အောက်တိုဘာ၂၊၂၀၂၄
Ms(VOM)
ပြည်ပအလုပ်သမားတွေရဲ့ ငွေလွဲပို့မှုအထောက် အထားတွေ မတင်ပြနိုင်တဲ့ လိုင်စင်ရအေဂျင်စီတွေကို အရေး ယူထားရာမှာ အဲဒီ့အေဂျင်စီတွေနဲ့ချိတ်ဆက်ထားတဲ့အလုပ်သမားတွေအနေနဲ့ မိမိတို့ပေးသွင်းထားတဲ့ငွေကြေးဆုံးရှုံးမှုရှိမှာနဲ့ ပြည်ပထွက်ခွာခွင့်မရမှာ စတဲ့ အခက်ခဲတွေဖြစ်မှာကို စိုးရိမ်မှုရှိနေကြကြောင်း ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင် လိုသူတွေထံမှသိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီ ၈၁ ခုကို စေ လွှတ်ခဲ့တဲ့အလုပ်သမားရဲ့မိသားစုဆီလွှဲပို့ငွေအ ထောက်အထား သတ်မှတ်ရာခိုင်နှုန်းပြည့်အောင်မပေးပို့နိုင်လို့ အလုပ်ခေါ်စာအသစ်တင်ပြခွင့် ဆိုင်းငံ့အရေး ယူထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီအေဂျင်စီတွေနဲ့ ချိတ်ဆက်ထားတဲ့အလုပ်သမားတွေပြည်ပထွက်ခွာခွင့်ရဖို့ အချိန်ကြန့် ကြာမှုနဲ့ တခြားအခက်အခဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။
” ထိုင်းဘက်ကိုသွားဖို့ အလုပ်ခေါ်စာလည်းကျပြီးထားတာသွားဖို့က အတော်နီးနေပြီကြားထဲမှာ လိုအပ်တာလေးတွေ လိုက်လုပ်နေရင်း အခုဝန်ဆောင်မှုယူထားတဲ့ အေဂျင်စီက အရေးယူခံလိုက်ရတဲ့ အထဲပါနေတော့ အဆင်ပြေပါ့မလား စိုးရိမ်တာပေါ့။အေဂျင်စီကိုမေးတော့လည်း အခု calling ခေါ်စာကျထားတဲ့သူတွေအထိဘာပြသနာမှမရှိဘူးပြောတော့ပြောနေတာပဲလို့ ” ထိုင်းနိုင်ငံကို MOUစနစ်နဲ့ သွားရောက်အလုပ်လုပ်မယ့် အလုပ်သမားတယောက် ကပြောပါတယ်။
လက်ရှိမှာလည်း ပြည်ပအလုပ်အကိုင် လိုင်စင်ရအေဂျင်စီတွေကို ပြည်ပအလုပ်သမားတွေရဲ့ လစာငွေမိသားစုထံလွဲပို့ အထောက်အထား ၃လစာကို ကိုအလုပ်သမားဝန်ကြီးဌာနက တင်ပြဖို့တောင်းထားကာ ယင်းအထောက်အထားမတင်ပြနိုင်တဲ့ အေဂျင်စီတွေကိုထပ်ပြီးအရေးယူဦးမယ်လို့သိရပါတယ်။
” အလုပ်သမားလွဲပို့ငွေအထောက်ထား သုံးလစာတောင်းတာက မူလကတော့ အေဂျင်စီက ကိုယ်စားလှယ်နဲ့တာဝန်ရှိသူကို အခုအောက်တိုဘာ၁ရက်မှာ နေပြည်တော်ကအလုပ်သမားရုံးချုပ်ကို လာတင်ပြရမယ်ပြောထားတယ်။အခုတော့ အလုပ်သမားဝန်ကြီးဌာနက ပဲ ဒီရန်ကုန်က ၈မိုင်မှာရှိတဲ့ အလုပ်သမားရုံးမှာပဲ တင်ပြဖို့ပြန်ပြောလာတာ ခရီးသွားရလာရတော့သက်သာသွားတာပေါ့။ သုံးလစာအထောက်အထား တင်ပြခိုင်းတာကတော့ အေဂျင်စီတွေ အတော်အကြပ်ရိုက်နိုင်မယ်။ တလစာတောင်းတာတောင် မတင်ပြနိုင်တဲ့အေဂျင်စီများတာဆိုတော့လေ”ဟု အလုပ်အကိုင်အေဂျင်စီတခု က တာဝန်ရှိသူကပြောပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်ပြည်ပအေဂျင်စီ၅၈၂ခုထိရှိပြီး၊ အဲဒီ့ထဲက လိုင်စင်ရ အေဂျင်စီ ၂၆ခုကိုတော့ အလုပ်သမား လွဲငွေ အထောက်အထားလုံးဝ မတင်ပြနိုင်လို့ ့စက်တင်ဘာလက ပိတ်သိမ်းခိုင်းခဲ့တာမျိုးရှိခဲ့ပါတယ်။
ပြည်ပထွက်ခွာမယ့်အလုပ်သမားတွေ အနေနဲ့ အရေးယူခံရတဲ့အေဂျင်စီတွေနဲ့ ချိတ်ဆက်မိလို့ ငွေကြေးဆုံးရှုံးမှုနဲ့ အခက်ခဲရှိလာပါက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ် (MOEAA)က မစိုးရိမ်ဖို့နဲ့ လာရောက်တိုင်ပင်ပါက ကူညီဖြေရှင်းပေးဖို့ အစီစဉ်ရှိတယ်လို့ အသိပေးမှုလည်းရှိနေပါတယ်။
” များသောအားဖြင့်ဝန်ကြီးဌာနအနေနဲ့က သူတို့ကို ပိတ်တာတော့မဟုတ်ဖူး။ ယာယီရပ်ဆိုင်းတာပေါ့။ အဲ့ဒီ့အ ပိုင်းမှာတော့ စေလွှတ်ခွင့်တွေအတွက်ကို ကျန်တဲ့အလုပ်သမားတွေကတော့ ဒီလထဲမှာ တောက်လျှောက်လွှတ်ပေးနေတယ်။ အခုစေလွှတ်ခွင့် လက်ကျန်သမားတွေကိုရပ်ထားတာတော့မရှိဘူး။ အလုပ်သမားတွေအနေနဲ့အခက်ခဲဖြစ်ရင်တော့ အသင်းဘက်ကဝင်ပြီး ကူညီမှာပေါ့။ အဲ့လိုဆိုတော့အဲ့ဒါအတွက်ကို စိတ်မပူပါနဲ့လို့ သူတို့ငွေရေးကြေး ရေးဆုံးရှုံးမှုတွေလည်းမရှိအောင် အသင်းချုပ်အနေနဲ့အကူညီပေးမှာပါ” လို့ (MOEAA) ရဲ့တာဝန်ရှိသူကပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာန အနေနဲ့ လိုင်စင်ရပြည်ပအလုပ်အကိုင်အေဂျင်စီတွေ ထံ အလုပ်သမားအထောက်အထား တောင်းရာမှာ ရုံးဖွင့်ရက် တစ်ရက်ကိုပြည်ပအလုပ်အကိုင် အေဂျင်စီ ၅၀ ခု စီ အလိုက် အေဂျင်စီတာဝန်ရှိသူက သွားရောက်တင်ပြရမှာဖြစ်သလို အထောက်အထားမတင်ပြနိုင်တဲ့အေဂျင်စီတွေကို အရေးယူမှုတွေ ထပ်ရှိနိုင်မှာကိုလည်းအလုပ်အကိုင်အေဂျင်စီတွေ ဘက်ကရော ဝန်ဆောင်မှုရယူချိတ်ဆက်ထားတဲ့ အလုပ်သမားတွေဘက်ကပါ စိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။
Photo-cj
Related posts
-
၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲနိုင်ရေး အမျိုးညီလာခံမှာ ပါဝင်ခဲ့သူ ၂၄၉ ယောက်ကို လူမှုထူးချွှန်ဆု ချီးမြှင့်
ဇန်နဝါရီ ၄ – ၂၀၂၅ GG (VOM) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန်... -
နစက လွတ်ငြိမ်းချမ်းသာမှာ ကချင်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင် လွတ်မြောက်လာ၊ နိုင်/ကျဉ်း ၆၀၀ သာပါဝင်တဲ့အပေါ် ဝေဖန်မှုရှိ
ဇန်နဝါရီ ၄ – ၂၀၂၅GG (VOM )နစကရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့အကျဥ်းသား ၆၀၀၀... -
NCA အဖွဲ့တချို့ ကတိချိုးဖောက်မှုရှိနေ၊ လာမယ့် ရွေးကောက်ပွဲ အနိုင်ရအစိုးရကို အာဏာလွှဲမယ်လို့ နစက ဥက္ကဌ ပြော
ဒီဇင်ဘာ ၄ – ၂၀၂၅KKO(VOM)လက်ရှိကျင်းပမယ့် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကိုလည်း နိုင်ငံ့တာဝန်တွေ လွှဲပေးမယ်လို့...