ပုဂံမြို့သစ်မှာ သန်းခေါင်စာရင်းကောက်တဲ့အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

အောက်တိုဘာ ၁၄ – ၂၀၂၄ GG (VOM) မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ဒီနေ့အောက်တိုဘာလ ၁၄ ရက်နေ့မနက်ပိုင်းက သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အဖွဲ့မှာပါတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးနိုင်နိုင်ထွန်း (ခ)ဦးဆော်လီ သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးက ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်တဲ့အပြင် ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်တယ် လို့သိရပါတယ်။ ” မနက် ၁၀ နာရီကျော်လောက်မှာ အဲဒီအနော်ရထာရပ်ကွက်ထဲက စိန်ပန်းလမ်းမှာ ဖြစ်တာ။သူတို့ခြံတခြံရှေ့မှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်နေချိန် ဆိုင်ကယ်နဲ့အနီးကပ်လာပစ်သွားတာ။မျက်လုံးဖောက်ဝင်သွားတာ ။” လို့ ဒေသခံကပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပုဂံမြို့သစ်မှာ ပိတ်ဆို့စစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် ပစ်ခတ်ခဲ့သူတွေကို ဖမ်းမိခြင်းမရှိကြောင်း၊ပုဂံမြို့သစ်မှာ အုပ်ချုပ်ရေးမှူးသတ်ခံရတာ ပထမဆုံးဖြစ်တယ်လို့သိရပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်အနီးမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာ ၇ ရက်ကလည်း မကွေးတိုင်း၊…

Read More

အီရန် စစ်ဘက်နဲ့ စွမ်းအင်အဆောက်အအုံတွေကို အစ္စရေး လက်တုံ့ပြန်တိုက်ခိုက်ဖွယ်ရှိ

ဝါရှင်တန်၊ အောက်တိုဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ အီရန်စစ်ဘက်နဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်နိုင်ခြေရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ယုံကြည်နေကြောင်း အမေရိကန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။အစ္စရေးအစိုးရဟာ အောက်တိုဘာ ၁ ရက်က အီရန်ရဲ့ ဒုံးကျည်အစင်း ၂၀၀ နီးပါးနဲ့ တိုက်ခိုက်ခံရမှုအပေါ် တုံ့ပြန်မယ့် အစီအစဉ်ကို ချိန်ဆနေကြပြီ ဘယ်အချိန်မှာ တိုက်မယ်ဆိုတာ အပြီးသတ်ဆုံးဖြတ်ချက် မချရသေးပေမယ့် ဘယ်အချိန်မဆို အသင့်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။အမေရိကန်နဲ့ အရှေ့အလယ်ပိုင်း ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေကတော့ အစ္စရေးအနေနဲ့ အီရန်နျူကလီးယားနဲ့ ရေနံချက်စက်ရုံတွေကို ပစ်မှတ်မထားဖို့နဲ့ အခြေအနေတွေ ပိုဆိုးမလာဖို့ကို သံတမန်ရေးအရ ကြိုးပမ်းနေကြပါတယ်။ဒီလိုတင်းမာနေစဉ် အစ္စရေးမှာ THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကြက်ချထားမယ်လို့ အမေရိကန်က ပြောပါတယ်။ ဒီဒုံးကျည်တွေဟာ အမြင့်ကနေပျံသန်းလာတဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်စွမ်းရှိပြီး ဒါဟာ အီရန်ရဲ့ နောက်ထပ်ဒုံးကျည်တိုက်ခိုက်မှုတွေကနေ အစ္စရေးကို…

Read More

သန်းခေါင်စာရင်း ကောက်ယူမယ့်ရက် တိုးမြှင့်သွားဖို့ ရှိနေ

အောက်တိုဘာ ၁၄ – ၂၀၂၄SS (VOM)လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေအရ သန်းခေါင်စာရင်း ကောက်ယူမယ့်ရက်ကို သတ်မှတ်ရက်ထက် တိုးမြှင့်သွားဖို့ ရှိနေတယ်လို့ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီနဲ့ နီးစပ်နီးစပ်သူ တယောက်က VOM ကိုပြောပါတယ်။သန်းခေါင်စာရင်း ကောက်ယူမယ့် ရက်ကို အခု အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပေမယ့် လတ်တလော ပဋိပက္ခဖြစ်စဉ်တွေနဲ့ နယ်မြေ အခြေအနေတွေကြောင့် သတ်မှတ်ရက်ထက် ကျော်လွန်ပြီး တိုးမြှင့်ကောက်ယူဖို့ လိုအပ်ပါက သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီတွေအလိုက် ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။“လိုအပ်ရင် ရက်ထပ်တိုးသွားဖို့ ရှိနေတယ်။ လောလောဆယ် အခြေအနေအရ တချို့နေရာတွေက လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် သွားလို့လာလို့ အဆင်မပြေဘူး ဖြစ်နေတယ်။ တချို့နေရာတွေမှာကျတော့ လုံခြုံရေးပိုင်း အားနည်းတာရှိတယ်။ အဲဒါကြောင့် လိုအပ်ရင် လိုအပ်သလို ရက်ထပ်တိုးသွားဖို့…

Read More

တောင်ကိုရီးယား ဒရုန်းတွေထပ်ဝင်ရင် စစ်ကြေညာတာလို့ မြောက်ကိုရီးယား သတိပေး၊

ဆိုးလ်၊ အောက်တိုဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)လေပိုင်နက်ကို တောင်ကိုရိးယားဘက်က ဒရုန်းတွေ နောက်ထပ်ဝင်လာမယ်ဆိုရင် စစ်ကြေညာတာလို့ မြောက်ကိုရီးယားက သတိပေးလိုက်ပြီး ဒါနဲ့ပတ်သက်ပြီး တုံ့ပြန်ဖို့အဆင့်ရှိတယ်လို့ တောင်ကိုရီးယား စစ်တပ်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။တင်းမာမှုများရှိနေချိန်မှာ နယ်စပ်ရှိတပ်တွေကို မြောက်ကိုရီးယား ပစ်ခတ်မိန့်ပေးပြီးနောက် တောင်ကိုရီးယား စစ်တပ်ဘက်ကလည်း တုံ့ပြန်ဖို့ အဆင်သင့်ရှိတယ်လို့ ဆိုလာတာပါ။ နိုင်ငံတွင်းကို မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာတွေကို ဒရုန်းတွေနဲ့ ကြဲချနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။တောင်ကိုရီးယားစစ်တပ်အနေဖြင့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြိး မြောက်ကိုရီးယား၏ရန်စမှုများကို တုံ့ပြန်ရန် အဆင်သင့်ရှိသည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ဒရုန်းတွေ ပျံသန်းမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း တောင်ကိုရီးယားစစ်တပ်က အစောပိုင်းကတည်းက ငြင်းဆိုထားပါတယ်။ မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာတွေကို တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူတွေက နယ်စပ်ကနေ များသောအားဖြင့် ပေးပို့လေ့ရှိပါတယ်။ဒါပေမယ့် မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားစစ်တပ်ကို အပြစ်တင်ထားပြီး နယ်စပ်ရှိ အမြောက်တပ်တွေကို ပစ်မိန့်ပေးထားပြီး လေကြောင်းကာကွယ်ရေးစခန်းတွေမှာလည်း အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။Ref:CNAPhoto:AFP

Read More

ပစ်ခတ်ခံခဲ့ရတဲ့ လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်နဲ့ ကိုယ်ရေးအရာရှိတို့ သေဆုံးသတင်းထွက်

အောက်တိုဘာ ၁၄ – ၂၀၂၄SN (VOM)ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အုပ်ချုပ်ရေးကော်မတီဝင် ဦးကျော်သူဝင်းနဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိတို့ မနေ့ အောက်တိုဘာ ၁၃ ရက်က ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားပြီဖြစ်တယ်လို့ သတင်းထွက်နေကြောင်းအဲဒီ မြို့နယ်အတွင်း နေထိုင်သူတွေဆီက သိရပါတယ်။အဲဒီ ဖြစ်စဉ်ဟာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၁) ရပ်ကွက်၊ အောင်မင်္ဂလာကျောင်းဝင်းရဲ့ မုခ်ဦးလမ်းဘေးက သာသနာ့ဝုဃိသိမ်တော်ကြီးထဲမှာ မနေ့ မနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။“လမ်း‌လျှောက်လာတဲ့ အမျိုးသားတယောက်က အနီးကပ် ပစ်ခတ်သွားတာလို့ သိရတယ်။ အုပ်ချုပ်ရေးရုံးကနေ ပြန်လာတဲ့အချိန်မှာ ဖြစ်တာ။ ဆေးရုံရောက်တဲ့အချိန်မှာပဲ နှစ်ယောက်လုံးသေတယ်။ အဲဒီ ပစ်ခတ်မှုလည်းပြီးရော နစက လုံခြုံရေးတပ်တွေက လှိုင်သာယာ တမြို့နယ်လုံးကို ပိတ်ဆို့ပြီး စစ်ဆေးတာတွေလုပ်တယ်။ လှိုင်သာယာကိုသွားတဲ့ တံတားသုံးစင်းကိုလည်း မနက် ၁၁ နာရီကျော်တဲ့အထိ ပိတ်တယ်။ အဲဒါကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေလည်း…

Read More

လားရှိုးကနေ နမ္မတူဘက်အထွက် အီနိုင်းရွာ ဗုံးကြဲတိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးမှုရှိ

အောက်တိုဘာ ၁၄၊ ၂၀၂၄ Shy V VOM ကိုးကန့် MNDAA နဲ့ ပူးပသိါင်း တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားရာ လားရှိုးမြို့ အနီး လားရှိုး ကနေ နမ္မတူဘက် အထွက် အီနိုင်းရွာ အောက်တိုဘာလ ၁၃ ရက်နေ့ ည သန်းခေါင်ကျော် အချိန်မှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံတွဆီက သိရပါတယ်။ အမျိုးသား သုံးယောက် သေဆုံးပြီး အမျိုးသမီး တယေက် နဲ့ လေးနှစ်အရွယ် ကလေးတယောက် ထိခိုက် ဒဏ်ရာရတယ်ပြီး ဘုရားကျာင်းနဲ့ လက်ရှိ ဖွင့်နေတဲ့ မူကြိုကျောင်းရော ထိတယ်။ ဒေသခံတယောက်က ပြောပါတယ်။ “ခရစ်ယာန် ဘုရားကျောင်းထိတယ်။ ဘုရားကျာင်း ခြံဝန်းထဲက ခန်းမဆောင်ရာထိတယ်။ မူကြိုကျောင်းရာ ထိသွားတယ်။ အတောက်အဦး ထိခိုက်ပျက်စီးတာများတယ်” လို့…

Read More

ရေဘေးကြောင့် အင်းလေးဖောင်တော်ဦးဘုရား ရည်မှန်းပူဇော်ပွဲသာ ကျင်းပ

အောက်တိုဘာ ၁၄၊ ၂၀၂၄ သတင်း-ZY(VOM) ရေဘေးဖြစ်ပွားနေတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ မကျင်းပပြုလုပ်ဖြစ်တာကြောင့် ရည်မှန်းပူဇော်ပွဲသာ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မူလက အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်တွေက အောက်တိုဘာ ၃ ရက်ကစတင်ပြီး အောက်တိုဘာ ၂၀ ရက်အထိ ရှေးအစဉ်အလာအတိုင်း (၂၁)ဌာနကို ဒေသစာရီအပူဇော်ခံကြွရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် စက်တင်ဘာလ ၁၁ရက်ကနေ ၂၂ရက်အထိ အင်းလေးဒေသမှာ ရေဘေးကြုံတွေ့ခဲ့ရတာကြောင့် ပူဇော်ခံပွဲကို ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ဒေသစာရီကြွချီပွဲက မလုပ်ဖြစ်တော့ဘူး။ ဘုရားကြွတဲ့ရွာတွေက သူတို့ရွာရောက်တဲ့နေ့မှာ အမှန်တကယ် ကြွတုန်းကလိုမျိုး ပူဇော်ကြတာပဲ လုပ်ဖြစ်တယ်။ ကိုဗစ်ကာလရော၊ ဒီတနှစ် ရေကြီးလို့ရော မကြွဖြစ်တော့ ရွာတွေက ဘုရားရောက်တဲ့ရက်မှာ ရည်မှန်းပူဇော်ကြတဲ့သဘောမျိုးလုပ်ကြတာပါ”လို့ အင်းလေးဒေသခံ ကိုနေမျိုးက VOMကို ပြောပါတယ်။ အင်းလေး ဖောင်တော်ဦးရုပ်ရှင်တော်မြတ်တွေဟာ သီတင်းကျွတ်…

Read More

သီပေါကို TNLA က အလုံးစုံ ထိန်းချုပ်

အောက်တိုဘာ ၁၄၊ ၂၀၂၄Shy V (VOM)လ ချီ တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ကို အောက်တိုဘာ ၁၃ ရက်နေ့က အလုံးစုံ ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွဆီက သိရပါတယ်။“သီပေါကို အလုံးစုံ သိမ်းပိုက်နိုင်ပြီလို့ သိရတယ်။ နောက်ဆုံး နစက တပ်ကျန် တခုဖြစ်တဲ့ ခလရ – ၂၃ ကို အပြီးသတ်သိမ်းပိုက်လိုက်တာ။ လေ ကြောင်းရန်ကိုတော့ သတိထားကြဖို့ လိုတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။သီပေါမြို့ အခြေစိုက် ခလရ – ၂၃ တပ်ရင်း ဌာနချုပ်ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်ဖွဲ့ တွေက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး သီပေါမြို့ကိုပါ ထိန်းချုပ်လိုက်တာလို့ ပြောလို့ဪတယ်လို့ သုက ပြောပါတယ်။“သီပေါမြို့ အလုံးစုံ ကျပြီ။ မနေ့ကတည်းက…

Read More

ထိုင်ဝမ်ကျွန်းပတ်လည်မှာ တရုတ်စစ်တပ် အကြီးစားစစ်ရေးလေ့ကျင့်နေ

တိုင်ပေ၊ အောက်တိုဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းကို ပတ်လည်မှာ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့ စစ်ရေးလေ့ကျင့်နေပြီး ခွဲထွက်ရေးကြိုးပမ်းနေတဲ့ ထိုင်ဝမ်ကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာလို့ တရုတ်စစ်တပ်က ထုတ်ပြန်ပါတယ်။ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံကတော့ ပြည်မကြီးနဲ့ပြန်ပေါင်းဖို့ စစ်အင်အားသုံးနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး ဒါဟာနှစ်နှစ်အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ လေးကြိမ်မြောက် အကြီးစားစစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို တွန်းလှန်သွားမယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ကျင်းတီရဲ့ ထိုင်ဝမ်အမျိုးသားနေ့ မိန့်ခွန်းအပေါ် တုန့်ပြန်မှုတွေမလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က တရုတ်ကိုတိုက်တွန်းပြီးနောက် ရက်ပိုင်းအကြာမှာ တရုတ်စစ်တပ်ရဲ့ အကြီးစားစစ်ရေးလေ့ကျင်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါဟာ ရန်စတဲ့လုပ်ရပ်လို့ ထိုင်ဝမ်က ပြောဆိုထားပြီး တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်ဖို့ အစီအမံတွေ လု်ပဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ Joint Sword-2024B လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကို စမ်းသပ်တာလို့ တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။မေလမှာ သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့ လိုင်ကျင်းတီဟာ ယခင်ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ထက်…

Read More

ဧရာဝတီတိုင်းက ပျူဂဝံမြို့ဟောင်းကို ခရီးသွားဝင်ရောက်မှုတွေနည်းပါးလာ

အောက်တိုဘာ ၁၄ – ၂၀၂၄ KKO(VOM) ဧရာဝတီတိုင်းဒေသကြီး၊အင်္ဂပူမြို့နယ်အတွင်းမှာရှိတဲ့ တိမ်မြုပ်နေသော ရှေးဟောင်းကြပ်ပြင် ပျူဂဝံမြို့ဟောင်း ဒေသကို ခရီးသွားနေရာဒေသအသစ်အဖြစ်ဖော်ဆောင်နေပေမယ့်လည်း လက်ရှိမှာ နိုင်ငံရေးနဲ့ နယ်မြေ ဒေသအခြေအနေတွေကြောင့် ပျူဂဝံမြို့ဟောင်းဒေသသို့ခရီး သွားဧည့်သည် ဝင်ရောက်မှုတွေဟာနည်းပါးလာနေတယ်လို့ ပျူဂဝံမြို့ဟောင်းထိန်းသိမ်းစောင့်ရှောက်ရေးဆရာတော်ထံကနေ သိရပါပါတယ်။ “အခုကတော့ဘုန်းဘုန်းတို့ ဒီပျူဂဝံမြို့ဟောင်းဒေသကို ခရီးသွားတွေလာရောက်လည်ပတ်လေ့လာမှုတွေနည်းသွားပါတယ်။ပြောရရင် ဒီဘက်ဒေသက ရခိုင်ရိုးမဘက်တွေနဲ့တဆက်တည်းဖြစ်နေတယ်။တောကလည်းနက်တယ်။အဲဒီတော့ခရီးသွားတွေကနယ်မြေဒေသအခြေအနေတွေကိုကြည့်ပြီးမလာကြတော့ဘူးပေါ့။ကြောက်လန့်တာလည်းပါမှာပေါ့၊ ဟိုးယခင်အစိုးရတွေလက်ထက်တုန်းကတော့ဘုန်းဘုန်းတို့ဒီပျူဂဝံမြို့ဟောင်းဒေသကိုခရီးသွားနေရာဒေသအသစ်အဖြစ်ဖော်ဆောင်ဖို့ ပြည်တွင်းမှာရှိတဲ့ ခရီးသွားကုမ္ပဏီ ၄ဝ လောက်နဲ့ ညှိနှိုင်းဆွေးနွေးထားတာတွေတော့ရှိပါတယ်။ဒါလည်းအခုတော့ဘုန်းဘုန်းတို့ ခေတ္တခဏရပ်ထားပါတယ်။ အခုနောက်ပိုင်းကျခရီးသွားတွေကသိပ်မလာကြတော့ဘူးလေ၊ပြန်ပွင့်လင်းတဲ့ကာလရောက်လာရင်တော့ဘုန်းဘုန်းတို့ကဒီမြို့ဟောင်းကိုခရီးသွားဒေသနေရာအသစ် အဖြစ်ဖော်ဆောင်သွားဖို့တော့ဆန္ဒရှိပါတယ်။ လက်ရှိကတော့ဘုန်းဘုန်းတို့ပဲပျူဂဝံမြို့ဟောင်းဒေသကိုထိန်းသိမ်းစောင့်ရှောက်ထားပါတယ်”လို့ ပျူဂဝံမြို့ဟောင်း ဆရာတော်က VOM ကို မိန့်ကြားပေးခဲ့ပါတယ်။ ပျူဂဝံမြို့ဟောင်းဒေသဟာ ဧရာဝတီတိုင်းဒေသကြီး၊အင်္ဂပူမြို့နယ်၊ကွင်းကောက်မြို့အနီးမှာတည်ရှိပြီး သမိုင်းတန်ဖိုးအရကြီးမားတဲ့ ပျူခေတ်လက်ရာတွေ ပျူခေတ်သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တယ်လို့ ပျူဂဝံမြို့ဟောင်းထိန်းသိမ်းစောင့်ရှောက်ရေးဆရာတော်ကမိန့်ပါတယ်။ “ပျူဂဝံမြို့ဟောင်းမှာဆိုရင်လေ့လာလည်ပတ်စရာနေရာတွေက ဆန္ဒပြည့်စေတီရှိမယ်။နတ်ရေတွင်းရှိမယ်၊ရှေးဟောင်းဂူကြီးတွေရယ်၊ဘုရားခြေတော်ရာလို့ယူဆရတဲ့ကျောက်ဖြစ်ရုပ်ကြွင်းပေါ့လေ၊ဘယ်ဘက်ခြေတော်ရာကဒီမှာရှိတယ်။နောက်ဘုန်းဘုန်းတို့တောင်ပေါ်ကျောင်းကနေ(၄)မိုင်ခွဲလောက်သွားရတဲ့နေရာမှာ ယခင်ကျောက်ခေတ်လူသားတွေနေထိုင်ခဲ့တယ်လို့ယူဆရတဲ့ အမှတ်အသားအချို့ရှိတယ်။ကျောက်တုံးတွေမှာ “ဝ”တွေကိုကွင်းပြီးပုံဖော်ထားတဲ့ ရှေးခေတ်လက်ရာတွေရှိတယ်။ဘုန်းဘုန်းတို့ကတော့ “ဝ”ကိုးလုံးလို့ခေါ်တယ်။နောက်မြို့ဟောင်းထဲမှာဆိုရင်နှစ်ကျိတ်ရှစ်ဆူဂူဘုရားတွေရှိမယ်။မြို့ရိုးဟောင်းကြီးတွေရှိပါမယ်။အခုဆိုဘုန်းဘုန်းတို့တောင်ပေါ်ကျောင်းအထိကားလမ်းလည်းပေါက်ပါပြီ”လို့ ပျူဂဝံမြို့ဟောင်းဆရာတော် ဆက်လက် မိန့်ကြားပေးခဲ့ပါတယ်။ ရှေးဟောင်းသုတေသနဆိုင်ရာ မြန်မာနိုင်ငံသားသမိုင်းပညာရှင်တယောက်ဖြစ်တဲ့ ဆရာဘုန်းတင့်ကျော်ကတော့…

Read More
VOM News

FREE
VIEW