တောင်ကိုရီးယား ဒရုန်းတွေထပ်ဝင်ရင် စစ်ကြေညာတာလို့ မြောက်ကိုရီးယား သတိပေး၊



ဆိုးလ်၊ အောက်တိုဘာ-၁၄-၂၀၂၄
မျိုးဆက်(VOM)

လေပိုင်နက်ကို တောင်ကိုရိးယားဘက်က ဒရုန်းတွေ နောက်ထပ်ဝင်လာမယ်ဆိုရင် စစ်ကြေညာတာလို့ မြောက်ကိုရီးယားက သတိပေးလိုက်ပြီး ဒါနဲ့ပတ်သက်ပြီး တုံ့ပြန်ဖို့အဆင့်ရှိတယ်လို့ တောင်ကိုရီးယား စစ်တပ်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

တင်းမာမှုများရှိနေချိန်မှာ နယ်စပ်ရှိတပ်တွေကို မြောက်ကိုရီးယား ပစ်ခတ်မိန့်ပေးပြီးနောက် တောင်ကိုရီးယား စစ်တပ်ဘက်ကလည်း တုံ့ပြန်ဖို့ အဆင်သင့်ရှိတယ်လို့ ဆိုလာတာပါ။ နိုင်ငံတွင်းကို မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာတွေကို ဒရုန်းတွေနဲ့ ကြဲချနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။

တောင်ကိုရီးယားစစ်တပ်အနေဖြင့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြိး မြောက်ကိုရီးယား၏ရန်စမှုများကို တုံ့ပြန်ရန် အဆင်သင့်ရှိသည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဒရုန်းတွေ ပျံသန်းမှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း တောင်ကိုရီးယားစစ်တပ်က အစောပိုင်းကတည်းက ငြင်းဆိုထားပါတယ်။ မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာတွေကို တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူတွေက နယ်စပ်ကနေ များသောအားဖြင့် ပေးပို့လေ့ရှိပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားစစ်တပ်ကို အပြစ်တင်ထားပြီး နယ်စပ်ရှိ အမြောက်တပ်တွေကို ပစ်မိန့်ပေးထားပြီး လေကြောင်းကာကွယ်ရေးစခန်းတွေမှာလည်း အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref:CNA
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW