မော်စကို၊ အောက်တိုဘာ-၃၀-၂၀၂၄
မျိုးဆက်(VOM)
ရန်သူရဲ့ ပထမဆုံးသောတိုက်ခိုက်မှုကို အကြီးစားနျူကလီးယားတိုက်ခိုက်မှုနဲ့ တုံ့ပြန်တဲ့ ပုံစံတူစစ်ဆင်ရေးအဖြစ် ရုရှားစစ်တပ်ဟာ မိုင်ပေါင်းများစွာ အကွာဝေးထိ ဒုံးကျည်တွေ ပစ်ခတ်တဲ့ လေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။
ပထဝီနိုင်ငံရေးတွေ တင်းမာမှု ပိုမိုကြီးထွားလာပြီး ပြင်ပခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုတွေ တိုးလာချိန်မှာ ခေတ်မီပြီး အဆက်မပြတ်တိုက်ခိုက်နေနိုင်တဲ့ မဟာဗျူမြောက်တပ်ဖွဲ့တွေရှိဖို့အရေးကြီးတယ်လို့ ရုရှားသမ္မတ ပူတင်က စစ်ရေးလေ့ကျင့်မှုကို ကြေညာချိန်မှာ ပြောပါတယ်။
ရုရှား-ယူကရိန်းစစ်မှာ အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေဟာ ရုရှားကို တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ ယူကရိန်းကို ခွင့်ပြုခဲ့မယ်ဆိုရင် နည်းမျိုးစုံနဲ့ တုံ့ပြန်မယ်လို့ ရုရှားက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သတိပေးမှုတွေ ပြုလုပ်ကြီးနောက် အကြီးစားနျူကလီးယားတိုက်ခိုက်မှု ပုံစုံတူ စစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ ရန်သူရဲ့နျူကလီးယားတိုက်ခိုက်မှုကို မဟာဗျူဟာမြောက် ထိုးစစ်တပ်ဖွဲ့တွေက ကြီးမားတဲ့နျူကလီးယားတိုက်ခိုက်မှုနဲ့ တုံ့ပြန်တာဖြစ်ပြီး လေ့ကျင့်မှုမှာ ကြည်း၊ ရေ၊ လေ တပ်တွေရဲ့ ဒုံးကျည်မျိုးစုံ ပါဝင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေဘယ်လော့ဆော့ဗ်က ပြောပါတယ်။
လက်ရှိမှာတော့ ရုရှားအနောက်ပိုင်းမှာ မြောက်ကိုရီးယားတပ်တွေ ရောက်ရှိနေကြောင်း နေတိုးအပါအဝင်နိုင်ငံတွေက ပြောဆိုထားပြီး ဒီကိစ္စအပေါ် ရုရှားကလည်း ငြင်းဆိုမထားပါဘူး
မကြာသေးမီလများအတွင်းက ရုရှားသမ္မတပူတင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်မှာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို ကင်ဂျုံအန်နဲ့ လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက်ထဲမှာ တနိုင်ငံတိုက်ခိုက်ခံရရင် ကျန်တနိုင်ငံက ကူညီရမယ်ဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။
Ref:Reuters
Photo:Reuters