ဟိုတယ်နဲ့ တည်းခိုခန်းများပါမကျန် သန်းခေါင်စာရင်း ကောက်ယူသွားမယ်

အောက်တိုဘာ ၂ – ၂၀၂၄
KKO(VOM)
နိုင်ငံတဝန်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွေကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်လုပ်ဆောင်နေပြီး ရွှေ့ပြောင်းနေထိုင်သူတွေ အပါအဝင် ဟိုတယ်နဲ့ တည်း ခိုခန်းများပါမကျန် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်တွေကို ကောက်ယူသွားမှာဖြစ်တယ် လို့ မြေပြင်မှာ သန်းခေါင်စာရင်းကောက်ယူနေသူတွေနဲ့ အုပ်ချုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
“နေရာတွေအစုံပေါ့၊အကုန်လုံးကို ကောက်ယူသွားဖို့တော့ ကျွန်တော်တို့ကိုညွှန်ကြားထားတာရှိပါတယ် ။အခုရွှေ့လျားနေထိုင်သူတွေကို အရင်ဦးစားပေးအနေနဲ့ ကောက်နေတယ်။ နောက်လူစည်ကားတဲ့ ကားဂိတ်တို့ ဘူတာရုံတို့ အဲဒီလိုနေရာတွေမှာ ကောက်ယူနေပါတယ်။ တအိမ်တက်ဆင်းလည်း ကျွန်တော်တို့ကောက်ယူသွားဖို့ရှိပါတယ်”လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်က ကိုပြောပြပါတယ်။
ဒါအပြင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု တွေကိုအောက်တိုဘာလ ၁ ရက်နေ့မှစတင်လို့ ၁၅ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်သလို မြန်မာနိုင်ငံအတွင်း အမှန်တည်ရှိ နေသော လူဦးရေနှင့်အိမ်အကြောင်းအရာကိန်းဂဏန်းအချက်အလက်တွေကို ကွင်းဆင်းကောက်ယူသွားမှာဖြစ်တယ်လို့ နစကဘက်က ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့အတွက် အရေးပါတဲ့ နိုင်ငံတဝန်း လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူခြင်းတွေကို နိုင်ငံနယ်နိမိတ်အတွင်းရှိ နေသူအားလုံးကို သန်းခေါင်စာရင်းကောက်ယူသွားမှာဖြစ်တယ်လို့ နစက ဘက်က ဆိုထားပါတယ်။
“အခုသန်းခေါင်စာရင်းကောက်ယူတယ်ဆိုတာက အခြားသောကိစ္စရပ်တွေအတွက်လည်းပါချင်ပါမယ်။ဒါပေမယ့် ကျွန်တော်တို့အမြင်က ရွေးကောက်ပွဲအတွက် အဓိကဖြစ်တယ်လို့ထင်ပါတယ်”လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတယောက်က သူရဲ့အမြင်ကို ထပ်လောင်းပြောပြပါတယ်။
သန်းခေါင်စာရင်းကောက်ယူချိန်တွင် ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ အခွန်ကောက် ခံခြင်း၊အရေးယူခြင်းတို့ကို လုံးဝပြုလုပ်မှာ မဟုတ်ဘူးလို့လည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သမိုင်းအချက်အလက်တွေအရ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းတွေ ကို မြန်မာနိုင်ငံတွင် ၁၈၇၂ ခုနှစ်မှစတင်လို့ ကောက်ယူခဲ့ခြင်းဖြစ်ပြီး (၁၀)နှစ်တကြိမ် ပုံမှန်ကောက်ယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
်အခုအောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး လူဦးရေနဲ့ အိမ်အကြောင်းအရာဆိုင်ရာမေးခွန်းများကို စာရင်းကောက်၊စာရင်းစစ်အဖွဲ့က မေးမြန်းကောက်ယူသွားမှာဖြစ်တယ်လို့ သိရပြီး နိုင်ငံနယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်းကောက်ယူသွားမယ်လို့ ဆိုထားပါတယ်။
စာရင်းကောက်ယူသူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်းန ေအိမ်များသို့လာရောက်စာရင်းကောက်ယူသွားမှာဖြစ်သလို နေအိမ်များသို့ စာရင်းလာကောက်မယ့်နေ့ကို ကြိုတင်အကြောင်းကြားသွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW