အောက်တိုဘာ ၁၄၊ ၂၀၂၄
သတင်း-ZY(VOM)
ရေဘေးဖြစ်ပွားနေတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲ မကျင်းပပြုလုပ်ဖြစ်တာကြောင့် ရည်မှန်းပူဇော်ပွဲသာ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မူလက အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်တွေက အောက်တိုဘာ ၃ ရက်ကစတင်ပြီး အောက်တိုဘာ ၂၀ ရက်အထိ ရှေးအစဉ်အလာအတိုင်း (၂၁)ဌာနကို ဒေသစာရီအပူဇော်ခံကြွရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် စက်တင်ဘာလ ၁၁ရက်ကနေ ၂၂ရက်အထိ အင်းလေးဒေသမှာ ရေဘေးကြုံတွေ့ခဲ့ရတာကြောင့် ပူဇော်ခံပွဲကို ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဒေသစာရီကြွချီပွဲက မလုပ်ဖြစ်တော့ဘူး။ ဘုရားကြွတဲ့ရွာတွေက သူတို့ရွာရောက်တဲ့နေ့မှာ အမှန်တကယ် ကြွတုန်းကလိုမျိုး ပူဇော်ကြတာပဲ လုပ်ဖြစ်တယ်။ ကိုဗစ်ကာလရော၊ ဒီတနှစ် ရေကြီးလို့ရော မကြွဖြစ်တော့ ရွာတွေက ဘုရားရောက်တဲ့ရက်မှာ ရည်မှန်းပူဇော်ကြတဲ့သဘောမျိုးလုပ်ကြတာပါ”လို့ အင်းလေးဒေသခံ ကိုနေမျိုးက VOMကို ပြောပါတယ်။
အင်းလေး ဖောင်တော်ဦးရုပ်ရှင်တော်မြတ်တွေဟာ သီတင်းကျွတ် လဆန်း (၁) ရက်၊ အောက်တိုဘာ (၃)ရက်နေ့ နံနက် (၄)နာရီက ဖောင်တော်ဦးကျောင်းတော်မှာ ဒေသစာရီအပူဇော်ခံကြွချီခြင်း မင်္ဂလာအခမ်းအနားဖွင့်လှစ်ပြီးနောက် နံနက်(၇)နာရီမှာ အင်းတိန်ကြေးပေါခုံ ကျောင်းကို ကြွရောက်ပြီး ညကျိန်းအနေနဲ့ အပူဇော်ခံတော်မူဖို့ စီစဉ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အင်းလေးဒေသမှာ ရေကြီးရေနစ်မြှုပ်မှု ဆိုးဆိုးရွားရွာကြုံတွေ့ခဲ့ရပြီး ရွာပေါင်း ၁၇၁ရွာ ရေနစ်မြှုပ်မှု ကြုံတွေ့ခဲ့တဲ့အပြင် လက်ရှိအချိန်ထိလည်း ရေပြန်မကျသေးတာကြောင့် ကူညီထောက်ပံ့မှုများစွာ လိုအပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-မခင်စိုးဝင်း
ပုံအညွှန်း-အောက်တိုဘာလ ၁၂ရက်က မိုင်းသောက်ကျေးရွာမှာ ပြုလုပ်တဲ့ ဖောင်တော်ဦးဘုရား ရည်မှန်းပူဇော်ပွဲ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...