ဆိုးလ်၊ အောက်တိုဘာ-၂-၂၀၂၄
ရတီ(VOM)
တောင်ကိုရီးယား ဘက်ပြောင်းခိုလှုံလာတဲ့ အမျိုးသားတယောက်ဟာ ဘတ်စ်ကားတစီးကို ခိုးယူပြီး မြောက်ကိုရီးယားနိုင်ငံထဲကို ပြန်ဝင်ဖို့ကြိုးစားခဲ့တာကြောင့် တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အဲဒီမြောက်ကိုရီးယားအမျိုးသားကို ကိုရီးယားနှစ်နိုင်ငံပိုင်းခြားထားတဲ့ ပေါင်းစည်းရေး တံတားပေါ်မှာ ဘတ်စ်ကားနဲ့ ထွက်ပြေးခဲ့တာဖြစ်ပြီး ကားဟာ အရံအတားတွေနဲ့တိုက်မိပြီး တိမ်းမှောက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်က ကိုရီးယားနိုင်ငံ နှစ်ခြမ်းကွဲသွားပြီးနောက် တောင်ကိုရီးယားဘက်ကို လူပေါင်း ၃၄၀၀၀ ကျော်ဘက်ပြောင်းခှိုလှုံလာခဲ့ပေမယ့် မြောက်ကိုရီးယားဘက်ကို ပြန်လိုသူကတော့ ခပ်ရှားရှားဖြစ်ပါတယ်။
လက်ရှိ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၃၀ အရွယ် အမျိုးသားဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ခန့်က မြောက်ကိုရီးယားကနေ ထွက်ပြေးလာခဲ့သူဖြစ်ပြီး တောင်ကိုရီးယားမှာ အခက်အခဲတွေရှိနေလို့ မြောက်ကိုရီးယား ပြန်လိုတာလို့ ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ သူကပြောပါတယ်။ မပေးဆောင်ရသေးတဲ့ ဒဏ်ကြေးတွေလည်း များနေတယ်လို့ ဆိုပါတယ်။
သူဟာ နိုင်ငံမြောက်ပိုင်း ပါဂျူမြို့ ကားဂိုထောင်ကနေ ဘတ်စ်ကားတစီး ခိုးယူပြီး ဖြတ်သန်းဖို့ကြိုးစားခဲ့ရာ နာရီဝက်အတွင်း ဖမ်းဆီးခံခဲ့ရဖြစ်ပြီး ဖမ်းမိချိန်မှာ အရက်သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ အရိပ်လက္ခဏာရှိတယ်လို့ သတင်တွေက ဆိုပါတယ်။
တောင်ကိုရီးယားဟာ မြောက်ကိုရီးယားဘက်က ထွက်ပြေးခှိုလှုံလာသူတွေကို အလိုအလျောက် နိုင်ငံသားဖြစ်ခွင့် ပေးထားပါတယ်။ ဒါပေမယ့်လည်း ခွင့်ပြုချက်ရှိဘဲ နယ်စပ်ဖြတ်ကျော်ခွင့်တားမြစ်ထားပြီး ပြစ်မှုထင်ရှားရင် ထောင် ၁၀ နှစ်ချမှတ်ခံရမှာဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း တောင်ကိုရီးယားဘက်ကို ထွက်ပြေးခှိုလှုံလာတဲ့ မြောက်ကိုရီးယားနိုင်ငံသား တထောင်ဝန်းကျန်ရှိနေပြီး မြောက်ကိုရီးယားဘက်ကို ပြန်ပြေးတဲ့အရေအတွက်ကတော့ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ထိ ၃၁ ယောက်သာရှိခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...