ပြုံးယမ်း၊ အောက်တိုဘာ-၃၁-၂၀၂၄
မျိုးဆက်(VOM)
မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်(ICBM) ဖြစ်နိုင်တဲ့ ဒုံးကျည်တစင်းကို နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ဒီကနေ့မနက်ပိုင်းက စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးယိုယွင်းလာပြီး အပြန်အလှန်ခြိမ်းခြောက်မှုတွေရှိနေချိန်မှ ဒုံးကျည်စမ်းသပ်မှု ထွက်ပေါ်လာတာဖြစ်ပြီး ဒုံးကျည်ကို ဒေသစံတော်ချိန် မနက် ၇ နာရီ ၁၀ မိနစ်မှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပမယ့်အချိန်ဝန်းကျင်မှာ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်ခတ်ဖို့ ပြင်ဆင်နေကြောင်း တောင်ကိုရီးယားက မနေ့က သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒုံးကျည်ပစ်လွှတ်မှုကို ဂျပန်စစ်တပ်ကလည်း အတည်ပြုထားသည်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှ တိုက်ချင်းပစ်ဒုံးကျည်ကို နောက်ဆုံးစမ်းသပ်ပစ်ခတ်ခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖီဆန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကိုကူဖို့အတွက် တပ်ဖွဲ့ဝင်တွေကို ရုရှားစေလွှတ်ထားပြီး ဒီကိစ္စအပေါ် နိုင်ငံတကာစိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။ ရုရှားနဲ့မြောက်ကိုရီးယားတို့အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်ကို မကြာသေးမီက ရရှိထားပြီး နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာနေပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ
ဒီဇင်ဘာ ၁၄ – ၂၀၂၄ SS (VOM) ချင်းပြည်နယ်ရှိ ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ... -
စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတရဲ့တာဝန်တွေကို တောင်ကိုရီးယားလွှတ်တော်က ဆိုင်းငံ့လိုက်ပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၁၄-၂၀၂၄ မျိုးဆက်(VOM) စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ တောင်ကိုရီးယား လွှတ်တော်မှာ... -
ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို ရုရှားက ဒုံးကျည်တွေ ၊ ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ပြန်
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ရုရှားကတော့...