အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မယ့်အစီအစဉ် ရုရှားရဲ့ကန့်ကွက်မှု ဂျပန် ပယ်ချ



မော်စကို၊ အောက်တိုဘာ-၁၂-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်နဲ့ ဂျပန်စစ်တပ်တို့ ယခုလနှောင်းပိုင်းမှာ ပြုလုပ်မယ့် အကြီးစားစစ်ရေးလေ့ကျင့်မယ် အစီအစဉ်ကို ရုရှားက ကန့်ကွက်ပေမယ့် ဂျပန်က ပယ်ချလိုက်ပါတယ်။

စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး မော်စကိုရှိ ဂျပန်သံရုံးကို ရုရှားဘက်က ကန့်ကွက်ကြောင်း အသိပေးခဲ့တာဖြစ်ပြီး ဂျပန်ဘက်ကတော့ ရုရှားဟာ ဂျပန်ပိုင်နက်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေအပေါ် စိုးရိမ်ပူပန်တယ်ဆိုကာ စောဒကတက်ထားပါတယ်။

Keen Sword လို့အမည်ပေးထားတဲ့ အမေရိကန်-ဂျပန် အကြီးစားစစ်ရေးလေ့ကျင့်မှုကို ဂျပန်နိင်ငံတဝန်းမှာ အောက်တိုဘာ ၂၃ ရက်နေ နိုဝင်ဘာ ၁ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒေသတွင်းနဲ့ မသက်ဆိုင်တဲ့ အမေရိကန်အပြင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ တက်ရောက်မှုနဲ့အတူ စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်တိုးချဲ့နေတယ်လို့ ရုရှားက ပြောပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုအတွင်း ရုရှားနယ်နိမိတ်အနီးရှိ ဟော့ကိုင်းဒိုးမှာလည်း ပြုလုပ်မှာလည်း ပြုလုပ်မှာဖြစ်ပါတယ်။ ဟော့ကိုင်းဒိုးရှိ ရီဘန်ကျွန်းအနီး ဂျပန်လေပိုင်နက်ကို ရုရှားကင်းလှည့်လေယာဉ်တစင်း ဝင်ရောက်ပျံသန်းမှု ပြီးခဲ့တဲ့လမှာ ဖြစ်ပွားခဲ့တဲ့အပေါ် ဂျပန်နိုင်ငံက ကန့်ကွက်ခဲ့ပါသေးတယ်။

ဂျပန်ပိုင်နက်ဝန်းကျင်မှာ တရုတ်နဲ့ ရုရှားစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကိုလည်း စိုးရိမ်ပူပန်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် ရုရှားရဲ့ ကန့်ကွက်မှုကို လက်မခံဘူးလို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:NHK
Photo:Tasnim News

Related posts

Leave a Comment

VOM News

FREE
VIEW