လားရှိုးမှာ ဖုန်းလိုင်းအားလုံး ပြတ်တောက်



အောက်တိုဘာ ၂၊ ၂၀၂၄
Shy V VOM

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းကစ ဖုန်းလိုင်း အားလုံး ပြတ်တောက် သွားကြာင်း ဒေသခံတွ ဆီက သိရပါတယ်။

“လားရှိုး မနေ့ည ဘာမှ မဖြစ်ဘူးနော်။ ဖုန်းလိုင်းတွတော့ အကုန် ပြတ် သွားပြီ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

မနေ့ည အစောပိုင်းက လားရှိုးမြို့ပေါ် လေယာဉ် ၂ ခေါက် လောက်လာဝဲ သွားတာမျိုးတာ့ ရှိတယ်လို့ ဆိုပါတယ်။

လားရှိုးမှာ ဖုန်းလိုင်းတွ အားလုံး ပြတ်တောက်နေတာေကြာင့် အဝေးရောက် လားရှိုး ဒေသခံေတွ ဖုန်းဆက်လို့ မရရင် စိတ်မပူကြဖို့ FYV ပရဟိတ အသင်းကလည်း လူမှုကွန်ယက်ကန အသိပေးထားတာ တွေ့ရပါတယ်။

“ဖုန်းလိုင်း ရရင် လေယာဉ် ပိုလာတယ်။ MPT လိုင်းရရင် ပိုဆိုးတယ်။ အဲလိုကြောင့် ဖုန်းလိုင်း ပိတ်လိုက်တာ ထင်တယ်။” လို့ နေဒောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ဖုန်းလိုင်းရရင် လေယာဉ် ဗုံး ခပ်စိပ်စိပ်ကြဲလာလို့ ကိုးကန့် MNDAA ဘက်က ဖုန်းလိုင်းတွ ပိတ်ခိုင်းလိုက်တာလို့ သိရတယ်လို့ ဆိုပါတယ်။

လေကြောင်း နဲ့ မကြာခဏ ဗုံးကြဲ ခံရတာကြာင့် ဒေသခံ တချို့ ဘေးကင်းရာဘက် ထပ်မံ စစ်ရှောင် သွားကြပေမယ့် ထပ်မံ စစ်ရှောင် ဖို့ မတတ်နိုင်တော့တဲ့ ဒေသခံ အများအပြား ရှိနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

လားရှိုးမြို့ကို ကိုးကန့် MNDAA နဲ့ ပူးပါင်းတပ်ဖွဲ့ သိမ်းပိုက် ပြီးနောက် ဩဂုတ်လ ၃၀ ရက်နေ့ကစ နစက တပ်ဖွဲ့ ဘက်က လေကြောင်းနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ တစ်လ အတွင်း လေကြောင်းနဲ့ ၁၀ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ ပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ နေအိမ် အဆောက်အဦး ထိခိုက် ပျက်စီးမှု အများအပြား ရှိခဲ့တာ ဖြစ်ပါတယ်။

Photo : Shy V

Related posts

Leave a Comment

VOM News

FREE
VIEW