ ဒါပေမယ့် တချို့ခန့်မှန်း ပြောဆိုထားတဲ့ မိုးရေချိန်ကတော့ အရမ်းများလွန်းနေကြတယ်။ အဲဒီလောက်သာရွာရင် ဒါမှန်တယ် အရေးပေါ်ရွှေ့ပြောင်းရမယ့်အနေအထားမျိုးပါ။ အများကြီးရွာရင်တော့ မြေပြိုတောင်ပြိုတာကတော့ ဖြစ်တတ်တယ် ” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်မှာ ဒီနေ့အောက်တိုဘာလ ၂ရက်နေ့လယ်ကစပြီး ၄၈ နာရီအတွင်း မိုးအလွန်များနိုင်တာကြောင့် အဆိုပါဒေသနေထိုင်သူတွေအနေနဲ့ သတိထားပြုဖို့ သတိပေးပြောဆိုထားပါတယ်။ ” နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးနဲ့ လဟယ်ကြား၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက ခန္တီး…

Read More

ကျောက်ဆည်မှာ တောင်ကျရေနဲ့ မျောပါသွားတဲ့ကား ပြန်တွေ့ပြီး ယာဉ်မောင်း သေဆုံးနေ

အောက်တိုဘာ ၂ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ တောင်ကျချောင်းရေနဲ့အတူ မျောပါသွားသွားတဲ့ ကားကို သေဆုံးနေတဲ့ ယာဉ်မောင်းနဲ့အတူ ဒီကနေ့ အောက်တိုဘာ ၂ ရက်၊ မနက် အစောပိုင်းမှာ ပြန်လည် တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဦးစီးမှူးရုံး) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ ကျောက်ဆည်မြို့နယ်၊ ဘိလပ်မြေစက်ရုံအနီးမှာ မနေ့ အောက်တိုဘာ ၁ ရက်၊ ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်ကျရေအရှိန်ကြောင့် probox အမျိုးအစားယဉ်တစီးနဲ့ ယာဉ်မောင်း အမျိုးသားတယောက် မျောပါသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ဘိလပ်မြေစက်ရုံ အနီးတဝိုက်မှာပဲ ကားကို မနက် ၈ နာရီဝန်းကျင်လောက်မှာ ပြန်တွေ့ခဲ့တာပါ။ ယာဉ်မောင်းကိုလည်း ကားပေါ်မှာပဲ သေဆုံးလျက် ပြန်တွေ့တယ်။ တွေ့တာကတော့ နယ်ခံတယောက်က ပြန်တွေ့တာပါ။…

Read More

မြောက်ကိုရီးယားဘက်ကို ဘတ်စ်ကားခိုးပြီး ဝင်ရောက်ဖို့ကြိုးစားတဲ့အမျိုးသား ဖမ်းဆီးခံရ

ဆိုးလ်၊ အောက်တိုဘာ-၂-၂၀၂၄ရတီ(VOM)တောင်ကိုရီးယား ဘက်ပြောင်းခိုလှုံလာတဲ့ အမျိုးသားတယောက်ဟာ ဘတ်စ်ကားတစီးကို ခိုးယူပြီး မြောက်ကိုရီးယားနိုင်ငံထဲကို ပြန်ဝင်ဖို့ကြိုးစားခဲ့တာကြောင့် တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။အဲဒီမြောက်ကိုရီးယားအမျိုးသားကို ကိုရီးယားနှစ်နိုင်ငံပိုင်းခြားထားတဲ့ ပေါင်းစည်းရေး တံတားပေါ်မှာ ဘတ်စ်ကားနဲ့ ထွက်ပြေးခဲ့တာဖြစ်ပြီး ကားဟာ အရံအတားတွေနဲ့တိုက်မိပြီး တိမ်းမှောက်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်က ကိုရီးယားနိုင်ငံ နှစ်ခြမ်းကွဲသွားပြီးနောက် တောင်ကိုရီးယားဘက်ကို လူပေါင်း ၃၄၀၀၀ ကျော်ဘက်ပြောင်းခှိုလှုံလာခဲ့ပေမယ့် မြောက်ကိုရီးယားဘက်ကို ပြန်လိုသူကတော့ ခပ်ရှားရှားဖြစ်ပါတယ်။လက်ရှိ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၃၀ အရွယ် အမျိုးသားဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ခန့်က မြောက်ကိုရီးယားကနေ ထွက်ပြေးလာခဲ့သူဖြစ်ပြီး တောင်ကိုရီးယားမှာ အခက်အခဲတွေရှိနေလို့ မြောက်ကိုရီးယား ပြန်လိုတာလို့ ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ သူကပြောပါတယ်။ မပေးဆောင်ရသေးတဲ့ ဒဏ်ကြေးတွေလည်း များနေတယ်လို့ ဆိုပါတယ်။သူဟာ နိုင်ငံမြောက်ပိုင်း ပါဂျူမြို့ ကားဂိုထောင်ကနေ ဘတ်စ်ကားတစီး ခိုးယူပြီး ဖြတ်သန်းဖို့ကြိုးစားခဲ့ရာ နာရီဝက်အတွင်း ဖမ်းဆီးခံခဲ့ရဖြစ်ပြီး ဖမ်းမိချိန်မှာ…

Read More

အဲယားကွန်းပါ ဒီဇယ်လျှပ်စစ်ရထားနဲ့ ရန်ကုန်-ပဲခူး နေ့စဉ်ပြေးဆွဲမယ်

အောက်တိုဘာ ၂-၂၀၂၄ GG (VOM) ရန်ကုန် ကနေပဲခူး ရထား ခရီးစဥ်ကို စပိန်နိုင်ငံကနေဝယ်ယူထားတဲ့ အဲယားကွန်းပါ Diesel Electric Multiple Units(DEMU) ခေတ်မှီ ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်းအသစ်တွေ နဲ့ ဒီနေ့အောက်တိုဘာလ ၂ ရက်မှာ စတင်ပြေးဆွဲနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။ အဆိုပါ DEMU ရထားက ရန်ကုန်ကနေပဲခူးကိုပြေးဆွဲစဥ် ခရီးစဥ်တလျှောက်က ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ ဘူတာတွေမှာရပ်တန့်ပေးမှာဖြစ်ပြီး ခရီးစဥ်အစအဆုံးကို၂၅၀၀ ကျပ်ကျသင့်ကာ ခရီးတဝက်ကိုတော့၁၃၀၀ ကျပ်ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။ ” ထုံးကြီး၊ကျောက်တန်း၊တာဝ၊ဘုရားသုံးဆူဘူတာတွေဆိုရင် ၂၅၀၀ ကျမယ်။ကျန်တဲ့ဘူတာတွေက ခရီးတဝက်သတ်မှတ်တယ်။ဒီနေ့စပြေးဆွဲနေပါပြီ။အဲယားကွန်းရထားဖြစ်လို့ ရထားစီးတဲ့သူတွေအနေနဲ့လည်း စည်းကမ်းတကျလိုက်ပါစီးနင်းဖို့လိုပါတယ်။ပဲခူးကနေမနက်ထွက်ပါတယ်။” လို့ ပဲခူးဘူတာကြီးမှ တာဝန်ရှိသူတယောက်ကပြောပါတယ်။ DEMU ရထားတွဲဆိုင်းသစ်မှာ မတ်တပ်ရပ်စီးသူနဲ့ထိုင်ခုံစီးနင်းနိုင်မှုအနေနဲ့ လူပေါင်း ၈၃၂ ယောက်လိုက်ပါစီးနင်းနိုင်ပြီး…

Read More

ဆော့လော် ဗျူဟာ စခန်းကို KIA နဲ့ ပူပေါင်း တပ်ဖွဲ့သိမ်းပိုက်တဲ့သတင်းထွက်ပေါ်နေ

အောက်တိုဘာ ၂၊ ၂၀၂၄ Sh2(VOM) ကချင်ပြည်နယ် ချီဖွေခရိုင်၊ ဆော့လော်မြို့ရှိ နစက ဗျူဟာ စခန်းကို အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်းက KIA နဲ့ ပူပေါင်း တပ်ဖွဲ့သိမ်းပိုက် လိုက်‌ေကြာင်း ဒေသခံတွေဆီက သိရပါတယ်။ “ဆော့လော် ဗျူဟာကို ဒီမနက် ၇ နာရီ ၂၀ လောက်က KIA နဲ့ ပူးပါင်း အဖွဲ့တွေ သိမ်းလိုက်တယ်လို့သိရတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဆော့လော် ဗျူဟာ စခန်း သိမ်းလိုက်တယ်လို့ သိရပြီးနောက် နေ့ခင်းပိုင်းကစ နစက ဘက်က လေကြောင်း နဲ့ ဗုံးကြဲ တိုက်ခိုက် နေတယ်လို့ သူက ပြောပါတယ်။ “ဆော့လော်ကို ဒီနေ့ မနက်ပိုင်းက အပြီးသတ် သိမ်းလိုက်တာလို့ ပြောတယ်။ KIA တပ်မဟာ…

Read More

ဟိုတယ်နဲ့ တည်းခိုခန်းများပါမကျန် သန်းခေါင်စာရင်း ကောက်ယူသွားမယ်

အောက်တိုဘာ ၂ – ၂၀၂၄ KKO(VOM) နိုင်ငံတဝန်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွေကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်လုပ်ဆောင်နေပြီး ရွှေ့ပြောင်းနေထိုင်သူတွေ အပါအဝင် ဟိုတယ်နဲ့ တည်း ခိုခန်းများပါမကျန် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်တွေကို ကောက်ယူသွားမှာဖြစ်တယ် လို့ မြေပြင်မှာ သန်းခေါင်စာရင်းကောက်ယူနေသူတွေနဲ့ အုပ်ချုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ “နေရာတွေအစုံပေါ့၊အကုန်လုံးကို ကောက်ယူသွားဖို့တော့ ကျွန်တော်တို့ကိုညွှန်ကြားထားတာရှိပါတယ် ။အခုရွှေ့လျားနေထိုင်သူတွေကို အရင်ဦးစားပေးအနေနဲ့ ကောက်နေတယ်။ နောက်လူစည်ကားတဲ့ ကားဂိတ်တို့ ဘူတာရုံတို့ အဲဒီလိုနေရာတွေမှာ ကောက်ယူနေပါတယ်။ တအိမ်တက်ဆင်းလည်း ကျွန်တော်တို့ကောက်ယူသွားဖို့ရှိပါတယ်”လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်က ကိုပြောပြပါတယ်။ ဒါအပြင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု တွေကိုအောက်တိုဘာလ ၁ ရက်နေ့မှစတင်လို့ ၁၅ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်သလို မြန်မာနိုင်ငံအတွင်း အမှန်တည်ရှိ နေသော လူဦးရေနှင့်အိမ်အကြောင်းအရာကိန်းဂဏန်းအချက်အလက်တွေကို ကွင်းဆင်းကောက်ယူသွားမှာဖြစ်တယ်လို့ နစကဘက်က ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့အတွက် အရေးပါတဲ့ နိုင်ငံတဝန်း လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူခြင်းတွေကို…

Read More

အစ္စရေးကို အီရန်က ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်၊ အီရန်အမှားကြီး မှားပြီလို့ နေတန်ယာဟု သတိပေး

တဲလ်အဗစ်၊ အောက်တိုဘာ-၂-၂၀၂၄မျိုးဆက်(VOM)အီရန်ဟာ အစ္စရေးကို ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ဒီထဲက ဒုံးကျည်အစင်း ၂၀၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီထဲက ၁၈၀ နီးပါးကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီလုပ်ရပ်ဟာ အီရန်အတွက် အမှားကြီးမှားသွားတာဖြစ်ပြီး တိုက်ခိုက်မှုအတွက် ပေးဆပ်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။အီရန်တော်လှန်ရေးအစောင့်တပ်ဟာ အစ္စရေးစစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒါဟာ အီရန်ကျောထောက်နောက်ခံပြု အဖွဲ့ခေါင်းဆောင်တွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ သေဆုံးခဲ့တာတွေအတွက် လက်တုံ့ပြန်တာလို့ အီရန်က ပြောပါတယ်။အစ္စရေးရဲ့ မဟာမိတ်တွေကလည်း အီရန်ရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး အစ္စရေးကို အပြည့်အ၀ ထောက်ခံတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာတို့အပေါ် မြေပြိုထိုးစစ်တရပ်ကို ပြီးခဲ့တဲ့နေ့မှာ အစ္စရေးက စတင်လိုက်ပြီး များမကြာခင်မှာပဲ အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှု ထွက်ပေါ်လာတာပါ။ အစ္စရေးကို တိုက်ခိုက်လာတဲ့ ဒုံးကျည်အချို့ကို အမေရိကန်က ကြားဖြတ်ပစ်ချခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး…

Read More

လားရှိုးမှာ ဖုန်းလိုင်းအားလုံး ပြတ်တောက်

အောက်တိုဘာ ၂၊ ၂၀၂၄Shy V VOMရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းကစ ဖုန်းလိုင်း အားလုံး ပြတ်တောက် သွားကြာင်း ဒေသခံတွ ဆီက သိရပါတယ်။“လားရှိုး မနေ့ည ဘာမှ မဖြစ်ဘူးနော်။ ဖုန်းလိုင်းတွတော့ အကုန် ပြတ် သွားပြီ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။မနေ့ည အစောပိုင်းက လားရှိုးမြို့ပေါ် လေယာဉ် ၂ ခေါက် လောက်လာဝဲ သွားတာမျိုးတာ့ ရှိတယ်လို့ ဆိုပါတယ်။လားရှိုးမှာ ဖုန်းလိုင်းတွ အားလုံး ပြတ်တောက်နေတာေကြာင့် အဝေးရောက် လားရှိုး ဒေသခံေတွ ဖုန်းဆက်လို့ မရရင် စိတ်မပူကြဖို့ FYV ပရဟိတ အသင်းကလည်း လူမှုကွန်ယက်ကန အသိပေးထားတာ တွေ့ရပါတယ်။“ဖုန်းလိုင်း ရရင် လေယာဉ် ပိုလာတယ်။…

Read More

အရေးယူခံထားရတဲ့ အေဂျင်စီတွေနဲ့ ချိတ်ဆက်မိပြီး ပြည်ပထွက်မယ့်အလုပ်သမားတွေ အခက်အခဲဖြစ်မှာကို စိုးရိမ်မှုရှိနေ

အောက်တိုဘာ၂၊၂၀၂၄Ms(VOM)ပြည်ပအလုပ်သမားတွေရဲ့ ငွေလွဲပို့မှုအထောက် အထားတွေ မတင်ပြနိုင်တဲ့ လိုင်စင်ရအေဂျင်စီတွေကို အရေး ယူထားရာမှာ အဲဒီ့အေဂျင်စီတွေနဲ့ချိတ်ဆက်ထားတဲ့အလုပ်သမားတွေအနေနဲ့ မိမိတို့ပေးသွင်းထားတဲ့ငွေကြေးဆုံးရှုံးမှုရှိမှာနဲ့ ပြည်ပထွက်ခွာခွင့်မရမှာ စတဲ့ အခက်ခဲတွေဖြစ်မှာကို စိုးရိမ်မှုရှိနေကြကြောင်း ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင် လိုသူတွေထံမှသိရပါတယ်။အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီ ၈၁ ခုကို စေ လွှတ်ခဲ့တဲ့အလုပ်သမားရဲ့မိသားစုဆီလွှဲပို့ငွေအ ထောက်အထား သတ်မှတ်ရာခိုင်နှုန်းပြည့်အောင်မပေးပို့နိုင်လို့ အလုပ်ခေါ်စာအသစ်တင်ပြခွင့် ဆိုင်းငံ့အရေး ယူထားတာ ဖြစ်ပါတယ်။ဒါကြောင့် အဲဒီအေဂျင်စီတွေနဲ့ ချိတ်ဆက်ထားတဲ့အလုပ်သမားတွေပြည်ပထွက်ခွာခွင့်ရဖို့ အချိန်ကြန့် ကြာမှုနဲ့ တခြားအခက်အခဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။” ထိုင်းဘက်ကိုသွားဖို့ အလုပ်ခေါ်စာလည်းကျပြီးထားတာသွားဖို့က အတော်နီးနေပြီကြားထဲမှာ လိုအပ်တာလေးတွေ လိုက်လုပ်နေရင်း အခုဝန်ဆောင်မှုယူထားတဲ့ အေဂျင်စီက အရေးယူခံလိုက်ရတဲ့ အထဲပါနေတော့ အဆင်ပြေပါ့မလား စိုးရိမ်တာပေါ့။အေဂျင်စီကိုမေးတော့လည်း အခု calling ခေါ်စာကျထားတဲ့သူတွေအထိဘာပြသနာမှမရှိဘူးပြောတော့ပြောနေတာပဲလို့ ” ထိုင်းနိုင်ငံကို MOUစနစ်နဲ့ သွားရောက်အလုပ်လုပ်မယ့် အလုပ်သမားတယောက် ကပြောပါတယ်။လက်ရှိမှာလည်း ပြည်ပအလုပ်အကိုင် လိုင်စင်ရအေဂျင်စီတွေကို ပြည်ပအလုပ်သမားတွေရဲ့ လစာငွေမိသားစုထံလွဲပို့ အထောက်အထား ၃လစာကို ကိုအလုပ်သမားဝန်ကြီးဌာနက တင်ပြဖို့တောင်းထားကာ…

Read More

မိုင်းကိုင် – နမ့်လန်လမ်း ပေါ်ရှိ ဆားတော တံတားပြိုကျ

အောက်တိုဘာ ၂၊ ၂၀၂၄Shy V (VOM )ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့ ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်က ဆားေတာတံတားဟာ ရေတိုက်စားမှု‌ေကြာင့် အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြိုကျ ပျက်စီးသွားကြောင်း ကားသမားေတွဆီက သိရပါတယ်။“အဲဒီ တံတားက စက်တင်ဘာ လဆန်းပိုင်း ကတည်းက ပြိုကျတော့မလို နဲ့နေပြီ။ အဲဒါကြာင့် ပေးမဖြတ်တာကို ကားသမားတွေ ပိုက်ဆံ တသိန်း ပေးပြီး ဖြတ်ကြတယ်။ အခုတော့ ပြိုကျသွားပြီ။” လို့ ယဉ်မောင်း တယောက်က ပြောပါတယ်။မိုင်းကိုင်မြောက်ဖက် တုံလောရွာက အဲဒီ ဆားတောတံတား ကျိုးသွားတာကြောင့် လောလောဆယ် မိုင်းကိုင် – နမ့်လန် လမ်းမကြီးပိုင်း သွားလို့မရတော့တာလို့ သူက ပြောပါတယ်။မိုင်းကိုင်မြို့မှာ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းက မိုးသည်းထန်စွာ…

Read More
VOM News

FREE
VIEW