တဲလ်အဗစ်၊ အောက်တိုဘာ-၂-၂၀၂၄
မျိုးဆက်(VOM)
အီရန်ဟာ အစ္စရေးကို ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ဒီထဲက ဒုံးကျည်အစင်း ၂၀၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီထဲက ၁၈၀ နီးပါးကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီလုပ်ရပ်ဟာ အီရန်အတွက် အမှားကြီးမှားသွားတာဖြစ်ပြီး တိုက်ခိုက်မှုအတွက် ပေးဆပ်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဟာ အစ္စရေးစစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒါဟာ အီရန်ကျောထောက်နောက်ခံပြု အဖွဲ့ခေါင်းဆောင်တွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ သေဆုံးခဲ့တာတွေအတွက် လက်တုံ့ပြန်တာလို့ အီရန်က ပြောပါတယ်။
အစ္စရေးရဲ့ မဟာမိတ်တွေကလည်း အီရန်ရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး အစ္စရေးကို အပြည့်အ၀ ထောက်ခံတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာတို့အပေါ် မြေပြိုထိုးစစ်တရပ်ကို ပြီးခဲ့တဲ့နေ့မှာ အစ္စရေးက စတင်လိုက်ပြီး များမကြာခင်မှာပဲ အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှု ထွက်ပေါ်လာတာပါ။ အစ္စရေးကို တိုက်ခိုက်လာတဲ့ ဒုံးကျည်အချို့ကို အမေရိကန်က ကြားဖြတ်ပစ်ချခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။
ဒီလုပ်ရပ်ကို ဆန့်ကျင်ပါမယ်။ အီရန်နဲ့ သူ့ရဲ့ မဟာမိတ်တွေရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေကို ရပ်ဖို့ တောင်းဆိုတယ်လို့ လွိုက်အော်စတင်က ဆိုပါတယ်။ လက်ဘနွန်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီနေ့တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပြီး အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားပါတယ်။
Ref;BBC
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...